Monday, May 12, 2025

ခမရ ၅၉၈ မှာ လက်နက်တွေသိမ်းပြီးနောက် တော်လှန်ရေးတပ်တွေ ပြန်ခွာ... ဒီပဲယင်...


ခမရ ၅၉၈ မှာ လက်နက်တွေသိမ်းပြီးနောက် တော်လှန်ရေးတပ်တွေ ပြန်ခွာ... ဒီပဲယင်း စာသင်ကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ၂၀ ကျော်သေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၃ မေ ၂၀၂၅

တော်လှန်ရေးတပ်ပေါင်းစုက မေလ ၈ ရက်မှာသိမ်းပိုက်လိုက်တဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေတောက်ရွာက ခမရ ၅၉၈ တပ်ရင်းကို စစ်ကောင်စီတပ်တွေက တန်ပြန် ထိုးစစ်ဆင်လာတဲ့အတွက် သိမ်းမိလက်နက်တွေကို ယူပြီး တော်လှန်ရေးတပ်တွေ ပြန်ခွာလိုက်တယ်လို့ KIC Karen Information Center က ဖော်ပြပါတယ်။

KNLA တပ်မဟာ ၃ တပ်ဖွဲ့ဝင်တွေ၊ PDF တပ်တွေ၊ ဒေသခံ မဟာမိတ်တွေက ဒီစခန်းကိုသိမ်းပိုက်စဉ်မှာ စစ်သား ၃၀ ကျော် အလောင်းတွေ့ရှိ အချို့ကို လကဖမ်းမိတယ်၊ တပ်ရင်းမှူးနဲ့ အဖွဲ့က ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ၈၁ မမ မော်တာ အပါအဝင် လက်နက်မျိုးစုံ ၈၀ ကျော်သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေရပါတယ်။

မေ ၁၀ ရက်မှာတော့ စစ်ကောင်စီဘက်က လေယာဉ်တွေ သုံးပြီး မြေပြင်ထိုးစစ် အပြင်းအထန် လုပ်လာတဲ့အတွက် လိုအပ်တာတွေသိမ်းပြီး အထိခိုက်မခံဘဲ ၁၀ ရက် ညပိုင်းမှာ ပြန်ခွာလိုက်တယ်လို့ KNLA တာဝန်ရှိသူတဦးတဦးကပြောပါတယ်။

ဒါ့အပြင်...

- KNLA တပ်မဟာ ၇ ဒေသ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ တာလယ် ဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်ပြီး ကရင်ဒေသခံအချို့ ထိုင်းနိုင်ငံ မယ့်လထရွာဘက် ထပ်မံထွက်ပြေးနေ...

- ငသိုင်းချောင်း- ဂွ လမ်းပေါ်ရှိ အမတ ၃၄၄ ကို အာရက္ခတပ်တော် (AA) နဲ့  PDF ပူးပေါင်းတပ်တွေက မေ ၁၁ ရက်မှာ စတင် တိုက်ခိုက်နေ...

- ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေနဲ့ ဆရာမတွေအပါအဝင် ၂၂ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ...

- မူးမြို့နယ် အခြေစိုက် ခမရ ၄၃၉  က စစ်သားသစ်တဦး MA 11  သေနတ် ၁ လက်နဲ့အတူ မေ ၅ ရက်မှာ KNLA တပ်ရင်း ၈ ထံ အလင်းဝင်လာ...

- ဒေါနတောင်ပေါ်မှာ သောင်တင်နေတဲ့ အောင်ဇေယျ စစ်ကြောင်းက စစ်သားတွေ တော်လှန်ရေးတပ်တွေထံ ဆက်တိုက် အလင်းဝင်နေပြီး အရာရှိတယောက် အပါအဝင် ၃၀ ကျော်နေပြီလို့ ဗျူဟာ ၃၁ က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More