Sunday, May 4, 2025

ကျောက်ဖြူ ရဲတပ်ရင်းအနီး တိုက်ပွဲပြင်းထန်... မြန်မာလူထုဆန္ဒကို တရုတ်နားမလ...


ကျောက်ဖြူ ရဲတပ်ရင်းအနီး တိုက်ပွဲပြင်းထန်... မြန်မာလူထုဆန္ဒကို တရုတ်နားမလည်သေးဟု TNLA ပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၅ မေ ၂၀၂၅

တရုတ် စီမံကိန်းတွေ ရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ လုံခြုံရေးမှာ အဓိက အရေးပါတဲ့ အမှတ် ၃၂ တိုက်ခိုက်ရေး ရဲတပ်ရင်းကို AA (အာရက္ခတပ်တော်) က ဝိုင်းမိထားပြီဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ကျောက်ဖြူနဲ့ ရဲတပ်ရင်းကြားမှာ ကာကင်းစခန်းအသစ်တွေ ထပ် ဆောက်နေတယ်လို့ နိရဉ္စရာက ဖော်ပြပါတယ်။

အမှတ် ၃၂ တိုက်ခိုက်ရေး ရဲတပ်ရင်းသာ ကျသွားရင် AA တပ်တွေ ဝင်လာပြီး  ကျောက်ဖြူရှိ စစ်တပ် စခန်းတွေကို ချက်ချင်း လာတိုက်နိုင်တယ်၊ အမ်းမြို့တိုက်ပွဲလိုမျိုး ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ခံရနိုင်တာကြောင့် အခုလို ပြင်ဆင်တာဖြစ်တယ်လို့ စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကားဖော်ပြပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ် အမ်းမြို့နဲ့ နပခ သိမ်းတိုက်ပွဲမှာ စလင်း (ပကဖ) လည်း ပါဝင်ပြီး ရဲဘော် ၈ ဦး ကျဆုံးခဲ့ရတယ်၊ အခု အိမ်အပြန်လမ်းမှာ ပြည်သူတွေက နွေးထွေးစွာ ကြိုဆိုကြတယ်လို့ စလင်း (ပကဖ) က ဗီဒီယို သတင်းထုတ်ပြန်...

- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ဒေသ  နောင်ချိုနဲ့ မိုးကုတ် မြို့နယ်ကို မေ ၃ ရက်မှာ စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် ဒေသခံ သေဆုံး ဒဏ်ရာရ...

- မြန်မာလူထုဆန္ဒကို တရုတ်အစိုးရ နားမလည်ဖြစ်နေဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ က ပြောဆို...

- မတ္တရာမြို့နယ် အခြေစိုက် ခမရ ၇၀၃ က စစ်သား ၂ ဦး သေနတ် ၂ လက်နဲ့ အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံ ခိုလှုံလာ...

- မင်းဘူး အခြေစိုက် ခမရ ၄၁၇ က စစ်သားသစ် ၃ ဦးဟာလည်း သေနတ် ၃ လက်နဲ့ အတူ မေ ၄ ရက်မှာ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းထံ ခိုလှုံုလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More