Friday, May 23, 2025

ဘလယ်ဒိုစခန်း KNLA သိမ်းပိုက်... သရက်ချိုစေတီကုန်းကို TNLA ပြန်သိမ်းဖို့ပ...


ဘလယ်ဒိုစခန်း KNLA သိမ်းပိုက်... သရက်ချိုစေတီကုန်းကို TNLA ပြန်သိမ်းဖို့ပြင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၃ မေ ၂၀၂၅

ထိုင်း-မြန်မာ နယ်စပ် အနီးရှိ ကော့ကရိတ် မြို့နယ်၊ KNLA တပ်မဟာ ၆ ဒေသက စစ်ကောင်စီရဲ့ ဘလယ်ဒို စခန်းကို မေ ၂၃ ညနေ ၅ နာရီမှာ သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

လက်နက်များစွာ သိမ်းမိတဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။ ဒီစစ်ဆင်ရေးကို KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်မဟာ ၆ က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြပါတယ်။

ဒါ့အပြင်...

- သာပေါင်းမြို့က ခမရ ၃၀၈ အနီးအထိ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတောင်တွေ နီးကပ်လာတဲ့အတွက် စစ်ကောင်စီဘက်က ကာကင်းခစန်းတွေ တိုးချဲ့ ပြင်ဆင်နေ...

- အပစ်အခတ် ရပ်ထားစဉ် ကာလမှာ စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူတွေ၊ အဆိပ်ငွေ့ ဗုံးတွေနဲ့ တိုက်ခိုက်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် နောင်ချိုမြို့နယ်ထဲရှိ သရက်ချို စေတီကုန်းကနေ TNLA တပ်တွေ ယာယီ နောက်ဆုတ်ပေးလိုက်ရ...

- ကလေးမြို့ကနေ ချင်းပြည်နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တွေ မေ ၂၁ ကနေ အခု ၂၃ ညနေအထိ တိုက်ပွဲ ဆက်တိုက် ဖြစ်နေ...

- စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ လူယုံတဦးဖြစ်သူ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ရုတ်တရက် ကွယ်လွန်တဲ့ သတင်း မေ ၂၃ ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြ...

- ထားဝယ် အခြေစိုက် ခမရ ၄၀၁ က တပ်သားတဦး သေနတ်တလက်နဲ့ အတူ မေ ၁၁ မှာ လောင်းလုံး မြို့နယ် “ပကဖ” ထံ ခိုလှုံလာ...

- နတ်တလင်းမြို့နယ်က စစ်သားသစ် ၂ ဦး MA 1 သေနတ် နှစ်လက်နဲ့အတူ သာယာဝတီခရိုင် တပ်ရင်း ၁ ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More