Sunday, May 18, 2025

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်... ဖားကန့်ဖက်မှာ တိုက်ပွဲပြင်း...


တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်... ဖားကန့်ဖက်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၉ မေ ၂၀၂၅

ပဲခူးတိုင်း တောင်ငူ ကေတုမတီ လေတပ် စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ မေ ၁၈ ရက် မနက် ၂ နာရီခန့်မှာ တိုက်ခိုက်တယ်လို့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒုံး ၁၁ လုံးထဲက ၈ လုံး ပစ်မှတ်ကို ထိမှန်ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။ 

ဒါ့အပြင်...

- ပခုက္ကူမြို့  စက်မှုဇုန် ၆ လမ်းရှိ စစ်ကောင်စီနဲ့ ပျူစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ များ...

- ဖားကန့်မြို့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ဦးဆောင်တဲ့ ပူးပေါင်းတပ်က ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများ...

- မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေထဲက မိသားစုဝင် ၂၂၅ ဦးကို အာရက္ခတပ်တော် (AA) က မေ ၁၆ ရက်မှာ ပြန်လွှတ်ပေး...

- ဟားခါးက စစ်သား ၂ ဦးနဲ့ ရဲတဦး လက်နက်တွေနဲ့ အတူ  Chinland Defense Force - Hakha ထံ ခိုလှုံလာ...

- ရေဖြူမြို့နယ် ကံပေါက် အခြေစိုက် ခလရ ၂၇၃ က တပ်သားတဦး၊ မြိတ် အခြေစိုက် ခမရ ၁၀၁ က တပ်သားတဦးတို့ဟာ MA-1 သေနတ် တလက်၊ ခဲယမ်းတွေနဲ့ အတူ Launglone Peninsula Force - L P F ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More