Sunday, May 25, 2025

“အထွေထွေထိုးစစ် မကြာခင် ဖြစ်လာနိုင်တယ်လို့ မှန်းဆပါတယ်”


“အထွေထွေထိုးစစ် မကြာခင် ဖြစ်လာနိုင်တယ်လို့ မှန်းဆပါတယ်”

- လင်းထက်‌အောင် (CDM - ဗိုလ်ကြီး)

(၂၅ မေ ၂၀၂၅)

“ပြောက်ကြားစစ်ကိုကျော်လာပြီဖြစ်တဲ့အတွက် စခန်းတွေသိမ်းပြီးရင် ပြန်ခွာလို့ မရတော့ဘူး။ စခန်းသိမ်းတိုက်ပွဲတွေကနေတဆင့် အထွေထွေထိုးစစ်အထိ ဖြစ်လာမယ်လို့ မှန်းဆပါတယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေအခြေအနေ၊ မေလကုန်မှာ ပြီးဆုံးတော့မယ့် အပစ်ရပ်ကြေညာချက်တွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဗန်းမော်မှာ ငှက်ကင် ၂ ကောင် ပစ်ချခံရခြင်းက စစ်တပ်ကို ဘယ်လောက် ထိခိုက်စေသလဲ...

- ဒရုန်းနဲ့ ရဟတ်ယာဉ်ကို တိုက်ခိုက်နိုင်တာဟာ နည်းပညာအရ တိုးတက်လာမှုလား...

- စစ်တပ်နဲ့ ပျုစောထီးအကြား ဆက်ဆံရေးတွေ ပိုဆိုးလာတော့မလား...

- ဗိုလ်ချုပ်ဟောင်းတွေရဲ့ လုံခြုံရေးအတွက် လက်ရှိဗိုလ်ချုပ်တွေက ဘာများ ဆောင်ရွက်ပေးနေသလဲ...

- KNU ရဲ့ ဒီတကြိမ်ထိုးစစ်ဟာ အရင်လို သိမ်းပြီးပြန်ခွာ မဟုတ်တော့ပဲ မြို့သိမ်းတိုက်ပွဲအထိ ချီတက်လာနိုင်သလား...

- လက်ရှိအခြေအနေဟာ အထွေထွေထိုးစစ် စတင်သင့်တဲ့အချိန် ဖြစ်ပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More