Thursday, February 13, 2025

ကလေးမြို့နယ်က ကမ်းပါးနီစခန်း PDF သိမ်းပိုက်... ရေစကြိုတိုက်ပွဲ စစ်ကောင်စ...


ကလေးမြို့နယ်က ကမ်းပါးနီစခန်းကို PDF သိမ်းပိုက်... ရေစကြိုတိုက်ပွဲမှာ စစ်ကောင်စီအထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၄ ဖေော်ဝါရီ ၂၀၂၅

မကွေးတိုင်း ပခန်းမြို့ကနေ ရေစကြို့မြို့ဘက် ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ ၂၀ ကျော် သေပြီး လက်နက် ၅ လက် သိမ်းမိတယ်လို့ Southern YSO PDF (ရေစကြိုတောင် ပိုင်း ပီဒီအက်ဖ်) က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၁ မနက် ၈ နာရီခန့်မှာ ခြေလျင်တပ်ရင်း သုံးရင်း (ခလရ ၂၅၆၊ ၂၅၇ နဲ့ ၂၅၈) က စစ်သားတွေ ပါဝင်တဲ့ အဲဒီစစ်ကြောင်း ပခန်းမြို့မြောက်ဘက် လမ်းပေါ် ရောက်လာစဉ် အနီးကပ် တိုက်ခိုက်တာလို့ ဆိုပါတယ်။

၄၅ မိနစ် တိုက်ပွဲဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ စစ်သား ၂၀ ကျော် သေဆုံး၊ ကျန်စစ်သားတွေ ထွက်ပြေး၊ MA 1 သေနတ် ၄ လက်နက်နဲ့ MA 3 တလက် အပါအဝင် ခဲယမ်းများစွာ သိမ်းမိ၊ လက်နက်ချဖို့ပြင်တဲ့ စစ်သားတွေကို စစ်သားအချင်းချင်း ပြန်ပစ်လို့ သေတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို Southern YSO PDF က ဦးဆောင်ပြီး Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင် ပီဒီအက်ဖ်၊ ဒေါင်းစစ်သည် ပီဒီအက်ဖ်၊ ပြည်သူ့အားမာန် ပီဒီအက်ဖ် နဲ့ King Cobra တပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ကလေးမြို့နယ် တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ ကားလမ်းပေါ်ရှိ ကမ်းပါးနီ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး စစ်သား ၃၀ ကျော်သေဆုံး၊ လက်နက် ၂၀ ကျော်သိမ်းမိ...

- မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ FAW ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်သားတွေ  ထိခိုက် သေဆုံးမှုရှိ...

- မုံရွာမြို့ အနီးဝန်းကျင်ရှိ စစ်ရှောင် စခန်းနဲ့ ကျေးရွာတွေကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၀ ဦးကျော် သေဆုံး...

- AA (အာရက္ခတပ်တော်) ထိန်းချုပ်ထားတဲ့ ဂွ မြို့နယ် ကျိန္တလီမြို့ကို စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် ကလေးငယ်တဦး အပါအဝင် ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ...

- ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ရွာကိုလည်း  စစ်လေယာဉ်က ဗုံးကြဲတာကြောင့် စာသင်ကျောင်းဆောင် ပျက်စီးပြီး ...  ဒီမောဆိုမြိုနယ်မှာလည်း  ဗုံးဒဏ်ကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More