Wednesday, February 5, 2025

“ကမ္ဘောဒီးယား၊ လာအိုတို့နဲ့စာရင် မလေးရှားက ပိုလုပ်နိုင်မှာ သေချာတယ်”


“ကမ္ဘောဒီးယား၊ လာအိုတို့နဲ့စာရင် မလေးရှားက ပိုလုပ်နိုင်မှာ သေချာတယ်”

- ဦးအောင်သူငြိမ်း (ISP - Myanmar)

(၆- ၂- ၂၀၂၅)

“ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူတဲ့အချိန်နဲ့စာရင် ၂၀၂၅ မှာ ဥက္ကဌဖြစ်လာတဲ့ မလေးရှားလက်ထက်မှာ မြန်မာ့အရေးကို တစုံတရာပိုလုပ်နိုင်မှာသေချာတယ်” လို့ မူဝါဒဆိုင်ရာ မဟာဗျုဟာလေ့လာရေးအဖွဲ့ -ISP- Myanmar က ဦးအောင်သူငြိမ်းက ပြောပါတယ်။

ဒီနေ့- ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ အာဆီယံအလှည်ကျဥက္ကဌရဲ့ အထူးကိုယ်စားလှယ် နေပြည်တော်ကိုသွားမယ့်ခရီးစဉ်အပေါ် ဘာများမျှော်လင့်နိုင်မလဲ၊ အရင် ကိုယ်စားလှယ်တွေထက် ဘာတွေပိုလုပ်နိုင်မယ်ထင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- အာဆီယံ အထူးကိုယ်စားလှယ်အသစ်ရဲ့ခရီးစဉ်အပေါ် ဘာများမျှော်လင့်နိုင်မလဲ...

- အထူးကိုယ်စားလှယ်က ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာလဲ...

- ထိုင်းဝန်ကြီးချုပ်ဟောင်း သာဆင်ကို အာဆီယံအကြံပေးခန့်အပ်ခြင်းက ဘာတွေ ထူးခြားလာနိုင်သလဲ...

- ကျားဖျန့် နှိမ်နှင်းရေးဟာ အာဆီယံရဲ့ တာဝန်တခုဖြစ်လာနိုင်သလား...

- အာဆီယံအပါဝင် အိမ်နီးချင်းနိုင်ငံတွေက မြန်မာ့အရေးကို ဘယ်လိုများ ဝိုင်းကူပေးနိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More