Wednesday, February 19, 2025

ဗန်းမော် ခလရ ၂၃၆ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်... TNLA ရဲ့ နောင်ချို...


ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်... TNLA ရဲ့ နောင်ချိုကို စစ်ကောင်စီ ဗုံးထပ်ကြဲ... နောက်ဆုံးရ တိုက်ပွဲ သတင်းများ ...

၂၀ ဖေဖော်ဝါရီ ၂၀၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၂၁) ဘေးရှိ ခလရ ၂၃၆ တပ်ရင်းဌာနချုပ်ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီလို့ The 74 Media က ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်၊ မနက်ပိုင်းမှာ ထိုးစစ် အရှိန်မြှင့်ပြီးနောက် အခုလို သိမ်းလိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူအပြင် ဒရုန်းတွေပါ သုံးနေတဲ့အတွက် နှစ်ဘက် ထိခိုက်မှုများနေပြီး စကခ ၂၁ ကို မကြာခင် သိမ်းနိုင်ဖို့ မျှော်လင့်တယ်လို့ တိုက်ပွဲဝင် ရဲဘော်တဦးက ပြောပါတယ်။

စကခ ၂၁ ရဲ့ ကာကင်းစခန်းတွေလို့ ပြောနိုင်တဲ့ ခလရ ၂၃၆၊ အမတ ၃၆၆၊ အမှတ် ၆၀၀၇ သံချပ်ကာတပ်ရင်း၊ အမှတ် ၅၀၀၄ တင့်ကားတပ်ရင်း၊ လေယာဉ်ကွင်းနဲ့ စရဖ ရုံးကို သိမ်းထားပြီးဖြစ်တဲ့အတွက် စကခ ၂၁ ပင်မ ခြံဝင်းတခုနဲ့ မြို့ပြင်က ခလရ ၄၇ ပဲ သိမ်းဖို့ ကျန်ပါတယ်။

ဒါ့အပြင်...

- တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုအရ PSLF/TNLA ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ မှာ ကူမင်းမြို့ရှိ ဟိုင်ဂင် ဟော်တယ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးညှိနှိုင်းဖို့ ခက်ခဲလာတဲ့အတွက် ၁၇ ရက် ညနေပိုင်းမှာ တွေ့ဆုံပွဲ ရပ်ဆိုင်း...

- အခု နောက်ဆုံး ဝင်လာတဲ့ သတင်းတွေအရ ဆွေးနွေးပွဲ အဆင်မပြေဘူး ပြောနေစဉ် ဖေဖော်ဝါရီ ၁၉၊ ည ၈ နာရီကျော်မှာ စစ်ကောင်စီ လေယာဉ်တွေက နောင်ချိုမြို့ ပြည်သူ့ဆေးရုံနဲ့ ရဲစခန်းကို ဗုံးကြဲ...

- တောင်သာမြို့နယ်၊ ထနောင်းကုန်း ပျူစောထီးရွာကို (PLA) အနောက်မြောက် စစ်ဒေသက ဝင်တိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး သေနတ် ၃ လက် သိမ်းမိ...

- ရေးမြို့နယ်၊ ကွန်ဒူး ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို ရေးဘီလူး အဖွဲ့က ဝင်တိုက်ရာမှာ စစ်တပ်ဘက်က ထိခိုက်မှုရှိ...

- PDF တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၂၇ အခြေခံ စစ်ပညာနှင့် လက်နက် ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More