မုံရွာ တာဝါတိုင်ကုန်း PDF သိမ်းပိုက်... သာပေါင်းက စစ်တပ်စခန်း AA တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၈ ဖေဖော်ဝါရီ ၂၀၂၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်တပ်နဲ့ ရဲ အခိုင်အမာ ထိုင်ထားတဲ့ MRTV အသံလွှင့် တာဝါတိုင်ကုန်းကို တော်လှန်ရေးတပ်တွေကသိမ်းပိုက်လိုက်ပြီး စစ်သား ၁၁ ဦးသေ၊ လက်နက်တွေ သိမ်းမိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၆၊ မနက်ပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ပြီး စစ်တပ်ဘက်က Mi-35 ရဟတ်ယာဉ်၊ Paramotor လေထီးတပ်နဲ့ အမြောက်တပ် ၅၀၈ ကနေ လက်နက်ကြီးပစ်ကူပေးတဲ့အတွက် တိုက်ပွဲပြင်းထန်တယ်လို့ ဆိုပါတယ်။
ဒီလို လေကြောင်း တိုက်ခိုက်မှုကြားမှာ စခန်းကို သိမ်းလိုက်တာဖြစ်ပြီး စစ်သားနဲ့ရဲ ၁၁ ဦး သေဆုံး၊ M-79 လောင်ချာ ၂ လက် အပါအဝင် လက်နက်မျိုးစုံ ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့ ဖော်ပြပါတယ်။
ဒီစစ်ဆင်ရေးကို မုံရွာခရိုင် ကွပ်ကဲရေးအဖွဲ့က ဦးစီးပြီး ခရိုင် ဒရုန်းတပ်ဖွဲ့၊ လက်နက်ကြီးတပ်ဖွဲ့၊ ခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ ဒရုန်းတပ်ဖွဲ့ ၊ မုံရွာခရိုင် ပကဖ၊ အရာတော် ပကဖ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ဆရာအတတ်သင်ကျောင်း လမ်းပေါ်ရှိ စစ်ကောင်စီ စစ်ရေးဂိတ်ကို ပြည်ခရိုင် PPDF တပ်ရင်း ၃၆၀၁ က ဝင်တိုက်ရာမှာ စစ်သား ၄ ဦး သေဆုံး...
- ကျောက်တံခါးနဲ့ ဖြူးမြို့နယ် ရန်ကုန်- မန္တလေး လမ်းဟောင်းပေါ်က စစ်တပ်စခန်း ၇ ခုကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ဝင်တိုက်ရာမှာ စစ်သား ၈ ဦး သေပြီး ၂ ဦး ဒဏ်ရာရ...
- သာပေါင်းမြို့နယ်၊ ကင်ပွန်းချဉ်တောင် အနီးရှိ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ် ဆင်နေပြီး တိုက်ပွဲပြင်းထန်နေ...
- ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကဇိနဲ့ ဥတ္တူ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ရင်ဆိုင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က သေဆုံးမှုများကာ လက်နက် ၄ လက် သိမ်းမိ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment