Sunday, February 23, 2025

အမ်း-ပဒါန်းလမ်းမှာ စစ်ကောင်စီကို CDF တိုက်ခိုက်... တောင်ခမ်းဖက်မှာ TNLA ...


အမ်း-ပဒါန်းလမ်းမှာ စစ်ကောင်စီကို CDF တိုက်ခိုက်... တောင်ခမ်းဖက်မှာ TNLA နဲ့ စစ်ကောင်စီ တိုက်ပွဲပြန်ဖြစ်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၄ ဖေဖော်ဝါရီ ၂၀၂၅

ရခိုင်-မကွေး အစပ်ဒေသ ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၇ ဦးသေ၊ လက်နက် ၄ လက် သိမ်းမိတယ်လို့ CDF-Asho က သတင်းထုတ်ပြန်ပါတယ်။

ဖေဖေါ်ဝါရီ ၂၂၊ နေ့လယ် တနာရီခွဲခန့်မှာ လက်နက်တွေ သယ်ပြီး ပြန်ဆုတ်လာတဲ့  ကား ၄ စီးနဲ့ အင်အား ၁၀၀ ခန့်ပါ ယာဉ်တန်းကို ပျဉ်းဝ စစ်ဆေးရေးဂိတ် အနီး အရောက်၊ နတ်ရေကန်လမ်းဟောင်းမှာ တိုက်ခိုက်တာလို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်သား ၇ ဦး အလောင်းကျန်၊ ဒဏ်ရာရသူများ၊ ကားတစီး မီးလောင်၊ M-79 လောင်ချာအပါအဝင် လက်နက် ၄ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် အထက်မင်းလှ PDF အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ Asho-CDF, ပြည်သူ့လွတ်လပ်ရေးတပ်တော်-PIA နဲ့ အထက်မင်းလှ PDF ပူးပေါင်းတပ်ကလည်း အမ်း-ပဒါန်း လမ်းပေါ်ကနေ ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၁၉ ညပိုင်းမှာ တိုက်ခိုက်ပြီး လက်နက် ၆ လက် ရရှိတယ်လို့ ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်...

- မင်းကင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၄ ဦးသေပြီး တဦးကို လက်ရဖမ်းမိ...

- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေရဲ့ ကူမင်းဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ပြီးတဲ့နောက် နောင်ချို တောင်ခမ်းဘက်မှာ တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်လာနေ...

- မြဝတီဘက် တက်ဖို့ ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးထက် မနည်းသေဆုံး၊ သေနတ် တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More