စစ်တွေမြို့အနီးအထိ AA တိုက်ခိုက်... အင်းလေးဒေသမှာ IPDF တိုက်ပွဲဖေါ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၃ ဖေော်ဝါရီ ၂၀၂၅
ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေမြို့အဝင် အမြင့်ကျွန်းမှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်ကလည်း ပြန်ပစ်တဲ့အတွက် နှစ်ဘက် တိုက်ပွဲဖြစ်တယ်လို့ Western News က ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၁၊ ည ၉ နာရီခန့်မှာ အပြန်အလှန် ပစ်ခတ်ကြတာဖြစ်ပြီး မြို့ထဲကနေ အသံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့ အနီးဝန်းကျင်က စခန်းတွေဖြစ်တဲ့ ပါဒလိတ်နဲ့ ရေချမ်းပြင် စခန်းကို တိုက်ခိုက်ပြီးနောက် အခု မြို့အဝင်နားအထိ AA က တိုက်ခိုက်လာပြီလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက် ပျဉ်း၀ စစ်ဆေးရေးဂိတ် အနီးရှိ ဘုရားတောင် စစ်ကောင်စီ စခန်းကို CDF-Asho က ဝင်တိုက်ရာမှာ စစ်တပ်ဘက် အနည်းငယ်သာ ခုခံပြီး စခန်းစွန့်ခွာ ထွက်ပြေးသွား...
- ပေါက်မြို့နယ်၊ ကုက္ကိုစု ရွာကနေ ထွက်လာတဲ့ စစ်သား၊ ရဲ နဲ့ ပျူစောထီး အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၆ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရ...
- ညောင်ရွှေမြို့နယ်၊ ရန်ကင်း ကျေးရွာနဲ့ ထီရီး ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပအိုဝ်း ပြည်သူစစ် (PNO) အင်အား ၁၅၀ ပါ စစ်ကြောင်းကို IPDF က ကြားဖြတ် တိုက်ခိုက်ရာမှာ ၄ ဦး သေပြီး ၅ ဦး ဒဏ်ရာရ...
- ညောင်ခြေထောက် အခြေစိုက် ခမရ ၅၉၈ က အင်အား ၄၀ ခန့်ပါ စစ်ကြောင်းတခု လှေဆိပ်မှာ ရိက္ခာလာသယ်ချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ ၂ ဦး သေ၊ ၄ ဦး ဒဏ်ရာရ...
- ထိုင်း-မြန်မာ နယ်စပ် ကျားဖြန့်လုပ်ငန်းထဲ ပိတ်မိနေတဲ့ နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ထိုင်းဘက် လွှဲပေး...
- ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း - ကျောက်ကြီး လမ်းပေါ်ရှိ စစ်ကောင်စီ စခန်းက စစ်သားသစ် ၂ ဦး MA 3 သေနတ် တလက်နဲ့ အတူ ပဲခူးခရိုင်၊ အမှတ် ၂ တပ်ရင်းထံ အလင်းဝင်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment