Wednesday, February 26, 2025

သုံ့ပန်း ၂၃ ဦးနဲ့ လက်နက် ၂၀ CDF-Asho သိမ်းမိ... ကျောက်တံခါးမြို့နယ်က စစ...


သုံ့ပန်း ၂၃ ဦးနဲ့ လက်နက် ၂၀ CDF-Asho သိမ်းမိ...  ကျောက်တံခါးမြို့နယ်က စစ်ဆေးရေးဂိတ် PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၇ ဖေဖော်ဝါရီ ၂၀၂၅

အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကို မခံနိုင်လို့ နတ်ရေကန် စခန်းကနေ ထွက်ပြေးလာတဲ့ စစ်သားတွေထဲက ၂၃ ဦးကို လက်ရဖမ်းမိပြီး လက်နက် ၂၀ သိမ်းမိတယ်လို့ CDF-Asho က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ကနေ ၂၆ အထိ နယ်မြေရှင်းလင်းစဉ် ငဖဲမြိုနယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းကနေ ထွက်ပြေးလာတဲ့စစ်သားတွေကို အဲဒီစခန်းနဲ့ တမိုင်ဝန်းကျင် ပတ်လည်မှာ ဖမ်းမိတာလို့ ဆိုပါတယ်။

ပစ္စတိုနဲ့ စက်လတ် အပါအဝင် သေနတ်မျိုးစုံ ၂၀ နဲ့ ဖမ်းမိထားတဲ့ သုံ့ပန်း ၂၃ ဦးကို ဓာတ်ပုံမှတ်တမ်းနဲ့ အတူ ထုတ်ပြန်ထားပြီး နောက်ထပ် ထွက်ပြေးလာမယ့် စစ်သားတွေ အားလုံး အမြန် လက်နက်ချဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင်...

- ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီး ရွာကနေ ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီး ၉ ဦးကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ ပျူစောထီး ၂ ဦးသေ၊ စစ်သား ၂ ဦး ဒဏ်ရာရ...

- ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်း ဂိတ်စခန်း ၅ ခုကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ဝင်တိုက်ရာမှာ စစ်သား ၃ ဦးသေ၊ ခဲယမ်းအချို့ သိမ်းမိ...

- ရေးမြို့နယ်ရှိ ခမရ ၃၄၃ ရဲ့ အာယုတောင် စခန်းကို တော်လှန်ရေး တပ်တွေက ဝင် တိုက်ရာမှာ စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွား...

- “ဖက်ဆစ် စစ်တပ် အဆုံးသတ် ချေမှုန်းနိုင်ရေးအတွက် တပ်သားသစ်တွေ ခေါ်ယူနေတယ်” လို့ မိုးကုတ်ဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းက ဖိတ်ခေါ်စာထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More