Tuesday, February 11, 2025

ဗန်းမော်တိုက်ပွဲမှာ သုံ့ပန်း ၄၀ ခန့် KIA ဖမ်းမိ... BGF ခေါင်းဆောင် ၃ ဦးက...


ဗန်းမော်တိုက်ပွဲမှာ သုံ့ပန်း ၄၀ ခန့် KIA ဖမ်းမိ... BGF ခေါင်းဆောင် ၃ ဦးကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းက ပြင်ဆင်...နောက်ဆုံးရ တိုက်ပွဲသတင်းများ …

၁၂ ဖေဖော်ဝါရီ ၂၀၂၅

ကချင်ပြည်နယ်၊ ဗန်းမော် မြို့သိမ်းတိုက်ပွဲမှာ  စစ်သား ၄၀ ခန့်ကို လက်နက်တွေနဲ့ အတူ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက ဖမ်းမိထားတယ်လို့ KNG (Kachin News Group) က ဖော်ပြပါတယ်။

လက်နက်ချတာရော၊ တိုက်ပွဲမှာ ဖမ်းမိတာပါ  ပါဝင်ပြီး အသေးစိတ်ကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။ 

KIA နဲ့ ပူးပေါင်းတပ်က ဖေဖေါ်ဝါရီ ၈ မှာ အမှတ် ၅၀၁၄ တင့်ကား တပ်ရင်းကို သိမ်းပိုက်ပြီးတဲ့နောက် အခုလို ဖမ်းမိတဲ့သတင်း ထွက်ပေါ်လာတာပါ။ အချို့သတင်းတွေအရတော့ အမှတ် ၅၀၁၄ တင့်ကား တပ်ရင်းက စစ်သားတွေဟာ စခန်းကို စွန့်ခွာပြီး ဘေးနားမှာရှိတဲ့ စကခ ၂၁ ထဲ ဝင်ရောက် ပူးသွားကြတာလို့ သိရပါတယ်။

၂ လ ကျော်လာပြီဖြစ်တဲ့ ဗန်းမော်တိုက်ပွဲမှာ  သံချပ်ကာ တပ်ရင်း ၆၀၀၇ ၊ အမြောက်တပ် ၃၆၆၊ လေယာဉ်ကွင်း၊ စရဖ ရုံးနဲ့ တင့်ကားတပ် ၅၀၁၄ တို့ကို သိမ်းပြီးတဲ့နောက် အခု အဓိကနေရာ စကခ ၂၁ ကို KIA က အလေးထား တိုက်နေတာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- စစ်ကောင်စီ တပ်သားတွေဟာ လေ့ကျင့်မှုအားနည်း၊ တိုက်ခိုက်စွမ်းရည် ကျဆင်းတဲ့အပြင် တိုက်ချင်ခိုက်ချင်စိတ်လည်း မရှိတော့တဲ့အတွက် အခုလို စစ်ရှုံးနေရတာဖြစ်တယ်လို့ AA (အာရက္ခတပ်တော်) ထံမှာ လက်နက်ချလိုက်တဲ့ တပ်မ ၉၉ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ပြောဆို...

- မြဝတီဒေသ အခြေစိုက်၊ ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် ကရင်နယ်ခြားစောင့်တပ် (BGF) ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးကို ထိုင်းဘက်က ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေ...

- စစ်မှုမထမ်း မနေရ အမိန့်ကြောင့် ဖမ်းဆီးခံရပြီး တပ်ထဲ ရောက်သွားတဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝ ဗျူဟာက စစ်သားသစ် ၂ ဦး MA 1 သေနတ် တလက်နဲ့အတူ ပဲခူးခရိုင်၊ အမှတ် ၂ တပ်ရင်းထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More