Saturday, February 15, 2025

“EROs တွေနဲ့ NUG ရဲ့ PDF တွေ ဟန်ချက်ညီညီ စစ်ရှိန်မြှင့်မယ်ဆိုရင်တော့ တတိ...


“EROs တွေနဲ့ NUG ရဲ့ PDF တွေ ဟန်ချက်ညီညီ စစ်ရှိန်မြှင့်မယ်ဆိုရင်တော့ တတိယလှိုင်း ဖြစ်လာနိုင်ပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပအဖ)

(၁၅- ၂- ၂၀၂၅)

“၁၀၂၇ တတိယလှိုင်း ထပ် လာပါတော့မလားဆိုပြီး ထိုင်စောင့်နေလို့မရဘူး။ EROs တွေနဲ့ NUG ရဲ့ PDF တွေ ဟန်ချက်ညီညီ စစ်ရှိန်မြှင့်နိုင်မှ တတိယလှိုင်း ပေါ်လာမှာဖြစ်တယ်” လို့ မင်းတပ်မြို့နယ် ပအဖ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်ကပြောပါတယ်။

မင်းတပ်မြို့ ပြည်လည်တည်ဆောက်ရေး အခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေးက တတိယလှိုင်း လာနိုင်ခြေရှိသေးရဲ့လား၊ နွေဦးတော်လှန်ရေး ၄ နှစ်တာအတွင်း ဘယ်လောက် ခရီးရောက်နေပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မင်းတပ်မြို့မှာ ဒေသခံတွေပြန်လည်နေရာချထားရေးအခြေ - ရေ-မီး-ဖုန်းလိုင်းတွရနေပြီလား...

- ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကနေ လက်နက်ကိုင်တော်လှန်ဆီ အစောဆုံးကူးပြောင်းခဲ့တဲ့ မင်းတပ်ရဲ့ အတွေ့အကြုံ...

- လွန်ခဲ့တဲ့ ၄ နှစ်က မျှော်မှန်ခဲ့ဖူးတာနဲ့ အခု ၄ နှစ်ကြာပြီးချိန် လက်ထဲ ရရှိထားမှု အခြေအနေပေါ် လူငယ်တွေက ကျေနပ်အားရသလား...

- စစ်အာဏာသိမ်းပြီးမှပေါ်လာတဲ့ CDF လူငယ်တွေက ၄ နှစ်မပြည့်ခင် မြို့သိမ်းနိုင်အောင် ဘယ်လိုအဆင့်ဆင့်ကြိုးပန်းခဲ့သလဲ...

- စစ်အာဏာသိမ်းပြီးမှပေါ်လာတာခြင်းအတူတူ CDF လူငယ်တွေက မြို့သိမ်းနိုင်ပြီး PDF လူငယ်တွေက မြို့မသိမ်းနိုင်သေးတာ ဘာကြောင့်လဲ...

- တရုတ်ရဲ့ဖိအားပေးမှုကြောင့် ဆွေးနွေးပွဲတွေလုပ်နေကြပြီဆိုတော့ ၁၀၂၇ တတိယ လှိုင်းဆိုတာ ဖြစ်လာနိုင်ခြေရှိသေးရဲ့လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NUG နဲ့ PDF တွေက ၂၀၂၅ မှာ တကယ်မြို့သိမ်းနိုင်မလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More