Monday, February 10, 2025

ဗန်းမော်က တင့်ကားတပ်ရင်း KIA သိမ်းပိုက်... တပ်မ ၉၉ ဗျုဟာမှုးကို AA က လက်...


ဗန်းမော်က တင့်ကားတပ်ရင်း KIA သိမ်းပိုက်... တပ်မ ၉၉ ဗျုဟာမှုးကို AA က လက်ရဖမ်းမိ...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၁ ဖေဖော်ဝါရီ ၂၀၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ဦးဆောင်တဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဆိုရှယ်မီဒီယာမှာ ဗီဒီယို မှတ်တမ်းတွေ ပြန့်နေပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲနေတဲ့ကြားက ဖေဖော်ဝါရီ ၈ မှာ သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး KIA ပြောခွင့်ရကို ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းပြန်ချက် မရသေးပါဘူး။

စကခ ၂၁ အနီးရှိ အမှတ် ၃၆၆ အမြောက်တပ် ရင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သိမ်းပိုက်ပါတယ်။ ဒီ့မတိုင်ခင်က အမှတ် ၇၀၀၆ သံချပ်ကာ တပ်ရင်း၊ လေယာဉ်ကွင်းနဲ့ စရဖ ရုံးတို့ကို သိမ်းပြီးဖြစ်ပါတယ်။

ဒါ့အပြင်...

- ရခိုင်- မကွေး အစပ်ရှိ ကံမြင့်ကန်နဲ့ ဂုတ်စည်းရိုး တိုက်ပွဲမှာ တပ်မ ၉၉ ယာယီ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော် သက်ကို AA (အာရက္ခတပ်တော်) က လက်ရဖမ်းမိ...

- မိုးကုတ်မြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၅ ဦးသေဆုံးပြီး ‌၁၉ ဦး ဒဏ်ရာရ...

- မင်းတပ် မြို့မှာ အိုးအိမ်စွန့်ခွာသွားရတဲ့ မြို့ခံတွေကို ဖေဖော်ဝါရီ ၁၁ က စပြီး ပြန်လည် နေရာချထားပေးမယ်၊ မြို့ထဲ ပြန်ဝင်ခွင့်ပြုမယ်လို့ မင်းတပ် ပအဖ က အသိပေး...

- စစ်မှုထမ်း ဥပဒေအရ အတင်းအကျပ် စစ်သားစုဆောင်းခံရသူ စစ်သားသစ် ၄ ဦးဟာ လက်နက် ၃ လက်နဲ့ အတူ CNA (ချင်းအမျိုးသားတပ်မတော်) ထံ အလင်းဝင်လာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More