Friday, February 14, 2025

ငါးသိုင်းချောင်း အမြောက်တပ်ကို AA တိုက်ခိုက်... ထိုင်း-ကရင်နီအစပ် စစ်ကော...


ငါးသိုင်းချောင်း အမြောက်တပ်ကို AA တိုက်ခိုက်... ထိုင်း-ကရင်နီအစပ် စစ်ကောင်စီစခန်း KA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၅ ဖေဖော်ဝါရီ ၂၀၂၅

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ် အခြေစိုက် အမြောက်တပ်ကို AA- အာရက္ခတပ်တော်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ Western News က ဖော်ပြပါတယ်။

ငါးသိုင်းချောင်းနဲ့ ၄ မိုင်အကွာ၊ မြောက်စမ်းရွာမှာရှိတဲ့ အမတ ၃၄၄ ကို တိုက်ခိုက်နေရာမှာ ဖေဖော်ဝါရီ ၁၄ မှာ တိုက်ပွဲပြင်းထန်နေပြီး  စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူ သုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက မကျီးဇင်နဲ့ ဘောမိ ဒေသကို သိမ်းပိုက်ပြီးတဲ့နောက် အခု ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်း မြို့နယ်ဘက်ကို စစ်ဦးလှည့်လာပြီလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ကလေးမြို့နယ် တောင်ပိုင်းရှိ မဏိပူရ မြစ်ကူး တံတားဂိတ် (ကမ်းပါးနီဂိတ်) ကို တော်လှန်ရေး တပ်ပေါင်းစုက သိမ်းလိုက်ရာမှာ စစ်သားနဲ့ ပျူစောထီး အများအပြား သေဆုံးပြီး လက်နက်များစွာ သိမ်းဆည်းရမိတယ်လို့ Chinland Defense Force - Kalay Kabaw Gangaw (CDF-KKG) က သတင်းထုတ်ပြန်...

- အရာတော် မြို့နယ် အခြေစိုက် အမြောက်တပ် (အမတ ၃၆၉) ကို Snipe Rangers Force က လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ စစ်တပ်ဘက်က ထိခိုက်မှုရှိ...

- ချောက်မြို့ကနေ စလေ-တောင်သာ လမ်းခွဲဘက် ထွက်လာတဲ့ အင်အား ၄၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို Chauk Revolution Army (CRA) က ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၄ ဦး သေပြီး ၇ ဦး ဒဏ်ရာရ...

- ထိုင်း-ကရင်နီ နယ်စပ်မှာ နောက်ဆုံး ကျန်နေတဲ့ စစ်ကောင်စီ စစ်ဆင်ရေး ခြေကုပ်စခန်း ပွိုင့် ၅၄၁၆ (တာင်ကတုံး) စခန်းကို ကရင်နီပြည် တပ်မတော် (KA) က သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More