“အကူညီအချို့ဖြတ်ပေမယ့် စစ်ကောင်စီအပေါ် ဆက်အရေးယူမယ်ဆိုတဲ့ မူဝါဒကတော့ မပြောင်းဘူး”
- ဦးကျော်ဇော် (သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်- NUG)
(၁၀- ၂- ၂၀၂၅)
“သမ္မတ ထရမ့်တက်လာချိန်မှာ မဲဆွယ်စဉ်က ပြောထားတဲ့အတိုင်း အကူအညီအချို့ဖြတ်တောက်တာမျိုးရှိပေမယ့် စစ်ကောင်စီအပေါ် ဆက်ပြီးအရေးယူဒဏ်ခတ်မယ်ဆိုတဲ့ အဓိကမူဝါဒကတော့ အပြောင်းအလဲမရှိဘူး” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်က ပြောပါတယ်။
အမေရိကန်အစိုးရသစ်က မြန်မာအပါဝင် ဆင်းရဲတဲ့နိုင်ငံတွေကိုပေးနေတဲ့ အကူအညီတွေ ဖြတ်တောက်လိုက်တဲ့အတွက် နွေဦးတော်လှန်ရေးလှုပ်ရှားမှုကို ထိခိုက်စေသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- အမေရိကန်ရဲ့ အကူအညီဖြတ်တောက်မှုတွေက နွေဦးတော်လှန်ရေးကို ထိခိုက်မှုရှိလာနိုင်သလား...
- Burma Act အရပေးတဲ့အကူအညီတွေကော ပုံမှန်အတိုင်း ဆက်ရနေမှားလား... ဖြတ်တောက်ခံရမှာလား...
- နိုင်င်ငံတော် အရေးပေါ် အက်ဥပဒေ’ (National Emergencies Act – NEA) ကို သက်တန်းတနှစ်ထပ်တိုးခြင်းရဲ့ အဓိပယ်က ဘာလဲ...
- အမေရိကန်လွှတ်တော်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ ဆွေးနွေမှုက ဘယ်လိုထိရောက်မှုရှိသလဲ...
- အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီးစဉ်၊ ဘန်ကောက်မှာ NUG, EROs ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုက ဘာတွေထူးသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ပြည်ပရောက် NUG ဝန်ကြီးတွေ စစ်ကိုင်းတိုင်းမှာ ရုံးပြန်ထိုင်မယ်ဆိုတဲ့အကြောင်း ပြောကြားချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်။
ဒါ့အပြင် တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ EROs နဲ့ NUG က ဘယ်လိုပြည်ထောင်စုပုံစံကို မျှော်မှန်းထားကြသလဲ... ဥပဒေပညာရှင် ဦးအောင်ထူးနဲ့မေးမြန်းချက်ကိုလည်း မနက်ဖန် ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment