“အပစ်ရပ်ရေးတောင်းဆိုတာကို စစ်ကောင်စီက လက်မခံရင် TNLA က ဆက်တိုက်ဖို့ပဲ ရှိတာပေါ့”
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၂၁-၂-၂၀၂၅)
“ဆွေးနွေးပွဲမှာ အပစ်ရပ်ရေးတောင်းဆိုတာကို စစ်ကောင်စီဘက်က လက်မခံဘူးဆိုရင် TNLA (တအာင်းအမျိုုးသားလွတ်မြောက်ရေးတပ်မတော်) က ရွေးစရာမရှိ စစ်ဆက်တိုက်ရုံပဲရှိတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်ပေးမှုအရ PSLF/ TNLA ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ၂ ရက်တာဆွေးနွေးပေမယ့် ရလာဒ်မထွက်ပဲ ပြီးဆုံးသွားတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ကူမင်းဆွေးနွေးပွဲ ဘာကြောင့် မအောင်မြင်တာလဲ...
- TNLA က ဘာတွေ ဆက်လုပ်နိုင်ခြေရှိသလဲ...
- ညီနောင်သုံးဖော်ထဲက AA နဲ့ ဆွေးနွေးရေးဆိုတာကော ဆက်ဖြစ်လာနိုင်သေးလား...
- NUG ရဲ့ အညာဒေသ စစ်ရှိန်မြင့်ရေး စီမံကိန်းက ဘယ်အချိန်လောက်မှာ ဖြစ်ပေါ်လာနိုင်သလဲ...
- KIA နဲ့ အညာက PDF ပေါင်းစပ်ဆောင်ရွက်ရေး အလာအလား ဘယ်လိုရှိသလဲ...
- ထိုင်းနယ်စပ်က ကျားဖြန့်ပြသာနာကို တရုတ်နယ်စပ်က ကျားဖြန့်ပြသာနာလို တော်လှန်ရေးအတွက် အသုံးမချနိုင်တာ ဘာကြောင့်လဲ...
- AA ရဲ့ တိုင်းဒေသကြီး ၃ ခုဆီ ထိုးစစ်ဆင်မှုက ၂၀၂၅ ရဲ့ အဓိက အရွေ့ ဖြစ်လာနိုင်သလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment