Thursday, February 6, 2025

စစ်တွေမြို့ အစပ်နေရာတွေကို AA က တိုက်ခိုက်... ကျားဖြန့်လုပ်ငန်း နှိမ်နှင...


စစ်တွေမြို့ အစပ်နေရာတွေကို AA က တိုက်ခိုက်... ကျားဖြန့်လုပ်ငန်း နှိမ်နှင်းမယ်လို့ BGF ကြေညာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ... 

၇ ဖေဖော်ဝါရီ ၂၀၂၅

ရခိုင်ပြည်နယ်မှာ သိမ်းဖို့ ကျန်နေတဲ့ မြို့ ၃ မြို့ထဲက စစ်တွေမြို့ အဝင်ရှိ စစ်တပ်စခန်း၊ စစ်ဆေးရေးဂိတ်တွေနဲ့ စစ်သင်္ဘောတွေကို AA (အာရက္ခတပ်တော်) စတင်တိုက်ခိုက်နေပြီလို့ Western News က ဖော်ပြပါတယ်။

စစ်တွေမြို့အဝင်က တပ်စခန်းတွေ၊ စစ်တွေ- ရန်ကုန် ကားလမ်းပေါ်က ပါဒလိတ်၊ အမြင့်ကျွန်း၊ ရွှေမင်းဂံ စတဲ့ နေရာတွေကို AA က စနိုက်ပါနဲ့ထောက်ပြီး ပစ်ခတ်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကုလားတန် မြစ်ဝရှိ စစ်ကောင်စီ ရေတပ်သင်္ဘောတွေကိုလည်း လက်နက်ကြီးနဲ့ လှမ်းထောက်ပြီး AA က စစ်တွေထဲကို တဖြည်းဖြည်း တိုးဝင်နေတဲ့ သဘောဖြစ်တယ်လို့ စစ်ဖက်သတင်းရပ်ကွက်တွေကို ကိုကားဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကလည်း စစ်တွေမြို့အထိုင်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်နေပြီး အချို့ကျည်တွေဟာ လူနေရပ်ကွက်တွေပေါ် ပြုတ်ကျတဲ့အတွက် အရပ်သား နေအိမ် မီးလောင်မှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ သပြေတောင် ဘုရားကုန်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကားသမားတဦး ပြင်းထန်စွာဒဏ်ရာရ...

- မိုးဗြဲမြို့မှာ ဖေဖော်ဝါရီ ၅ ရက်က တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ သုံးတဲ့အတွက် အရပ်သားနေအိမ်တွေ မီးလောင် ပျက်စီး...

- အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမထဲက ချောင်းဂေါင်း အုပ်စုဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၆ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ...

- ရွှေကုက္ကိုမြို့သစ်ကို ထိုင်းဘက်ကနေ လျှပ်စစ်မီးတွေ ဖြတ်တောက်ပြီးနောက် ... ရာဇဝတ်မှုခင်း နှိမ်နင်းရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF က အမိန့်စာ ထုတ်...

- သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဘက် ထိခိုက် သေဆုံးမှုများ...

- ဘောလခဲ အခြေစိုက် ခမရ ၄၂၉ က စစ်မှုထမ်း တပ်သားသစ်တဦး MA-11 တလက်နဲ့ အတူ KNDF (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) အမှတ် ၉ တပ်ရင်းထံ ဘက်ပြောင်းခုံလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More