“အဓိက ပဋိပက္ခတွေကို တိုက်ပွဲနဲ့ ဖြေရှင်းနေချိန်မှာ အဓိကမဟုတ်တဲ့ ပဋိပက္ခတွေကို အရင် ဆွေးနွေးအဖြေရှာထားဖို့ လိုတယ်”
- ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ - ဥပဒေ အထောက်ပြုအဖွဲ့ တည်ထောင်သူ)
(၁၂- ၂- ၂၀၂၅)
“စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြားက အဓိက ပဋိပက္ခတွေကို တိုက်ပွဲဝင်ပြီးဖြေရှင်းနေချိန်မှာ အဓိကမဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေကြားက မိတ်ဖက် ပဋိပက္ခတွေကို အရင် ဆွေးနွေးအဖြေရှာထားဖို့ လိုပါတယ်၊ အဲဒီလို လုပ်ထားနိုင်မှ စစ်အာဏာရှင်ပြုတ်ကျတာနဲ့ အနာဂတ်ပြည်ထောင်စုကို တခါတည်း တည်ဆောက်နိုင်မှာဖြစ်တယ်” လို့ ဥပဒေပညာရှင် ဦးအောင်ထူးက ပြောပါတယ်။
နွေဦးတော်လှန်ရေးအလွန်မှာ ဖြစ်ပေါ်လာမယ့် အနာဂတ်ပြည်ထောင်စုက ဘယ်လိုပုံစံမျိုးဖြစ်နိုင်သလဲ၊ လူမျိုးကိုအခြေမခံပဲ နယ်မြေကိုအခြေခံတဲ့ ပြည်နယ်တွေ ဖွဲ့စည်းနိုင်ခြေရှိသလား၊ နွေဦးတော်လှန်ရေးက အောင်ပွဲနဲ့ဘယ်လောက်နီးစပ်လာပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- လူမျိုးစုပေါင်း ၁၀၀ ကျော်ရှိတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ လူမျိုးကိုအခြေခံပြီး ပြည်နယ်ဖွဲ့မယ့်အစား နယ်မြေကိုအခြေခံပြီး ပြည်နယ်ဖွဲ့ရင် ပိုအလုပ်ဖြစ်နိုင်သလား...
- အနာဂတ်ပြည်ထောင်စုကို ဘယ်လိုဖွဲ့စည်းသင့်သလဲ...ဆိုတာကို အခုကတည်းက ကျယ်ကျယ်လောင်လောင် ဆွေးနွေးသင့်သလား... စစ်ကောင်စီ ပြုတ်ကျပြီးမှ ဆွေးနွေးသင့်သလား...
- အဓိက ပဋိပက္ခတွေကို တိုက်ပွဲနဲ့ ဖြေရှင်းနေချိန်မှာ အဓိကမဟုတ်တဲ့ ပဋိပက္ခတွေကို အရင် ဆွေးနွေးအဖြေရှာထားဖို့ လိုပါတယ်... ဆိုတာ ဘာကို ဆိုလိုတာလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment