မယ်ပရေးခီး စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၁၉ ဦးကို KNLA ဖမ်းဆီး... သံတောင်ကြီး - တောင်ငူ ကားလမ်းပေါ်က စစ်ယာဉ်တန်းကို KNLA တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၉ ဖေဖော်ဝါရီ ၂၀၂၅
ဘီးလင်းမြို့နယ်၊ မဲလလီ(မယ်ပရေးခီး) စခန်းသိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ၁၉ ဦးကို လက်နက်တွေနဲ့အတူ KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) က ဖမ်းဆီးမိတယ်လို့ KIC (Karen Information Center) က ဖော်ပြပါတယ်။
ဖေဖေါ်ဝါရီ ၈ က လမ်းပိုင်းတနေရာရှိ ရေအိုင် အနီးမှာ ပုန်းခိုနေစဉ် တော်လှန်ရေးတပ်တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက် ဖမ်းမိတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ အတူ လက်နက်ငယ် ၁၈ သိမ်းမိတယ်လို့ ဒူးသထူး ခရိုင် ဥက္ကဋ္ဌ ပဒို စိုးမြင့်က ပြောပါတယ်။
မဲပလီ ဗျူဟာ စခန်းကို ဖေဖော်ဝါရီ ၁ မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က ၃၀ နီးပါး သေဆုံး၊ ၂၉ ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။ အဲဒီစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား နောက်ထပ် ၁၉ ဦးကို အခု ဖမ်းမိတာဖြစ်ပါတယ်။
ဒါ့အပြင်...
- ဘီးလင်းမြို့နယ်၊ ထီးဆီဘောကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့တွက် ဘုန်းကြီးကျောင်းနဲ့ ဓမ္မရုံ ထိခိုက်ပျက်စီး...
- သံတောင်ကြီး အခြေစိုက် ဘုရင့်နောင် စခန်းကနေ တောင်ငူဘက် ဆင်းလာတဲ့ ကား ၁၀ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၆ ဦးသေ၊ ၆ ဦး ဒဏ်ရာရပြီး စစ်ကားတစီးကို ဖျက်ဆီးနိုင်ခဲ့...
- မုံရွာမြို့နယ်၊ စွမ်းရည်ထက် ဂိတ်ကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ ၈ ဦး သေပြီး ဒဏ်ရာရသူများ...
- ခမရ ၅၁၀ က တပ်သားသစ် တဦး MA-1 သေနတ် တလက်နဲ့ အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ - နေပြည်တော်) က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment