Friday, February 7, 2025

ကပစ ၂၁ ယာဉ်တန်းကို PDF တိုက်ခိုက်... ဆော့လော် မြို့နယ်ကို စစ်လေယာဉ် ဗုံ...


ကပစ ၂၁ ယာဉ်တန်းကို PDF တိုက်ခိုက်...  ဆော့လော် မြို့နယ်ကို စစ်လေယာဉ် ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၈ ဖေဖော်ဝါရီ ၂၀၂၅

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) ၂၁ ကနေ စစ်ပစ္စည်းတွေသယ်ပြီးထွက်လာတဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၁၁ ဦး သေဆုံးပြီး စစ်ကား ၂ စီးမီးလောင်တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဖေဖေါ်ဝါရီ ၇၊ မနက်ပိုင်းမှာ အဲဒီယာဉ်တန်း ဆိပ်ဖြူ-ကန်ဇွန်းမ ကားလမ်းပေါ် ရောက်လာစဉ် တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်း ၁၉၊ ရေနံ့သာကော်လံ (Yenanthar Columm)၊ (မကွေးတိုင်း ပ.က.ဖ ရွေ့လျားစစ်ကြောင်း) တို့ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ထိန်းချုပ်ထားတဲ့ ဆော့လော် မြို့နယ်၊ လန်ဆယ် ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရ...

- AA (အာရက္ခတပ်တော်) ထိန်းချုပ်မှုအောက်ရှိ ဂွမြို့နယ်၊ ကျိန္တလီမြို့ ၊ ကန့်ကော်တောင် ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီး...

- ကြာအင်းဆိပ်ကြီး မြို့နယ်၊ အနန်းကွင်း ကျေးရွာက နေအိမ်တွေကို စစ်တပ်က မီးရှိ့နေပြီး အနည်းဆုံး အိမ်ခြေ ၅၀ ဝန်းကျင် မီးလောင်ပျက်စီး...

- ဘီးလင်းမြို့နယ်ရှိ မဲပလီ ဗျူဟာ စစ်ကောင်စီ စခန်းကို သိမ်းပိုက်ပြီး အောင်ပွဲနဲ့ အတူ ပြန်လာတဲ့ တော်လှန်ရေး ရဲဘော်တွေကို ဒေသခံ လူထုက အခမ်းအနားနဲ့ ကြိုဆို...

- ထီးလင်းမြို့ ရုပ်/သံကုန်းမှာ တာဝန်ကျနေတဲ့ စစ်သားတဦးဟာ ‌MA 2 ၁ လက်နဲ့အတူ ဗျူဟာ အမှတ် ၈၁ (ယောဗျူဟာ) ထံ ဘက်ပြောင်းခိုလှုံ...

... စတဲ့ သတင်းတွကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More