Wednesday, February 19, 2025

“စောချစ်သူရဲ့ နောက်ကွယ်က တကယ့်တရားခံအစစ်ကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ဖို့လိုတယ်”


“စောချစ်သူရဲ့ နောက်ကွယ်က တကယ့်တရားခံအစစ်ကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ဖို့လိုတယ်”

- ဦးအောင်ထူး - (Human Rights Lawyer & Founder of Legal Aid Network)

(၁၉ -၂-၂၀၂၅) 

“ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး တကယ့်တရားခံက ဘယ်သူလဲ၊ BGF စောချစ်သူနဲ့အဖွဲ့ကို ဘယ်သူတွေက ထောက်ခံအားပေးထားသလဲ၊ ဘယ်သူတွေက ခွဲတမ်းရနေသလဲ၊ စောချစ်သူရဲ့နောက်ကွယ်က တကယ့်တရားခံအစစ်ကို ဖေါ်ထုတ်ဖမ်းဆီးနိုင်မှ ကျားဖြန့်ကိစ္စကို နှိမ်နင်းနိုင်မှာဖြစ်တယ်” လို့ ဥပဒေ ပညာရှင် ဦးအောင်ထူးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီနဲ့ ရွှေကုက္ကူမှာ ဟိုးလေးတကျော်ဖြစ်နေတဲ့ ကျားဖြန့်ကိစ္စ နှိမ်နှင်းဖို့အတွက် တရုတ် ဒုဝန်ကြီးကိုယ်တိုင် မြဝတီကိုရောက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ကျားဖြန့်ကိစ္စ ရွှေကုက္ကူမှာ ဘယ်လို စတင်ပေါ်လာတာလဲ...

- နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ...

- မြဝတီနဲ့ ရွှေကုက္ကူဟာ သီးခြားလွတ်လပ်တဲ့ မင်းမဲ့ဒေသတွေလား...

- ဖက်ဒရယ်ဖွဲ့စည်းပုံကိုသုံးပြီး ဒီပြသာနာကို ဖြေရှင်းနိုင်သလား...

- တရုတ်အစိုးရက ကျားဖြန့် တရားခံအစစ်ကို တကယ်ပဲ ဖေါ်ထုတ်ဖမ်းဆီးနိုင်မှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More