Tuesday, February 25, 2025

ကပစ ၆ အနီးက စစ်တပ်စခန်း AA တိုက်ခိုက်... မုံရွာ နမခ ကို PDF တွေက ရော့ကက်...


ကပစ ၆ အနီးက စစ်တပ်စခန်း AA တိုက်ခိုက်... မုံရွာ နမခ ကို PDF တွေက ရော့ကက်တွေနဲ့ ပစ်ခတ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၆ ဖေဖော်ဝါရီ ၂၀၂၅

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာနဲ့ ကပစ ၆ (အမှတ် ၆ ကာကွယ်ရေးစ္စည်းစက်ရုံ) အနီးရှိ စစ်ကောင်စီ စခန်းကို AA (အာရက္ခတပ်တော်) နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်နေပြီး  တိုက်ပွဲပြင်းထန်နေတယ်လို့ Western News က ဖော်ပြပါတယ်။

ညောင်ကျိုး တပ်စခန်း မကျရေးအတွက် စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူ သုံးနေပေမယ့် ထိခိုက် သေဆုံးမှု အတော်များနေတယ်လို့ ဆိုပါတယ်။

အခု တိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုး တပ် စခန်းဟာ ကပစ ၆ ရှိတဲ့ ညောင်ခြေထောက်ရွာနဲ့ ၁၀ မိုင်ခန့်သာ ဝေးတဲ့အတွက် အဲဒီ ကပစ ၆ မှာလည်း စစ်ကောင်စီ တပ်က အင်အားအလုံးအရင်းနဲ့ ခံစစ် ပြင်နေတယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်း လမ်းပေါ်ရှိ နတ်ရေကန် ဗျူဟာကိုလည်း AA နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီ တပ်ဘက်က စခန်းစွန့်ခွာ ထွက်ပြေးတာတွေ ရှိလာနေပါတယ်။

ထွက်ပြေးလာတဲ့ စစ်သားတွေကို CDF-Asho နဲ့ ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်နေပါတယ်။

AA ဟာ မကွေးနဲ့ ပဲခူတိုင်းအတွင်း ထိုးစစ်ဆင်နေသလို တရုတ် စီမံကိန်းတွေ ရှိတဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူ မြို့နယ်ရှိ ဓညဝတီ ရေတပ်စခန်းကိုလည်း ထိုးစစ်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ် အုမ္မတီး ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် တိုက်ပွဲပြင်းထန်နေ...

- မုံရွာ အခြေစိုက် နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကို Rocket အလုံး ၁၀၀ နဲ့ တိုက်ခိုက်ရာမှာ စစ်သား ၇ ဦးသေ၊ ၁၅ ဦးဒဏ်ရာပြီး စစ်ဘက် အဆောက်အဦတွေ မီးလောင်ပျက်စီး...

- ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကျွန်းတောကုန်း ကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၂၀ ခန့်ရှိ စစ်တပ် စခန်းကို ဒေသခံ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သားတဦးသေ၊ ၂ ဦးဒဏ်ရာရ...

- မိုးဗြဲအခြေစိုက် ခမရ ၅၁၈ က စစ်သားသစ် ၃ ဦး လက်နက်တွေနဲ့အတူ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၆ တပ်ရင်းထံ ဘက်ပြောင်း ခိုလှုံလာ...

- ဟားခါးမြို့မှာ တာဝန်ကျနေတဲ့ စစ်သားသစ် ၃ ဦး လက်နက်တွေနဲ့အတူ SRF (Senthang Revolution Force) နဲ့ CDF–Hakha (Chinland Defense Force-Hakha) ထံ အလင်းဝင်လာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More