“၂၀၂၅ မှာ စစ်ကောင်စီကို အသက်ရှူချိန် သွားပေးလို့မရဘူး”
- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပအဖ)
(၁၆- ၂- ၂၀၂၅)
“၂၀၂၅ ဟာ တော်လှန်ရေးအတွက်ရော၊ စစ်ကောင်စီအတွက်ပါ အရေးကြီးတဲ့နှစ် ဖြစ်တဲ့အတွက် စစ်ကောင်စီကို အသက်ရှူချိန် သွားပေးလို့မရဘူး။ လာမယ့် ၃ နှစ်လောက်အတွင်း စစ်ကောင်စီမပြုတ်ဘူးဆိုရင် EROs တွေရဲ့ စဉ်းစားချက် ပြောင်းကောင်း ပြောင်းသွားနိုင်တဲ့အတွက် ၂၀၂၅ မှာ စစ်ကောင်စီပြုတ်အောင် တော်လှန်ရေးအစိုးရက စစ်ရေးကို ဦးစားပေးဖို့လိုတယ်” လို့ မင်းတပ်မြို့နယ် ပအဖ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်ကပြောပါတယ်။
NUG တော်လှန်ရေးအစိုးရက အညာဒေသမှာ မြို့သိမ်းနိုင်မယ့်အခြေအနေ ရှိလာနေပြီလား၊ ၂၀၂၅ အပေါ် ဘယ်လိုမျှော်လင့်ထားသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- NUG နဲ့ PDF တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ၂၀၂၅ မှာ တကယ်မြင်လာရနိုင်သလား...
- လွတ်မြောက်ဒေသရှိ တိုင်းရင်းသားလူငယ်တွေက အနာဂတ်ပြည်ထောင်စု ပုံစံကို ဘယ်လိုမျှော်မှန်းထားသလဲ...
- EROs တွေ၊ PDF တွေ အချင်းချင်းကြားက အငြင်းပွားမှုကြောင့် နွေဦးတော်လှန်ရေးကို မထိခိုက်အောင် ဘယ်လိုဆွေးနွေးအဖြေရှာကြမလဲ...
- လာမယ့် ၃ နှစ်လောက်အတွင်း စစ်ကောင်စီမပြုတ်ဘူးဆိုရင် EROs တွေရဲ့ ရပ်တည်ချက် ပြောင်းကောင်းပြောင်းသွားနိုင်သလား...
- ၂၀၂၅ အတွင်း ကပစ တွေ၊ ပြည်မက မြို့ကြီးတွေ သိမ်းနိုင်အောင် ဘယ်လိုပုူးပေါင်း ဆောင်ရွက်ကြမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment