လယ်ဒိုမြို့နယ်ထဲက စစ်တပ်စခန်း ၃ ခု KNLA သိမ်းပိုက်... တရုတ်ဝန်ကြီး မြဝတီမြို့ကို ဝင်စစ်ဆေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၇ ဖေဖော်ဝါရီ ၂၀၂၅
ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ လယ်ဒို မြို့နယ်အတွင်း ကျူးကျော် စခန်းချထားတဲ့ ခမရ ၅၆၀ လက်အောက်ခံ တပ်စခန်း ၃ ခုကို တော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်ရာမှာ စစ်သား ၆ ဦး သေပြီး လက်နက် ၆ လက် သိမ်းမိတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
လယ်ဒို မြို့နယ်အတွင်းရှိ နရွဲပင် ဂိတ်၊ တော်ဝိ ဂိတ်နဲ့ ကျွန်းကုန်း တောရကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်တွေကို ဖေဖော်ဝါရီ ၁၅ ည ၁၂ နာရီမှာ ဝင်ရောက် တိုက်ခိုက်တာလို့ ဆိုပါတယ်။
သိမ်းမိ လက်နက်တွေထဲမှာ ၆၀ မမ တလက်နဲ့ လက်နက်ငယ် ၅ လက် တွေ့ရပါတယ်။ ဒီစစ်ဆင်ရေးကို KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ရင်း ၉ ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆောင်ရွက်တာလို့ ဖော်ပြပါတယ်။
PDF ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ထုတ်ပြန် ချက်မှာတော့ နတ်သံကွင်း-ကျောက်ကြီး လမ်းပေါ်က တောရကျောင်း စခန်းသိမ်းပွဲမှာ KNLA တပ်ရင်း ၉ နဲ့အတူ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- ပုလောမြို့နယ်၊ ရှပ်ပုံရွာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံးပြီး တော်လှန်ရေးဘက်က ရဲဘော်တဦး ကျဆုံး...
- တရုတ်နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒု-ဝန်ကြီး Liu Zhongyi (လျူရှောင်ယီ) မဲဆောက် လေဆိပ်ကို ရောက်လာပြီးနောက် ကျားဖြန့်လုပ်ငန်းတွေကို စစ်ဆေးဖို့အတွက် မြန်မာနိုင်ငံ မြဝတီမြို့ဖက် ဝင်သွား...
- စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ PSLF/TNLA ကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့ကိုရောက်ရှိနေချိန် နောင်ချိုကို စစ်တပ်က ဗုံးကြဲ...
- ခလရ ၇၃ လက်အောက်ခံ သပြေညွန့် စခန်းက စစ်သားတဦး လက်နက်နဲ့ အတူ KNLA တပ်ရင်း ၈ ထံ အလင်းဝင်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment