မဲပလီစခန်း KNLA သိမ်းပိုက်... စကခ ၂၁ က စစ်သားအချို့ KIA ထံ အလံဖြူထောင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၃- ၂- ၂၀၂၅)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ မဲပလီ(မယ်ပရေးခီး) စစ်ကောင်စီတပ်စခန်းကို KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီး သုံ့ပန်း ၂၀ ကျော်နဲ့ ဟာဝစ်ဇာ အမြောက်အပါဝင် လက်နက်များစွာ ရရှိတယ်လို့ KIC- Karen Information Center က ဖေါ်ပြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့ မနက်ပိုင်းမှာ သိမ်းလိုက်တာဖြစ်ပြီး ဗိုလ်မှူးအဆင့် ၂ ဦးအပါဝင် စစ်သုံ့ပန်း ၂၀ ကျော်ဖမ်းမိ၊ ဟာဝစ်ဇာအမြောက်၊ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ စသဖြင့် လက်နက်ကြီးတွေအပါဝင် လက်နက်မျိုးစုံ ၅၀ ခန့် နဲ့ ခဲယမ်းများစွာ သိမ်းမိထားတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။
ဒီစစ်ဆင်ရေးကို KNLA ဦးဆောင်ပြီး BPLA- ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော်၊ FFD- Force for Federal Democracy၊ PDF- ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်တာလို့ သိရပါတယ်။
ဒါ့အပြင်...
- ဇန်နဝါရီလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က ၄၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းမိတယ်လို့ KNDF- ထုတ်ပြန်...
- ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ အစာငတ်-ရေငတ်ဖြစ်နေတဲ့ စကခ ၂၁ က စစ်သား ၂၀ ခန့် အလံဖြူထောင်ပြီး KIA- ထံ လက်နက်ချ...
- ပွင့်ဖြူမြို့နယ်၊ မဲဇလီ ရဲစခန်းကို AA, CDF-Asho, PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်...
- တလုပ်မြို့ဟောင်း ကျေးရွာရှိ စစ်ကောင်စီစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်း...
- တောင်သာမြို့နယ် ပကဖ က အခြေခံစစ်ပညာသင်တန်း အပါတ်စဉ် (၇) သင်တန်း ဆင်းပွဲ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment