Tuesday, February 11, 2025

“ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအမြင့်ဆုံးကျင့်သုံးပြီး သူတို့ပြည်နယ် သူတို့ဘာ...


“ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအမြင့်ဆုံးကျင့်သုံးပြီး သူတို့ပြည်နယ် သူတို့ဘာသာအုပ်ချုပ်ခွင့်ရတဲ့ ပြည်ထောင်စုပဲ”

- ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ)

(၁၁- ၂- ၂၀၂၅)

“စစ်ကောင်စီကိုတော်လှန်တိုက်ပွဲဝင်နေတဲ့ EROs -တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလိုချင်တဲ့ ပြည်ထောင်စုဟာ စစ်ကောင်စီက နေပြည်တော်မှာကျင်းပနေတဲ့ ပြည်ထောင်စုပုံစံမျိုးမဟုတ်ဘူး။ ကို ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအမြင့်ဆုံးကျင့်သုံးပြီး သူတို့ပြည်နယ် သူတို့ဘာသာအုပ်ချုပ်ခွင့်ရတဲ့ ပြည်ထောင်စုပုံစံမျိုးဖြစ်တယ်” လို့ ဥပဒေပညာရှင် ဦးအောင်ထူးက ပြောပါတယ်။

နေပြည်တော်မှာကျင်းပနေတဲ့ ပြည်ထောင်စုနေ့နဲ့ EROs, NUG, PDF တွေလိုချင်တဲ့ ပြည်ထောင်စု ဘယ်လိုကွာခြားသလဲ၊ အနာဂတ်ပြည်ထောင်စုပုံစံက ဘယ်လိုဖြစ်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...

- စစ်ကောင်စီကကျင်းပနေတဲ့ ပြည်ထောင်စုနေ့ပွဲ ဘာအဓိပါယ်ရှိသလဲ...

- EROs, NUG, PDF တွေလိုချင်တာက ဘယ်လိုပြည်ထောင်စုမျိုးလဲ...

- လူမျိုး ၁၃၅ မျိုးရှိလို့ ပြည်နယ် ၁၃၅ ပြည်နယ်ဖွဲ့ရမလားဆိုပြီး မေးခွန်းထုတ်တာဟာ စစ်တပ်အာဏာသိမ်းမှုကို အားပေးချင်လို့လား...

- ကွန်ဖက်ဒရေးရှင်းအဆင့်က မဖြစ်သင့်ဘူး၊ ဖက်ဒရေးရှင်းအဆင့်ပဲ ဖြစ်သင့်တယ်လို့ ဘာကြောင့်ပြောတာလဲ...

- လက်ရှိ UWSA - ၀ အဖွဲ့ရထားတဲ့ အဆင့်က ကွန်ဖက်ဒရေးရှင်း အဆင့်လား... စစ်တပ်က ထွင်ထားတဲ့ ပုံစံတခုလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လူမျိုးကို အခြေမခံပဲ နယ်မြေကိုအခြေခံပြီး ပြည်နယ်သတ်မှတ်နိုင်မှ အဆင်ပြေမယ်ဆိုတဲ့ပြောဆိုချက်တွေက ဘယ်လောက်လက်တွေ့ကျသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖြန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More