Tuesday, February 18, 2025

စစ်တွေမြို့က စစ်ကောင်စီစခန်း AA တိုက်ခိုက်... ဗန်းမော် စကခ ၂၁ ကို KIA ထိ...


စစ်တွေမြို့က စစ်ကောင်စီစခန်း AA တိုက်ခိုက်... ဗန်းမော် စကခ ၂၁ ကို KIA ထိုးစစ်ဆင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၉ ဖေဖော်ဝါရီ ၂၀၂၅

အာရက္ခတပ်တော် (AA) ရဲ့ စစ်တွေ မြို့သိမ်းတိုက်ပွဲဟာ ပိုမို ပြင်းထန်လာနေပြီး ဖေဖော်ဝါရီ ၁၇ ညပိုင်းမှာ လက်နက်ကြီးနဲ့ ၃ နာရီကျော်ကြာ ပစ်ခတ်ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ တနာရီကြာ ဗုံးကြဲတယ်လို့ Western News က ဖော်ပြပါတယ်။

အမြင့်ကျွန်းရှိ စစ်ကောင်စီ တပ်စခန်းနေရာကို AA က ဦးတည် ပစ်ခတ်တာဖြစ်ပြီး ည ၆ နာရီဝန်းကျင်ကနေ ၉ နာရီကျော်အထိ အပြန်အလှန် လက်နက်ကြီး ပစ်သံတွေ၊ လေယာဉ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA ရဲ့ စစ်ကြောင်းတွေ ကုန်းလမ်းကနေ ဝင်မလာနိုင်အောင် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ အမြင့်ကျွန်း ကျေးရွာအနီးက မင်းချောင်း တံတားကို စစ်ကောင်စီက မိုင်းခွဲ ဖျက်ဆီးထားတယ်လို့ ဆိုပါတယ်။

AA ဟာ မကွေး၊ ပဲခူး၊ ဧရာဝတိုင်းတို့နဲ့ ထိစပ်နေတဲ့ ဒေသတွေက အရေးပါတဲ့ စစ်တပ်စခန်းတွေကို သိမ်းပိုက်နေချိန်မှာ မြို့တော် စစ်တွေကို သိမ်းပိုက်နိုင်ရေး တပြိုင်တည်း ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဒါ့အပြင်...

- AA စိုးမိုးနယ်မြေမှာ ထိန်းသိမ်းထားတဲ့ စစ်ကောင်စီ စစ်သုံ့ပန်းတွေထဲက ဒုတိယ ရဲမှူးကြီး တဦး အပါအဝင် စစ်တပ် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေး...

- တရုတ်အစိုးရရဲ့ ကြားဝင် စေ့စပ်မှုအရ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ (PSLF/ TNLA) ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကူမင်းကို ရောက်နေချိန်မှာ စစ်ကောင်စီ တပ်တွေက 
နောင်ချိုမြို့နယ်၊ နားရှိုးကျေးရွာဘက် စစ်ကြောင်းထိုးဝင်လာ...

- ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖေဖော်ဝါရီ ၁၈ မှာ ပြန်လည် ပြင်းထန်လာပြီး  စစ်ကောင်စီရဲ့ အဓိက ခံစစ် စ.က.ခ ၂၁ ကို KIA နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်နေ...

- မုံရွာ နမခ ကနေ ထွက်လာတဲ့ သံပြားကာ ကား ၇ စီးပါ ယာဉ်တန်းကို Royal Tiger Foce ပြောက်ကျားတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ၊ ကားတစီး ပျက်စီး...

- ရေးမြို့နယ်၊ တမော့ကနင် အခြေစိုက် ခလရ ၁၀၆ တပ်ရင်း ဌာနချုပ်ကို NMSP (AD) က ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ ဒု-တပ်ရင်းမှူး အပါအဝင် ၃ ဦး သေပြီး ၄ ဦး ဒဏ်ရာရ...

- မိုးဗြဲမြိုနယ်၊ ရှေ့တန်း နယ်မြေအတွင်း လက်နက်နဲ့အတူ ဘက်ပြောင်း ခိုလှုံလာသူ စစ်သား ၅ ဦးနဲ့ လက်နက်မဲ့ ထွက်ပြေးလာသူ စစ်သား ၈ ဦးကို ကယ်တင် ခေါ်ထုတ်နိုင်ခဲ့တယ်လို့ (KNDF) က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More