ဓညဝတီ ရေတပ်စခန်းကို AA တိုက်ခိုက်... စစ်ကောင်စီက အဆိပ်ငွေ့ဗုံးသုံးနေတယ်လို့ TNLA ပြောဆို ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၅ ဖေဖော်ဝါရီ ၂၀၂၅
တရုတ် စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က စစ်ကောင်စီရဲ့ရေတပ်စခန်းတွေကို AA (အာရက္ခတပ်တော်) က စတင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူနဲ့ ခုခံနေတယ်လို့ ဒေသတွင်းမီဒီယာ နိရဉ္စရာက ဖော်ပြပါတယ်။
ကျာက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်မှာရှိတဲ့ စစ်ကောင်စီရဲ့ အကြီးဆုံး ရေတပ်စခန်း ဓညဝတီစခန်းကို ဖေဖော်ဝါရီ ၂၁ နဲ့ ၂၂ မှာ AA က လက်နက်ကြီးတွေနဲ့ စတင်တိုက်ခိုက်ရာမှာ ရေတပ်ဌာနချုပ် ဘေးနားရှိ ရဲတပ်ရင်းလည်း ထိခိုက်တယ်လို့ ဆိုပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၂၃ ညနေပိုင်းမှာ သစ်ပုတ်တောင် တိုက်နယ်နဲ့ ဂုံးချွိန် တိုက်နယ်ဘက်ရှိ ကျေးရွာတွေကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုရှိတယ်လို့ ကြားရပြီး အသေးစိတ်ကို စုံစမ်းနေဆဲလို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- နောင်ချိုမြို့နယ်၊ တောင်ရှည်ရွာနဲ့ မန်မော်ရွာကြား ဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၂၃ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ ဗုံးတွေ အသုံးပြုတဲ့အတွက် တအာင်း စစ်သည်တော်တွေ ထိခိုက်မှုရှိ...
- တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ နဘုလယ် ဒေသမှာ ရေနက် ဆိပ်ကမ်း၊ ရေနံချက်စက်ရုံနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ဖို့ ရုရှားအစိုးရနဲ့ စစ်ကောင်စီတို့ သဘောတူ လက်မှတ်ရေးထိုး...
- ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) တွေကိုသာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်နိုင်မယ်ဆိုရင် စစ်ကောင်စီကို များစွာ ထိခိုက်စေမှာဖြစ်တယ်လို့ Student Armed Force (ကျောင်းသားလက်ရုံးတပ်တော်) စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာက ပြောကြား...
- မကွေးတိုင်း၊ သရက် ခရိုင် တပ်ရင်း ၄ အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment