Tuesday, April 29, 2025

ကလေးမြို့နယ် တိုက်ပွဲ စစ်ကောင်စီ အထိနာ... တောင်ခမ်းဖက်မှာ TNLA နဲ့ တိုက်...


ကလေးမြို့နယ် တိုက်ပွဲ စစ်ကောင်စီ အထိနာ... တောင်ခမ်းဖက်မှာ TNLA နဲ့ တိုက်ပွဲပြန်ဖြစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃၀ ဧပြီ ၂၀၂၅

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတဲ့ ကြံသာရွာစခန်းကို ပြန်ရရေးအတွက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြန်ဖြစ်ပြီး စစ်သား ၂၀ ခန့် သေဆုံး၊ လက်နက် ၈ လက် သိမ်းမိတယ်လို့ Chinland Information Center က ဖော်ပြပါတယ်။

CDF KKG ရဲ့ Major operation အတွင်း ကလေးမြို့တောင်ပိုင်းက အရေးပါတဲ့ စခန်း ၅ ခုကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ပြီးနောက် အခု ဧပြီ ၂၇ မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ခုခွဲပြီး ကြံသာ စခန်းဘက် ထိုးဝင်လာတာလို့ ဆိုပါတယ်။

နယ်မြေရှင်းတဲ့အခါ စစ်သား အလောင်း ၇ လောင်း ကျန်၊ ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်အနီး တိုက်ပွဲ ပြင်းထန်နေစဉ် စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၁၁ လုံးနဲ့ လက်နက်ကြီး ၂၆ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်...

- ရေစကြိုမြို့နယ်၊  ကြူရွာနဲ့ ဗလဘ ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၂၀ ခန့် သေဆုံး...

- တောင်သာမြို့နယ် တောင်ခမောက် ကျေးရွာဘက် ထိုးဝင်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သေဆုံးမှုများပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ခမရ ၅၄၅ နဲ့ ခမရ ၅၄၆ ဝန်းကျင်မှာ ဧပြီ ၂၉ ညနေပိုင်းက လက်နက်ကြီး ပေါက်ကွဲသံတွေကြားရပြီး  နွားခြံကုန်း ကျေးရွာထဲ နေအိမ်အချို့ မီးလောင်...

- လောင်းလုံး မြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၃ ဦး သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, April 28, 2025

မင်းလှတိုက်ပွဲ စစ်ကောင်စီ အထိနာ... ကျောက်ဖြူကို စစ်ကူပို့တဲ့ ဗိုလ်မှုးန...


င်းလှတိုက်ပွဲ စစ်ကောင်စီ အထိနာ... ကျောက်ဖြူကို စစ်ကူပို့တဲ့ စစ်ကောင်စီ ဗိုလ်မှုးနဲ့အဖွဲ့ ပျောက်ဆုံးနေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၉ ဧပြီ ၂၀၂၅

ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် မင်းလှမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်သား ၁၀ ဦး သေပြီး လက်နက် ၁၁ လက် သိမ်းမိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၈ မနက်ပိုင်းမှာ အင်အား ၇၀ ခန့်ပါတဲ့ အဲဒီစစ်ကြောင်း ဆားချောင်းရွာဘက်ကနေ လက်နက်ကြီးတွေ ပစ်ပြီး ငမိုးရိပ်ရွာနဲ့ ဇရစ်မြောင် ရွာဘက် ဝင်လာစဉ် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာဖြစ်ပါတယ်။

နယ်မြေရှင်းတဲ့အခါ စစ်ကောင်စီဘက်က အလောင်း ၁၀ လောင်း ကျန်ခဲ့ပြီး ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ ၁1 လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံ မှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ဗန်းမော်မြို့ရှိ စကခ ၂၁ အနီးဝန်းကျင်က ကာကင်းစခန်းအချို့ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်...

- နောင်ချိုမြို့နယ် တောင်ခမ်းနဲ့ အုမ္မတီးဘက်ကနေ စစ်မျက်နှာ နှစ်ခုနဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် နောင်ချိုနဲ့ ၁၀ မိုင်ကျော်အကွာက နောင်လင်ရွာမှာ တိုက်ပွဲပြင်းထန်နေ...

- မိုးဗြဲမြို့ကို အင်အား ၃၀၀ ခန့် ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတခု လေကြောင်းပစ်ကူနဲ့ အတူ ထိုးဝင်လာတဲ့အတွက် တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေး တပ်တွေဘက်က ကာကင်းခစန်း တခု လက်လွှတ်လိုက်ရ...

- ကျောက်ဖြူမြို့ကို စစ်ကူပို့လိုက်တဲ့ တပ်မ ၉၉ က ဗိုလ်မှူး အပါအဝင် တပ်ဖွဲ့ဝင်တချို့ ကျောက်ဖြူ လေဆိပ်ကနေ အမှတ် ၃၂ ရဲတပ်ရင်းဘက်အသွား လမ်းမှာ လက်နက်တွေနဲ့အတူ ပျောက်ဆုံးသွား...

- တောင်သာမြို့က ရဲတပ်သားတဦး အူဇီ သေနတ် တလက်နဲ့ အတူ Myingyan Black Tiger (MBT) ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, April 27, 2025

ထားဝယ်မြို့အနီးက စစ်တပ်စခန်း KNLA သိမ်းပိုက် ... ဗန်းမော်မြို့က ကာကင်းခစ...


ထားဝယ်မြို့အနီးက စစ်တပ်စခန်း KNLA သိမ်းပိုက် ... ဗန်းမော်မြို့က ကာကင်းခစန်း KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၈ ဧပြီ ၂၀၂၅

တနင်္သာရီတိုင်း မြို့တော် ထားဝယ်နဲ့ ၆ မိုင်ကျော် အကွာရှိ ဟားလီကွေ့ စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက် ၂၀ နီးပါးနဲ့ သုံ့ပန်း ၁၅ ဦး ဖမ်းမိတယ်လို့ တနင်္သာရီတိုင်းမ်က ဖော်ပြပါတယ်။

ရေး-ထားဝယ် ကားလမ်းပေါ်ရှိ မောင်မယ်ရှောင်ရွာ အနီးက ဒီစခန်းကို ဧပြီ ၂၆ မနက်မှာ စတင် တိုက်ခိုက်ပြီး နေ့လယ်မှာ စစ်လေယာဉ်တွေက ဗုံးကြဲတယ်၊ ညနေပိုင်းမှာ စခန်းကို သိမ်းပိုက်ပြီး  မီးရှိ့ခဲ့တယ်လို့ KNLA တပ်မဟာ ၄ တာဝန်ရှိသူ တဦးက ပြောပါတယ်။

နယ်မြေရှင်းလင်းတဲ့အခါ စစ်သား ၁၀ ဦးခန့်သေဆုံး၊ ၁၅ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ ၁၈ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံ မှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ရေဖြူမြို့နယ်၊  မင်းသားရွာ အခြေစိုက် စစ်တပ်နဲ့ ပြည်သူ့စစ်ပူးတွဲ စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား  ၆ ဦးသေ၊ ၇ ဦးဒဏ်ရာရ...

- မင်းလှမြို့နယ်၊ ပဲခူးရိုးမဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သေား ၆ ဦး သေဆုံး...

- သရက်ခရိုင်၊ ရေနံ့သာ ကျေးရွာ ရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေက  တိုက်ခိုက်ရာမှာ ရဲ ၂၀ ခန့် ထွက်ပြေးသွားပြီး ရဲတပ်ကြပ်တဦးနဲ့ သေနတ် တလက် သိမ်းမိ...

- ဗန်းမော်မြို့ရှိ စကခ ၂၁ ကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်က ဆက်လက်ထိုးစစ်ဆင်နေပြီး ကာကင်းစခန်း ၅ ခုသိမ်းမိ၊ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ အပြင်းအထန် ခုခံနေ...

- ကရင်နီပြည်နယ်မှာ တာဝန်ကျနေတဲ့ စစ်သားသစ် ၆ ဦးဟာ လက်နက်တွေအတူ ဒီးမော့ဆို Local PDF ထံ ခိုလှုံလာ...

- ဝက်လက်မြို့နယ်က စစ်သားသစ် ၅ ဦး လက်နက် ၅ လက်နဲ့ အတူ ပြည်သူ့အစေခံ တော်လှန်ရေးအဖွဲ့ (People’s Servant Revolution-Wetlet) ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, April 25, 2025

ဗန်းမော် စကခ ၂၁ ကို KIA က ထိုးစစ်ဆင်... စစ်တောင်မြစ်ဘေးက စခန်းတခု KNLA သ...


ဗန်းမော် စကခ ၂၁ ကို KIA က ထိုးစစ်ဆင်... စစ်တောင်မြစ်ဘေးက စခန်းတခု KNLA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၅-၄-၂၀၂၅)

ငလျင်ကူညီရေးအတွက် ရက် ၂၀ အပစ်ရပ်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့
ကြေညာချက်ဟာ အတုအယောင်သာဖြစ်ပြီး ၄၀၉ ကြိမ်အထိ ရခိုင်ဒေသဆီ
ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA- အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂ ရက်ကနေ ၂၂ ရက်အတွင်း ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေနဲ့ ပါက်တောမြို့နယ်တွေကို ဗုံးကြဲခဲ့တာလို့ဆိုပါတယ်။ တိုက်လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီး၊ ရေတပ်သဘောၤ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာကိုတွေကို
မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

ဒါ့အပြင်...

- နောင်ချိုမြို့အနီးရှိ  ကျောက်ကြမ်း၊ အုမ္မခါးနဲ့ အုမ္မတီးရွာတွေကို Y-12
လေယာဉ်က ဗုံး ၃၀ နီးပါးကြဲချ...

- ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်က စစ်အင်အားတထောင်ခန့်အထိသုံးပြီး မြေပြင် စစ်ကြောင်းထိုးလာ နေတယ်လို့ KIA- ပြော...

(ဒီမနက်ပိုင်းသတင်းတွေအရ စကခ ၂၁ ကို KIA က ထိုးစစ်ပြန်ဆင်နေ...)

- ရွှေကျင်မြို့နယ်၊ စစ်တောင်းမြစ်ဘေးမှာရှိတဲ့ ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNLA တပ်မဟာ(၃) ဦးဆောင်တဲ့ ပူးပေါင်းတပ်က သိမ်းပိုက်...

- ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ  တောင်သုံးလုံးနဲ့ ကျောက်မဲတောင်ရွာတွေကို ဧပြီ ၂၃ မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ရွာသားတဦးသေဆုံး...

- ဧပြီလ ပထမ သီတင်း ၂ ပတ်အတွင်း စစ်ကောင်စီဖက်ကနေ အလင်းဝင်သူနဲ့လက်နက်ချသူ ၁၇၃ ဦးအထိ ရှိ...

- အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) က သင်တန်းဆင်းပွဲနဲ့လက်နက်တပ်ဆင်ပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Wednesday, April 23, 2025

ကော့ကရိတ်က စခန်း ၅ ခု KNLA သိမ်းပိုက်... နတ်ရေကန်စခန်းဖက်မှာ တိုက်ပွဲပြန...


ကော့ကရိတ်က စခန်း ၅ ခု KNLA သိမ်းပိုက်... နတ်ရေကန်စခန်းဖက်မှာ တိုက်ပွဲပြန်ဖြစ်...  နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၄ ဧပြီ ၂၀၂၅

ရခိုင်-မကွေး ဆက်စပ်ဒေသ အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်အနီး စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် အာရက္ခတပ်တော်(AA)က ပြန်ခုခံရကနေ တိုက်ပွဲပြင်းထန်နေတယ်လို့  နိရဉ္စရာက ဖေါ်ပြပါတယ်။

ငလျင်ဘေး ကယ်ဆယ်ကူညီရေးအတွက် အပစ်ရပ်မှုကို နောက်ထပ် ၇ ရက်ထပ်တိုးတယ်လို့ စစ်ကောင်စီက ကြေညာပြီးနောက်တရက် ဧပြီ ၂၃ ရက်၊ မနက်ပိုင်းမှာ စစ်တပ်က ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကနေ တက်လာတဲ့ ပါရာမော်တာ - စက်တပ်လေထီး ၃ စီးထဲက တစီးဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေအနီး ပျက်ကျ...

- စစ်ကိုင်းမြို့ကနေ မင်းကွန်းဒေသဖက်ပြန်လာတဲ့ ဒေသတွင်းက နာမည်ကြီး ပျုစောထီးအဖွဲ့ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ ပျု ခေါင်းဆောင်အပါဝင် ၇ ဦးသေဆုံးပြီး လက်နက် ခဲယမ်းအချို့ သိမ်းမိ...

- မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းရှိ ကျေးရွာတွေက လူငယ်တွေကို ပေါ်တာဖမ်းဖို့ရောက်လာတဲ့ စစ်တပ်နဲ့ ပျုစောထီး ပူးပေါင်းအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၈ ဦးသေပြီး ၄ ဦးဒဏ်ရာရ...

- ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ပြင်းနေပြီး ရင်ကွဲတောင်စခန်းအပါအဝင် စစ်ကောင်စီစခန်း ၅ ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်...

- ထိုင်း-မြန်မာနယ်စပ် ထီးခီးစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီလေယာဉ်တွေ ထိုင်းနယ်မြေ ကန်ချနပူရီခရိုင်ထဲ ကျုးကျော် ဖြတ်ပျံပြီးတဲ့နောက် ဒေသတွင်းရှိ ထိုင်း- တပ်မ ၉ က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်...

- ဒီးမော့ဆိုမြို့နယ်က စစ်သားသစ် ၂ ဦးဟာ MA-1 ၊ MA-2 တလက်စီနဲ့အတူ  KNDF - ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, April 22, 2025

တောင်ခမ်းမှာ တိုက်ပွဲဖြစ်... လားရှိုးကို စစ်တပ်ပြန်ဝင်...


တောင်ခမ်းမှာ တိုက်ပွဲဖြစ်... လားရှိုးကို စစ်တပ်ပြန်ဝင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၃ ဧပြီ ၂၀၂၅

ရှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ဧပြီ ၁၈ ညနေပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၃ ဦး သေပြီး MA -1 သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့ KNA (ကယန်းအမျိုးသား တပ်မတော်) က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် အရပ်သားတွေ ခရီးသွားလာမှု သတိထားကြဖို့ KNA က နှိုးဆော်ထားပါတယ်။

ဒါ့အပြင်...

- ဘီးလင်းမြို့နယ် အလူးလေး ကျေးရွာနဲ့ သပြေနီ ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို White Dragon စစ်ကြောင်းက ကြားဖြတ်ခိုက်ရာမှာ စစ်သား ၆ ဦးသေဆုံး...

-  ရပ်စောက်မြို့နယ် ကျောက်ဂူ‌ တိုက်နယ်မှာ တိုက်ပွဲဖြစ်ပြီး နှစ်ဘက် ထိခိုက်မှုရှိတယ်၊ စစ်သား ၃ ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိထားတယ်လို့ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်) က သတင်းထုတ်ပြန်...

- နောင်ချိုမြို့နယ် အုမ္မတီး ကျေးရွာကို စစ်လေယာဉ်က ဧပြီ ၂၂ မနက် ၁၀ နာရီခွဲမှာ ဗုံးကြဲတဲ့အတွက် လူနေအိမ် ၅ လုံး ပျက်စီး...

- လက်နက် အပြည့်အစုံနဲ့ စစ်သားအပြည့် ပါတဲ့ ကား ၁၅၀ ခန့်ပါ စစ်ကောင်စီ ယာဉ်တန်း ဧပြီ ၂၂ မနက် ၈ နာရီခန့်မှာ တန့်ယန်း-မိုင်းရယ်ဖက်ကနေ ဘက်ကနေ လားရှိုးမြို့ထဲ ဝင်လာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“စစ်ရေးအရ ပြန်တိုက်ယူလို့ ရတာမဟုတ်ပဲ တရုတ်က ပေးလို့ရတာဆိုတော့...”


“စစ်ရေးအရ ပြန်တိုက်ယူလို့ ရတာမဟုတ်ပဲ တရုတ်က ပေးလို့ရတာဆိုတော့...”

- လင်းထက်အောင် ( CDM - ဗိုလ်ကြီး)

(၂၂- ၄- ၂၀၂၅)

“လားရှိုးကို ပြန်ရတယ်ဆိုပေမယ့် စစ်ရေးအရ ပြန်တိုက်ယူလို့ ရတာမဟုတ်ပဲ တရုတ်က ပေးလို့ရတာဆိုတော့ ရှေ့တန်းက စစ်သားတွေကို စိတ်ဓာတ်တက်ကြွလာအောင် လုပ်နိုင်မယ်လို့ မထင်ဘူး” လို့  CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

MNDAA နဲ့တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက သေနတ်ဖောက် ပြန်တိုက်စရာမလိုပဲ တရုတ်ရဲ့စီစဉ်ပေးမှုနဲ့ ဧပြီ ၂၂ မှာ တပ်အင်အားအလုံးအရင်းနဲ့ ပြန်ဝင်ခွင့်ရတဲ့အပေါ် ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်ကောင်စီတပ်တွေ လားရှိုးမြို့ထဲဝင်လာပြီး ရမခ နေရာမှာ ပြန်ထိုင်မှာလား...

- စစ်တိုက်စရာမလိုပဲ တရုတ်အကူအညီနဲ့ ဒီလိုလွယ်လွယ်ပြန်ရခြင်းက ရှေ့တန်းမှာ စစ်ရှုံးလို့ထွက်ပြေးနေတဲ့ စစ်သားတွေကို ခွန်အားဖြစ်စေနိုင်သလား...

- လားရှိုးကို တရုတ်က ဘာကြောင့် စစ်ကောင်စီကို ပြန်ပေးချင်တာလဲ... နယ်စပ်ကုန်သွယ်ရေးအတွက်လား...

- လားရှိုးမှာ ဒီလိုဖြစ်သွားပေမယ့် တနိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုက အရှိန်ပြန်တက်လာနိုင်သလား...

- လားရှိုးဖြစ်စဉ်ကနေ ဘယ်လို သင်ခန်းစာတွေ ရယူနိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, April 21, 2025

ပဒါန်း တိုက်ပွဲ စစ်ကောင်စီ အထိနာ... ထီးခီးမှာ တိုက်ပွဲပြင်းထန်နေ...


ပဒါန်းဒေသတိုက်ပွဲ စစ်ကောင်စီ အထိနာ... ထီးခီးမှာ တိုက်ပွဲပြင်းထန်နေ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

၂၂ ဧပြီ ၂၀၂၅

ရခိုင်-မကွေး ဆက်စပ်ဒေသ ငဖဲနဲ့ ပဒါန်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၆၀ ကျော် သေဆုံး၊ ၁၈ ဦး လက်ရဖမ်းမိ၊ လက်နက်ခဲယမ်းများစွာ သိမ်းမိတယ်လို့ လူထုတော်လှန်ရေး မဟာမိတ် အင်အားစု (PRA-မကွေး)က သတင်းထုတ်ပြန်ပါတယ်။

ဒီဒေသမှာ ဇန်နဝါရီကနေ ဧပြီအထိ တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေကတော့ ငဖဲမြို့နယ် နတ်ရေကန် ဗျူဟာကုန်း အနီး စခန်းတွေ၊ ငဖဲ မြို့နယ်ထဲက ကျေးရွာတွေ၊ ပုသိမ်-မုံရွာ ကားလမ်းကနေ ပဒါန်းမြို့အဝင် လမ်းတွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

သေဆုံး ၆၃ ဦးထဲမှာ ဗိုလ်မှူးသီဟအောင် ပါဝင်ပြီး ဖမ်းမိ ၁၈ ဦးထဲမှာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် ပါဝင်ပါတယ်။ 

ဒါ့အပြင်...

- ထိုင်း-မြန်မာနယ်စပ်အနီးက ထီးထာ ဗျူဟာကို ဧပြီ ၁၉ မှာ တော်လှန်ရေးတပ်တွေက သိမ်းပြီးတဲ့နောက် အခု နောက်ဆုံး ကျန်နေတဲ့ နယ်စပ်မျဉ်းပေါ်က ထီးခီးစခန်းမှာ တိုက်ပွဲ ပြင်းထန်နေ...

- ကော့ကရိတ်မြို့နယ်၊ နဘူး-ကော့ကရိတ် လမ်းခွဲအနီး တည်ရှိတဲ့ စကခ ၁၂ (အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်) ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ...

- ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃ ဦးသေပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ...

- နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာဘက်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အဆိပ်ဓာတ်ငွေ့ဗုံး သုံးပြီး တိုက်ခိုက်နေတယ်လို့ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်) က ပြောဆို...

- လားရှိုးမြို့ရဲ့ အထင်ကရနေရာတွေမှာ စိုက်ထူထားတဲ့ MNDAA ကိုးကန့် တပ် အလံတွေကို ဧပြီ ၂၁ မနက်ပိုင်းမှာ ဖြုတ် သိမ်းသွား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, April 20, 2025

ထီးထာ စခန်းသိမ်းပွဲမှာ လက်နက်များစွာရရှိ...သပိတ်ကျင်းကို စစ်တပ်က ဗုံးထပ်...


ထီးထာ စခန်းသိမ်းပွဲမှာ လက်နက်များစွာရရှိ...သပိတ်ကျင်းကို စစ်တပ်က ဗုံးထပ်ကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၁ ဧပြီ ၂၀၂၅

ထိုင်း-မြန်မာ နယ်စပ် ထားဝယ်ခရိုင် မတ္တာမြို့နယ် ထီးခီး ကုန်သွယ်ရေးဂိတ် အနီးရှိ စစ်ကောင်စီရဲ့ ထီးထာ ဗျူဟာကုန်း သိမ်းပိုက်မှုမှာ ဗျုဟာမှူး အပါအဝင် စစ်သား အများအပြားသေဆုံး၊ ၁၂၀ မမ မော်တာ အပါအဝင် လက်နက်မျိုးစုံ ရရှိတယ်လို့ Dawei Watch က ဖော်ပြပါတယ်။

ဧပြီ ၁၉ ညနေပိုင်းမှာ ဒီစခန်းကို သိမ်းလိုက်တာဖြစ်ပြီး ၁၂၀ မမ မော်တာ ၂ လက်၊ ၆၀ မမ မော်တာ၊ RPG လောင်ချာ အပါအဝင် လက်နက်မျိုးစုံ  ၅၀ ခန့် သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ကျိုက်ထီးရိုး ဘုရားတောင်ခြေမှာ ဖမ်းမိတဲ့ ပျူစောထီး ၅ ဦးကို ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ အမှတ် ၂၇ စစ်ဗျူဟာက သတင်းထုတ်ပြန်...

-  မြိုင်မြို့မှာ လုံခြုံရေးတာဝန်ယူနေတဲ့ စစ်သားနဲ့ ပျူစောထီး အဖွဲ့ကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ရာမှာ ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းမိ...

- နှစ်ရက် ဆက်တိုက် ဗုံးကြဲမှုကြောင့် သေဆုံးသူ ၃၀ ခန့် ရှိနေပြီဖြစ်တဲ့ မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ် ရေထွက်ရွာကို ဧပြီ ၂၀ မွန်းလွဲ တနာရီခန့်မှာ စစ်လေယာဉ်က သုံးရက်မြောက် ဗုံးထပ်ကြဲ...

- ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှမ်းပြည်တောင်ပိုင်းမှာ လှုပ်ရှားခဲ့တဲ့ PDF တပ်ရင်းတွေ၊ ဒရုန်း အဖွဲ့တွေကို ပြန်လည် ပေါင်းစည်းပြီး SSNDF / KNDF -B (တပ်ရင်း) - 101 , 102, နဲ့ 103 အဖြစ် အမည်ပြောင်းကာ ဗျူဟာအမှတ် ၉ ကို ဖွဲ့စည်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“စစ်တပ်က ပြိုနေပြီ၊ ကျနော်တို့ဖက်က ထိုးစစ်တွေ ဆက်တိုက်လုပ်နိုင်ဖို့ပဲ လိ...


“စစ်တပ်က ပြိုနေပြီ၊ ကျနော်တို့ဖက်က ထိုးစစ်တွေ ဆက်တိုက်လုပ်နိုင်ဖို့ပဲ လိုတယ်”

-ရဲဘော်မင်းဌေး (အမှတ် ၃ စစ်ကြောင်းမှူး - ABSDF)

(၂၀- ၄- ၂၀၂၅)

“နေပြည်တော် ဗိုလ်ချုပ်တွေက စစ်ဆက်တိုက်ဖို့ အမိန့်ပေးနေပေမယ့် ရှေ့တန်းမှာရှိတဲ့ စစ်သားတွေက စခန်းစွန့်ခွာ ထွက်ပြေးနေတယ်။ စစ်ကောင်စီမှာ လက်နက်ရှိပေမယ့် အတွေအကြုံရှိတဲ့ စစ်သားတွေမရှိတော့ဘူး။ ဒီအချိန်မှာ တာ်လှန်ရးဖက်က ထိုးစစ်တွေဆက်တိုက်လုပ်သွားရင် မကြာခင် စစ်ကောင်စီ ပြုတ်ကျမှာသေချာတယ်” လို့ ယောဒေသအခြေစိုက် ABSDF ကျောင်းသားတပ်မတော်၊ အမှတ် ၃ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ချင်း-စစ်ကိုင်း-မကွေး အစပ်ဒေသရှိ ဗျုဟာအရအရေးပါတဲ့ စစ်ကောင်စီစခန်း ၄ ခု သိမ်းပိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမန်းချက်ထဲမှာ...

- ချင်း-စစ်ကိုင်း-မကွေး အစပ်ဒေသက တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- အင်းတော်မြို့သိမ်းတိုက်ပွဲ ဘယ်လို ထူးခြားသလဲ...

- စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းအခြေအနေ ဘယ်လိုဖြစ်နေသလဲ...

- ဒီနေ့အခြေအနေဟာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ အကောင်းဆုံးအနေအထားဖြစ်တယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

- တော်လှန်ရေးဖက်က ထိုးစစ်တွေ ဆက်တိုက်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, April 19, 2025

ထီးထာဗျုဟာကို KNLA သိမ်းပိုက်... စစ်ကောင်စီက ဗုံးကြဲမှုကို ဆက်တိုက်လုပ်န...


ထီးထာဗျုဟာကို KNLA သိမ်းပိုက်... စစ်ကောင်စီက ဗုံးကြဲမှုကို ဆက်တိုက်လုပ်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၀ ဧပြီ ၂၀၂၅

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထိုင်း-မြန်မာနယ်စပ် ထီးခီး ကုန်သွယ်ရေးဂိတ် အနီးရှိ ထီးထာစစ်ကောင်စီ ဗျူဟာကုန်းကို ဧပြီ ၁၉ ညနေပိုင်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ တနင်္သာရီတိုင်းမ်က ဖော်ပြပါတယ်။

ထိုင်းနယ်စပ်နဲ့ ၅ မိုင်ခန့် အကွာ ထီးထာရွာမှာ အခြေစိုက်ထားတဲ့ ဒီစခန်းကို ဧပြီ ၁၂ မှာ တော်လှန်ရေး တပ်တွေက ထိုးစစ် စဆင်ပြီး စစ်ကောင်စီ တပ်ဘက်က လေကြောင်းပစ်ကူနဲ့ အသေအလဲ ခုခံနေတဲ့ကြားမှာပဲ ဧပြီ ၁၉ ညနေပိုင်းမှာ သိမ်းပိုက်နိုင်တာလို့ KNLA တပ်မဟာ ၄ ဒေသ မြိတ်-ထားဝယ် ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

ဒါ့အပြင်...

- KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေကလည်း ဖားအံ ခရိုင်၊ နဘူး မြို့နယ်တွင်းရှိ လေးဂေါ် (မော်ဂလာ) စခန်းကို ဧပြီ ၁၉ မှာ သိမ်းပိုက်...

- တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကျုံဒိုး-ကော့ရိတ် မြို့နယ်အတွင်းမှာလည်း သင်္ကြန်ကာလက စပြီး တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေ...

- နေပြည်တော်က အေလာ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ဧပြီ ၁၈၊ ည ၈ နာရီမှာ Brave Warriors for Myanmar (BWM) က တိုက်ခိုက်...

- ချောင်းဦးမြို့နယ်၊ ကင်မွန်းတော် ရွာရှိ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်း အခြေချစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှု ရှိနိုင်...

- သပိတ်ကျင်းမြို့နယ်၊ ရေထွက် ကျေးရွာကို ဧပြီ ၁၉ မွန်းလွဲ တနာရီခန့်မှာ တိုက်လေယာဉ်က  ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၁၃ ဦး သေဆုံး...

- ကျောက်တော်မြို့ကို ဧပြီ ၁၉ မနက် ၃ နာရီမှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ် တဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ...

- စစ်ကောင်စီတပ်တွေ လားရှိုးမြို့ထဲ ဝင်နိုင်ရေးအတွက် ဧပြီ ၁၈ မှာ ကြားဝင် ညှိနိုင်ပေးသူထဲမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးသံတမန် တိန်ရှီကျွင်း ကိုယ်တိုင် ပါဝင်ဟုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, April 18, 2025

“NUG ဝန်ကြီးချုပ်နဲ့ အာဆီယံဥက္ကဌတွေ့ဆုံ... လေးမျက်နှာတိုက်ပွဲ စစ်ကောင်စီ...


“NUG ဝန်ကြီးချုပ်နဲ့ အာဆီယံဥက္ကဌတွေ့ဆုံ... လေးမျက်နှာတိုက်ပွဲ စစ်ကောင်စီ အထိနာ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

၁၉ ဧပြီ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အာဆီယံ အလှည့်ကျ  ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်နဲ့ ဧပြီ ၁၈ မနက်ပိုင်းမှာ Teleconference တဆင့် တွေ့ဆုံ တွေ့ဆုံဆွေးနွေးတယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

ဆွေးနွေးတဲ့ အဓိက အကြောင်းအရာ နှစ်ချက် ကတော့ “အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ရေး … မြန်မာပြည်သူတွေဆီကို  လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ထိထိရောက်ရောက် ပေးပို့ ဖြန့်ဝေနိုင်ရေးတို့ ဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဆီယံ ဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်ကလည်း NUG ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အကြောင်း သူရဲ့ ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံမှတ်တမ်း ဖော်ပြထားပါတယ်။ 

ဒါ့အပြင်...

- ဧပြီ ၁၈၊ မနက် ၁၁ နာရီခန့်မှာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကွင်းသုံးဆယ် လမ်းဆုံ လိပ်ကျ ရွာထဲကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ၁၃ ဦးသေပြီး ၂၀ အထိ ဒဏ်ရာရ...

- လေးမျက်နှာမြို့နယ်မှာ AA (အာရက္ခတပ်တော်) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြားတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံး...

- မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ သရက်ချောင်းမြို့နယ်၊ ဝင်းဝ နယ်မြေ ရဲစခန်းကို  တော်လှန်ရေးတပ်တွေက ဝင်တိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ပြီး ကားလမ်မပေါ် ကားတွေ ရာနဲ့ချီ ပိတ်မိနေ...

- လားရှိုးမြို့အုပ်ချုပ်ရေး လွှဲပြောင်း တာဝန်ယူမယ့် စစ်ကောင်စီ တပ်တွေ ဧပြီ ၁၈ မှာ မြို့ထဲဝင်လာတဲ့အတွက် လားရှိုး-သီပေါ လမ်း အပါအဝင် မြိုအဝင် လမ်းအချို့ ပိတ်ထား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“တော်လှန်ရေးအင်အားစုတွေကို အသိအမှတ်ပြုဖို့လိုတယ်ဆိုတာ အာဆီယံက သဘောပေါက်လ...


“တော်လှန်ရေးအင်အားစုတွေကို အသိအမှတ်ပြုဖို့လိုတယ်ဆိုတာ အာဆီယံက သဘောပေါက်လာပြီ”

- ပဒိုစောတောနီး (ပြောခွင့်ရပုဂ္ဂိုလ် - KNU)

(၁၈-၄-၂၀၂၅)

“မြန်မာနိုင်ငံရဲ့ နယ်မြေ ၂၂ % ရာခိုင်နှုန်းလောက်ကိုသာ ထိန်းထားနိုင်တဲ့ နေပြည်တော်အစိုးရတခုတည်းနဲ့ ဆက်ဆံနေလို့မဖြစ်ဘူး။ နယ်မြေအများစုထိန်းထားတဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း အသိအမှတ်ပြုဆက်ဆံဖို့လာပြီဆိုတာကို အာဆီယံ သဘောပေါက်လာတဲ့သဘောဖြစ်တယ်။ ဒါကို အလေးအနက်ကြိုဆိုတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU နိုင်ငံခြားရေးဌာနတာဝန်ခံ၊ ပောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

မနေ့က စစ်ကောင်စီဥက္ကဌနဲ့ သီးခြားတွေဆုံမှုအပေါ် အပြင်းအထန်ဝေဖန်ခံရပြီးနောက် ဒီနေ့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့တဲ့ အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်ရဲ့ ရဲရင့်တဲ့ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ..

- အာဆီယံဥက္ကဌနဲ့ NUG ဝန်ကြီးချုပ်တို့တွေ့ဆုံမှုက အားလုံးပါဝင်တဲ့ အနာဂတ်ဆွေးနွေးပွဲတွေအထိ ရောက်လာနိုင်သလား...

- လက်ရှိ စစ်ကောင်စီက ဗုံးကြဲနေဆဲလား- အာဆီယံ ဥက္ကဌပြောတာကို လက်ခံပါရဲ့လား...

- နယ်စပ်ဒေသထိန်းချုပ်ရေးနဲ့ စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေးကို KNU က ဘယ်လို ဆောင်ရွက်နေသလဲ...

- တနိုင်ငံလုံး စစ်ရေးတိုးတက်မှုအရှိန်ရအောင် ဘယ်လိုဆောင်ရွက်နေကြသလဲ...

- စစ်ကောင်စီက ရွေးကောက်ပွဲဆက်လုပ်မှာလား- ငလျင်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကို ဦးစားပေးမှာလား...

- အာဆီယံနဲ့နိုင်ငံတကာဖက်က ဘယ်သူ့ကို တရားဝင်အသိအမှတ်ပြုရမလဲဆိုတာကို သဘောပေါက်လာပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

 #BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, April 17, 2025

ဘုတ်ပြင်းမြို့က ပျုစောထီးခစန်း PDF သိမ်းပိုက်... ပုသိမ် -မုံရွာ လမ်းမကြီ...


ဘုတ်ပြင်းမြို့က ပျုစောထီးခစန်းကို PDF သိမ်းပိုက်... ပုသိမ် -မုံရွာ လမ်းမကြီးပေါ် တိုက်ပွဲဖြစ်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၈ ဧပြီ ၂၀၂၅

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာ အခြေစိုက်၊ ရွှေဂဲညို ပျူစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျူစောထီး ခေါင်းဆောင် သေဆုံးပြီး လက်နက်မျိုးစုံ ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့ တနင်္သာရီမြို့နယ် ‘ပကဖ’ က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၆၊ မနက် ၃ နာရီမှာ စတင်တိုက်ခိုက်ပြီး ပျူစေထီး ခေါင်းဆောင် သေဆုံး၊ M-79 လောင်ချာတလက်၊ AK-47 သေနတ် ၅ လက်၊ M-16 သေနတ် ၃ လက်နဲ့ ကာဘိုင် တလက် အပါဝင် လက်နက် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ပုသိမ် -မုံရွာ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ ကပစ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦး သေပြီး ၃၀ ခန့် ဒဏ်ရာရ...

- ဧပြီ ၁၇၊  မြန်မာနှစ်ဆန်း ၁ ရက်မှာ မိုးကုတ်မြို့အရှေ့ပိုင်း၊ ကဆုတ် ကျေးရွာနဲ့ ကျုံဒိုးမြို့၊ ကမ်းနီရွာနဲ့ သရက်တောရွာကို စစ်တပ်က ဗုံးကြဲ...

- ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း- နတ်သံကွင်း  လမ်းပေါ်ရှိ စစ်ကောင်စီစခန်းက တပ်သားသစ် တဦးဟာ MA1 သေနတ် တစ်လက်နဲ့ အတူ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းထံ ခိုလှုံလာ...

-  လားရှိုးမြို့ အုပ်ချုပ်ရေးအဖွဲ့တွေကို ဧပြီ ၂၁ ရက်အထိပဲ ရုံးတက်ကြဖို့ MNDAA - ကိုးကန့်တပ်က အသိပေးထား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“လူထုကိုယ်စားပြုအဖွဲ့တွေနဲ့ မတွေ့ပဲ စစ်ကောင်စီဥက္ကဌကိုပဲ ခဏခဏတွေ့နေတာကို...


“လူထုကိုယ်စားပြုအဖွဲ့တွေနဲ့ မတွေ့ပဲ စစ်ကောင်စီဥက္ကဌကိုပဲ ခဏခဏတွေ့နေတာကို ကန့်ကွက်တယ်” 

- ပဒိုစောတောနီး (ပြောခွင့်ရပုဂ္ဂိုလ် - KNU)

(၁၇-၄-၂၀၂၅)

“လူထုကို ပစ်မှတ်ထားပြီး နေ့စဉ် ဗုံးကြဲနေတဲ့ စစ်ရာဇဝတ်ကောင်၊ နယ်မြေအအရလည်း ၂၂ % ရာခိုင်နှုန်းလောက်သာ ထိန်းနိုင်တော့တဲ့ အဖွဲ့ရဲ့ဥက္ကဌကို ခဏခဏခေါ်တွေ့တာဟာ အာဆီယံက မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်။ လူထုကိုယ်စားပြု အဖွဲ့တွေနဲ့ပါ ဆွေးနွေးဖို့လိုတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ကို ဘန်ကောက်ကို ဖိတ်ခေါ်ပြီး အာဆီယံ ဥက္ကဌ မလေးရှားဝန်ကြီးချုပ်က တွေ့ဆုံဆွေးနွေးတာကို KNU အပါဝင် တော်လှန်ရေး အင်အားစုတွေက ဘာကြောင့် ကန့်ကွက်တာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ..

- စစ်ကောင်စီဥက္ကဌကို အာဆီယံက ဖိတ်ခေါ်ဆွေးနွေးတဲ့အပေါ် ဘာကြောင့်ကန့်ကွက်တာလဲ...

- ငလျင်ဘေးအကူအညီတွေက စစ်ကောင်စီကိုချည်းပေးနေတာလား- တော်လှန်ရေးအဖွဲ့တွေဆီ တိုက်ရိုက်ပေးတာမျိုးှရှိလား...

- ငလျင်ကူညီရေးအတွက် တလတာ အပစ်ရပ်တယ်လို့ပြောထားတဲ့ စစ်ကောင်စီက နေ့စဉ် ဗုံးကြဲနေတဲ့အပေါ် အာဆီယံက ဘယ်လိုအရေးယူသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ရေး-နိုင်ငံရေးအခြေအနေ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

 #BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, April 16, 2025

ကလေးမြို့နယ်က စစ်တပ်စခန်း ၄ ခု တော်လှန်ရေးတပ်တွေ သိမ်းပိုက်... စစ်ကောင်စ...


ကလေးမြို့နယ်က စစ်တပ်စခန်း ၄ ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်... စစ်ကောင်စီဥက္ကဌအား အာဆီယံကတွေ့ဆုံမှုကို NUG ကန့်ကွက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၇ ဧပြီ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဆက်စပ်ဒေသရှိ စစ်ကောင်စီ စခန်း ၄ ခု သိမ်းပိုက်ရေး Major Operation မှာ ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်းက ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ABSDF က သတင်းထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးကို ချင်းအမျိုးသားတပ်မတော် (CNA) ကွပ်ကဲမှုနဲ့ ဆောင်ရွက်တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်မှာ ကမ်းပါးနီ စခန်း၊ အဲဒီနောက် မှန်တောရွာနဲ့ အောင်သာယာ (အနောက်) ရွာ စခန်း၊ အခုနောက်ဆုံး ဧပြီ ၁၁ ရက်မှာ ကြံသာ ရွာ စခန်းကို သိမ်းနိုင်ခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက BNN ကို ပြောပြပါတယ်။

ဒီစခန်းသိမ်းပွဲမှာ စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရသူ များတဲ့အပြင် လက်နက် ခဲယမ်းများစွာကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းမိတာကို ဓာတ်ပုံမှတမ်းထဲ တွေ့ရပါတယ်။

ဒ့ါအပြင်...

- ဖားကန့်ကနေ တနိုင်းမြို့သို့ သွားရာ လီဒို လမ်းမပေါ်ရှိ လဝါး ရွာမှာ စစ်ကောင်စီ-ပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ KIA - ကချင်လွတ်လပ်ရေးတပ်မတော် တိုက်ပွဲဖြစ်ပြီး ပြည်သူစစ်တွေက ရွာကို မီးရှို့နေ...

- ဧပြီ ၁၆ သင်္ကြန် အတက်နေ့မှာ သပိတ်ကျင်းမြို့နယ်က လိပ်ကျ ကျေးရွာ၊ မြိုင်နဲ့ ရေစကြိုမြို့နယ် အစပ်ရှိ တောင်ဦးရွာ၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက် ရွာတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်...

- ဒီလို နေ့စဉ် ဗုံးကြဲ တိုက်ခိုက်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ဧပြီ ၁၇ မှာ ဘန်ကောက်သို့ ဖိတ်ခေါ်ပြီး ငလျင်ဘေး ကူညီရေးကိစ္စ ဆွေးနွေးဖို့ ပြင်နေတဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို ကန့်ကွက် တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ EROs အဖွဲ့အချို့က ကြေညာချက် ထုတ်ပြန်...

- တောင်ကြီး အခြေစိုက် PNO - ပအိုဝ်း ပြည်သူ့စစ် တဦးဟာ သေနတ်တလက်နဲ့ အတူ PNLA - ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

 #BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, April 15, 2025

အောင်ဇေယျ စစ်ကြောင်းနဲ့ KNLA တပ် တိုက်ပွဲပြန်ဖြစ်... ရေစကြိုက စစ်ကောင်စီ...


အောင်ဇေယျ စစ်ကြောင်းနဲ့ KNLA တပ် အာရှလမ်းမပေါ် တိုက်ပွဲပြန်ဖြစ်... ရေစကြိုက စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၆ ဧပြီ ၂၀၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ ဧပြီ ၁၄ ကနေ ၁၅ ရက် ညနေပိုင်းအထိ စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းနဲ့ KNLA - ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ KIC - Karen Information Center က ဖော်ပြပါတယ်။

ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းရှိ ငါးတိုင်ရွာမှာ ၁၄ ရက်က စတင်တိုက်ပွဲဖြစ်ပြီး ၁၅ ရက်မှာတော့ ငါးတိုင်အပြင် နွားခြံကုန်း၊ ကောင်းမှု၊ အာရှလမ်း ရင်ကွဲတောင်ဘက်မှာပါ တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ရေစကြိုမြို့အခြေစိုက် ခလရ ၂၈၅ က ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၄ ဦး သေ...

- နွားထိုးကြီးမြို့ပေါ်မှာ စစ်ကောင်စီတပ်သား ၂ ဦးကို တော်လှန်ရေး တပ်တွေက ပစ်ခတ်ရာမှာ သေဆုံးသွားပြီး သေနတ် ၂ လက် ရရှိ...

- အာရက္ခတပ်တော် AA နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တလတာ အပစ်ရပ်ထားတာကို အခွင့်ကောင်း ယူပြီး စစ်ကောင်စီက ညောင်ခြေတောက်နဲ့ ကပစ ၆ ဘက်မှာ အင်အားတွေ ဖြည့်နေ...

- ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တဘက်ကမ်းရှိ ကမ်းနီး စံပြ ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၆ ဦး သေဆုံး၊ သံဃာ ၄ ပါးအပါအဝင် ပြည်သူ ၃၀ ကျော် ဒဏ်ရာရ...

- ဟားခါးမြို့ ခလရ ၂၆၆ ဗျူဟာကုန်းက ပြည်သူ့စစ် ၃ ဦးဟာ လက်နက်တွေနဲ့အတူ CDF-Hakha ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, April 14, 2025

စေတုတ္တရာ တိုက်ပွဲ စစ်ကောင်စီ အထိနာ... သင်္ကြန်ကာလမှာ စစ်သုံ့ပန်းအချို့က...


စေတုတ္တရာ တိုက်ပွဲ စစ်ကောင်စီ အထိနာ... သင်္ကြန်ကာလမှာ စစ်သုံ့ပန်းအချို့ကို AA က ပြန်လွတ်ပေး...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၅ ဧပြီ ၂၀၂၅

မကွေးတိုင်း၊ စလင်း-စေတုတ္တရာ လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး သုံ့ပန်း ၄ ဦးနဲ့ လက်နက် ၅ လက် ရရှိတယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၂ ညပိုင်းမှာ ဝင်တိုက်တာဖြစ်ပြီး မိနစ် ၂၀ အတွင်း စခန်းသိမ်းနိုင်တယ်၊ သုံ့ပန်းတွေ ဖမ်းဆီးပြီး စခန်းကို မီးရှိုခဲ့တယ်လို့ ဗီဒီယို မှတ်တမ်း ဖော်ပြပါတယ်။

ဒါ့အပြင်...

- လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာကနေ ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၈ ဦးသေ၊ ၄ ဦး ဒဏ်ရာရ...

- ကျွန်းစုမြို့နယ်၊ ပဲ့တိုင် ကျေးရွာရှိ ပျူစောထီး အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျူစောထီးတွေ သေဆုံး၊ ဒဏ်ရာရမှု ရှိနိုင်...

- ဖလမ်း မြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ KRF ကလေးဒေသ တော်လှန်ရေးတပ် ရဲဘော်တွေကို ဒေသခံ လူထုက အခမ်းအနားနဲ့ ကြိုဆို...

- မြန်မာ့နှစ်သစ်ကူး အခါသမယကို ကြိုဆိုတဲ့အနေနဲ့ AA အာရက္ခတပ်တော်နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF တို့က စစ်သုံ့ပန်းတွေ ရာနဲ့ချီ ပြန်လွတ်ပေး...

- ဧပြီ ၁၄ သင်္ကြန် အကျနေ့ ကနီမြို့နယ်၊ အင်းတော်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်အပါဝင် အလှူပွဲ- သြက်န်ပွဲကျင်းပတဲ့နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးဆက်ကြဲ...

- စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆီ ဖိတ်ခေါ်ပြီး ငလျင်ကူညီရေးကိစ္စ ဆွေးနွေးဖို့ရှိတယ်လို့ အာဆီယံ ဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်က အသိပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

ထီးထာရွာလေးသို့ သတိရခြင်း... (မူကြမ်း)

 ထီးထာရွာလေးသို့ သတိရခြင်း... (မူကြမ်း) 


(၁၄- ၄- ၂၀၂၅)


(၁)

“ထီးထာဗျုစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်နေပြီ၊ စစ်တပ်က လေကြောင်းပစ်ကူသုံးနေလို့ စခန်းသိမ်းနိုင်ရေး နည်းနည်းကြန့်ကြာနေတယ်”လို့ မနေ့က သတင်းတွေဖတ်ရတော့ တချိန်က ထီးထာရွာလေးအကြောင်း ခေါင်းထဲမှာ ပြန်ပေါ်လာပါတယ်။









တကယ်ဆို ထီးထာရွာကို စာရေးသူ ပထမ ဆုံးအခေါက်ရောက်ခဲ့ဖူးတာ ၁၉၈၈ အောက်တိုဘာလဆန်းလို့ထင်ပါတယ်။ တောထဲရောက်ပြီး တလဝန်းကျင်အကြာမှာ ဘန်းချောင်း (အခုသတင်းထဲမှာပါတဲ့ ကျောက်ထုစခန်းဖက်ကနေ) ကနေ ထီးထာဖက်ရောက်လာတာပါ။ နောက်ဆုံးရောက်ခဲ့ဖူးတာ ၁၉၉၇ ဖေဖေါ်ဝါရီ ၂၀ ဝန်းကျင် မင်းသမီးခစန်းခွာစစ်အချိန်ဆိုတော့ ပြန်မရောက်တာ ၂၈ နှစ်ရှိသွားပြီပေါ့။


၂၀၁၃ တုန်းက ABSDF ကျောင်းသားစခန်းဟောင်းနေရာမှာ အာဇာနည်ဗိမာန် လုပ်မယ်ဆိုပြီး အဲဒီဒေသဆီ တခေါက်ရောက်ဖြစ်ခဲ့ပေမယ့် ထီးခီး-အလယ်စတိုလမ်းကနေ ဝင်တာကြောင့် ထီးထာကို မဝင်ဖြစ်လိုက်ဘူး။

---


(၂)- 


၁၉၈၈ အောက်တိုဘာကနေ ၁၉၉၇ ဖေဖေါ်ဝါရီအထိ ၁၀ နှစ်တာအတွင်း ထီးထာရွာလေးဆီ စာရေးသူအပါဝင် ABSDF ကျာင်းသားတွေ (ကရင်အခေါ် ကျိုးဖိုးတွေပေါ့) မကြာခနရောက်ဖြစ်ကြ...


ထီးထာ အထက်တန်းကျောင်းရှေ့က နော်ဖောကေလာ လဖက်ရည်ဆိုင်မှာ လက်ဖက်ရည်တခွက်နဲ့ လဖက်သုတ်တပွဲလောက်ကို ရဲဘော် ၁၀ ယောက်လောက် ဝိုင်းရှယ် သုံးဆောင်ပြီး သကာလ ထီးထာကျောင်းက မူကနော်တွေကို ငေးကြည့်ခဲ့ကြဖူးတဲ့အကြောင်း...


ကိုယ်တွေက လက်နက်ကိုင်တော်လှန်ရေးသမားသာဆိုတယ် (ထီးထားရွာထဲသွားရင်တော့ လက်နက်မပါကြပါဘူး။ ကျိုးဖိုးတွေက နောက်တန်းမှာ လက်နက်မကိုင်ဘူး) ကိုယ့်ဘာသာ ကျောင်သားလို့ခံယူထားဆဲ- လဖက်ရည်ဆိုင်ထိုင်တာကို အရသာတွေ့နေဆဲကာလပေါ့။


အဲဒီ ထီးထာရွာနဲ့ ကျိုးဖိုးတွေရဲ့ အမရာစခန်း (မင်းသမီးစခန်း) က ၃ ကီလိုလောက်ဝေးပါတယ်။ အခုခေတ် PDF လူငယ်တွေဆိုရင်တော့ ဆိုင်ကယ် သို့မဟုတ် ကားနဲ့သွားကြမှာပေါ့။ ကိုယ်တို့ခေတ်ကတော့ တပ်ရင်းတခုလုံးမှ ဆိုင်ကယ်တစီး (ဒါတောင် အမြဲတန်းလိုလိုပျက်နေတာ) နဲ့ စက်လှေတစီးပဲရှိတာ။


ဒီတော့ ဖုန်ထူထူမှာ နေပူခံပြီး သစ်မှောင်ခိုလမ်းအတိုင်း ကုန်းကြောင်းလျောက်ပေါ့။ စခန်းကနေ ဒီတိုင်းထွက်လို့က မရပြန်၊ ဘာအကြောင်းပြ- ညာအကြောင်းပြပြီး စခန်းပြင်ထွက်ခွင့်လက်မှတ်ကလည်း ယူရသေး...။


အဲဒီထီးထာရွာကို မဝင်ခင်မှာ အမရာကတက်လာတဲ့လမ်းနဲ့ ထီးခီးကနေ ဆင်းလာတဲ့လမ်းက ရွာအဝင် KNDO ကုန်းနားက စစ်ဆေးရေးဂီတ်မှာ ဆုံပါတယ်။ ဒီဖက်ချမ်းမှာက တနသာၤရီမြစ်၊ အဲဒီမြစ်ဘေးမှာ ရွာတည်ထားတာ။ KNDO ကုန်းကနေ ဆင်းလာရင် ထောင် ရောက်မယ်၊ ပြီးရင် ထီးထာရွာထဲရောက်မယ်၊ အိမ်တွေက ထိုင်းစတိုလ် ဆောက်ထားကြတာ။


အိမ်ခြေ ၂၀၀ ကျော်၊ ၃၀၀ လောက်ရှိမလားပဲ... သန်ခေါင်းစာရင်းကောက်သလို နေရာအနှံ့ သွားလို့ရတဲ့ခေတ်မဟုတ်တော့ စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ ဆေးရုံတွေ လောက်ပဲ ကျိုးဖိုးတွေက အသွားများပါတယ်။ မူကနော် တွေကလည်း အဲဒီအရပ်တွေမှာပဲ များတယ်ဆိုတော့ကာ...။

---


(၃) 


အခု ၂၈ နှစ်ကြာပြီးချိန်မှာတော့ ထီးထာဗျုဟာစခန်းကို (၁၉၉၇ ဖေဖေါ်ဝါရီမှာ တော်လှန်ရေးတပ်တွေ ဒီရွာကနေ ဆုတ်ပေးလိုက်ရပြီးနောက် စစ်တပ်က စခန်းချထားတဲ့နေရာ) တော်လှန်ရေးတပ်တွေက ပြန်တိုက်နေပြီ၊ မကြာခင် သိမ်းနိုင်တော့မယ်- ဒီလို သတင်းတွေ ဖတ်ရပါတယ်။


သတင်းတွေကို ဆက်စပ်လိုက်ဖတ်ကြည့်တော့ ထီးထာဗျုဟာ ဟာ ဒီဒေသမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီစခန်းပါပဲ။ (ထီးခီးကို သိမ်းပိုက်တဲ့သတင်း မကြားမိပေမယ့် သိမ်းထားပြီပြီလို့ သတင်းခုမှာတွေ့ရ) အရင်နှစ်တွေက ဘန်းချောင်ဖက်က ကျောက်ထုစခန်း၊ ပြီးတော့ နယ်စပ်ဖက်က မောထာ၊ အောင်သာဝရ၊ ကမာပုလောစခန်းတွေကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။


ဆိုတော့ ထီးထာဗျုဟာကုန်းကို သိမ်းပြီးရင် မေတ္တာကနေ ထိုင်းနယ်စပ်အထိ စစ်ကောင်စီ ကင်းစင်သွားပြီ၊ တနည်းအားဖြင့် စာရေးသူတို့ တောစခိုတဲ့ ၈၈ ကာလလို လွတ်မြောက်ဒေသ အကျယ်ကြီး ပြန်ဖြစ်သွားပြီဆိုတဲ့သဘောဖြစ်ပါတယ်။


တချို့က ဝေဖန်နိုင်ပါတယ်။ သူများတွေက မြို့သိမ်းနေချိန်မှာ ခင်ဗျားတို့က နယ်စပ်စခန်းလေးသိမ်းတာကို ဘာကြောင့်အရေးတယူ စာဖွဲ့နေတာလဲ...ဆိုပြီး...။


ဒီလိုရှိပါတယ်- အူးလေးဒေ...။ နယ်စပ်စခန်းတွေသိမ်းပိုက်ရေးဟာလည်း KNU တွက်တော့ မြို့သိမ်းသလိုပဲ အရေးကြီးပါတယ်။ ထီးထာကို သိမ်းလိုက်နိင်ခြင်းက ထားဝယ်-ကန်ချနပူရီလမ်းနဲ့ ထီးခီးကုန်သွယ်ရေးဂိတ်ကို လုံး၀ ထိန်းထားနိုင်လိုက်တာဖြစ်ပါတယ်။


ဒုတိယ အချက်က ဒီစခန်းတွေကိုသိမ်းဖို့၊ စစ်ကောင်စီတပ်ကို အပြတ်တိုက်ဖို့ဆိုတာ ဖထီးတွေကြားမှာ သဘောတရားအရ အတော်ငြင်းခုန်ပြီးမှ လုပ်ခဲ့ရတယ်လို့ ထင်ပါတယ်။ 


အစောပိုင်းသတင်းတွေအရဆိုရင် မြို့နဲ့နီးတဲ့ စခန်းတွေကိုပဲ တိုက်ပါ၊ ထီးခီးကားလမ်းနဲ့ ကုန်သွယ်ရေးအတွက် နေရာတွေကို လွတ်ပေးထားပါ။ တိုက်တဲ့နေရာတိုက်- ဖက်စပ် စီးပွားရေးလုပ်တဲ့နေရာလည်းလုပ်- ဒီလို မပြတ်မသား မူဝါဒနဲ့သွားနေတာ ၄ နှစ်ကြာပြီးမှ အခုလို တိုက်လာတဲ့အတွက် ဒါဟာ စစ်ရေးအရ အပြင် နိုင်ငံရေးအရေပါ အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။


နောက်တချက်က ထီးခီး-ထီးထာဆိုတာဟာ (အများသိတဲ့ KNLA တပ်မဟာ ၄ ဒေသ) လက်ရှိ KNU ဥက္ကဌ ပဒိုကွယ်ထူးရဲ့ အခြေခံဒေသတွေပါ။ ဒီဒေသရှိ စစ်ကောင်စီတပ်ကို ရှင်းတယ်ဆိုတာဟာ KNU ဗဟိုရဲ့သဘောထားလို့လည်း ဆိုနိုင်ပါတယ်။


နောက်- တဆက်တစပ်တည်းစဉ်းစားမိတာက (စစ်တပ်ကို အပြတ်မတိုက်တာ KNLA တပ်မဟာ ၄ နဲ့ တပ်မဟာ ၇ လို့အစောပိုင်းက ဝေဖန်မှုတွေရှိတာ လူတိုင်းသိပါတယ်) တပ်မဟာ ၇ ကလည်း မာနယ်ပလောဌာနချုပ် စခန်းဟောင်းနေရာကို ဒီဇင်ဘာမှာသိမ်းတယ်၊ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်မှာ DAB တပ်ပေါင်းစု ဖွဲ့စည်းခဲ့တဲ့နေရာ ကလယ်ဒေးစခန်းကိုသိမ်းတယ်။ ဒီလိုဖြစ်စဉ်တွေဟာ တပြိုင်တည်း လိုလိုဖြစ်ပေါ်လာတာပါ။


ဒါကြောင့် တပ်မဟာ ၇ နဲ့ တပ်မဟာ ၄ တွေရဲ့ နယ်စပ်ဒေသရှိ စစ်ကောင်စီစခန်းတွေကို အပြတ်ရှင်းတာဟာ ထူးခြားတဲ့ ပေါ်လစီတိုးတက်မှုလို့ ပြောရခြင်းဖြစ်ပါတယ်။


ဒီနယ်စပ်ကစခန်းတွေသိမ်းရေးဟာ အခြားအဖွဲ့တွေက မြို့သိမ်းသလိုပဲ KNU အတွက် အရေးပါတယ်လို့ပြောရခြင်းဖြစ်ပါတယ်။ 


ဒီနယ်စပ်စခန်းသိမ်းပွဲတွေကနေတဆင့် KNLA နဲ့ PDF တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းလာပြီး ရခိုင်၊ ချင်း၊ အညာ၊ ကချင်၊ ရှမ်းမြောက်၊ ကရင်နီဒေသတွေလိုပဲ ကရင်နဲ့ ဆက်စပ်ဒေတွေမှာ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ အရှိန်ကောင်းလာမယ်လို့ မျှော်လင့်မိပါတယ်။.  ။


Sunday, April 13, 2025

ထီးခီးကုန်သွယ်ရေးဂိတ်အနီးက ထီးထာဗျုဟာကို KNLA တိုက်ခိုက်... ကလေးမြို့က စ...


ထီးခီးကုန်သွယ်ရေးဂိတ်အနီးက ထီးထာဗျုဟာကို KNLA တိုက်ခိုက်... ကလေးမြို့က စစ်တပ်စခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၄ ဧပြီ ၂၀၂၅

ထားဝယ်-ကန်ချနပူရီ နယ်စပ်ကုန်သွယ်ရေး ကားလမ်မပေါ်က အရေးပါတဲ့ ထီးထာ ဗျူဟာကုန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်က ဧပြီ ၁၂ မှာစတင် တိုက်ခိုက်ပြီး ၁၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ Dawei Watch က ဖော်ပြပါတယ်။

တော်လှန်ရေး ပူးပေါင်းတပ်တွေက အသာစီးရထားပေမယ့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူသုံးနေတာကြောင့် စခန်းသိမ်းဖို့ ကြန့်ကြာနေတာလို့ စစ်ဖက် သတင်းရပ်ကွက်တွေက ဆိုပါတယ်။

ဒါ့အပြင်...

- သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင်ရှိ စစ်ကောင်စီ တပ်စခန်းဆီ စစ်ကူလာတဲ့ အဖွဲ့ကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်ကောင်စီရဲ့ ဒု-တပ်ရင်းမှူးအပါဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းမိ...

- ကလေးမြို့နယ်၊ ကြံသာရွာက စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်း စခန်းကို တော်လှန်ရေး တပ်တွေက ဧပြီ ၁၁ ရက်မှာ သိမ်းပိုက်ပြီး လက်နက်ခဲယမ်း များစွာ ရရှိ...

- နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ TNLA  တိုက်ပွဲ ပြင်းထန်နေပြီး မဲပုတ်ရွာအထိ စစ်ကောင်စီ စစ်ကြောင်းရှေ့တိုးလာ...

- င်္သကြန်အကျနေ့ ဧပြီ ၁၃ မှာ ကျောက်တော်၊ မင်းတပ်၊ ဝန်းသို၊ ကောလင်း၊ တန့်ဆည်အပါဝင် မြို့ပေါင်း တဒါဇင်ခန့်ကို စစ်ကောင်စီ ဗုံးကြဲ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, April 12, 2025

“ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး၊ စစ်ကောင်စီပြုတ်အောင် ဘယ်လိုတိုက်မလဲပဲ စ...


“ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး၊ စစ်ကောင်စီပြုတ်အောင် ဘယ်လိုတိုက်မလဲပဲ စိတ်ဝင်စားတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပအဖ)

(၁၃- ၄- ၂၀၂၅)

“ရွေးကောက်ပွဲကို ကျနော်တို့စိတ်မဝင်စားဘူး၊ ရွေးကောက်ပွဲမပြီးခင် စစ်ကောင်စီပြုတ်ကျအောင် ဘယ်လိုတိုက်ကြမလဲဆိုတာပဲ စိတ်ဝင်စားတယ်” လို့ မင်းတပ်မြို့နယ် ပအဖ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ချင်းညီနောင်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။

လာရှိုးကို ပြန်ပေးရမယ်ဆိုတဲ့သတင်းတွေ၊ စစ်ကောင်စီဖက်က ရွေးကောက်ပွဲနဲ့ အချိန်ဆွဲဆန့်မယ့် ဗျုဟာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- လားရှိုးကို ပြန်ပေးရမယ်ဆိုတဲ့သတင်းတွေအပေါ်  တော်လှန်ရေးထဲက လူငယ်တွေ ဘယ်လိုအမြင်ရှိသလဲ...

- AA ၁၆ နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ပေးပို့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ကြညာချက်က ဘယ်လိုထူးခြားသလဲ...

- ချင်း၊ ရခိုင်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး ဧရာဝတီမြစ်အနောက်ဖက်ကမ်းနဲ့ အညာ၊ ကချင်၊ ရှမ်းမြောက် ဆက်စပ်ဒေသတခုလုံး လွတ်မြောက်နယ်မြေဖြစ်ရေး ဘယ်လောက် အရေးကြီးသလဲ...

- ၂၀၂၅ နှစ်လယ်ပိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ မြင်လာရနိုင်သလား...

- စစ်အာဏာရှင်ကိုဖြုတ်ချပြီး ကောင်းမွန်တဲ့အစိုးရတရပ်ပေါ်လာအောင်လုပ်ရေးဟာ အကောင်းဆုံး ပရဟိတလုပ်ငန်းလို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, April 11, 2025

“ဖလမ်းနဲ့ အင်းတော်တိုက်ပွဲမှာ ၄ နှစ်သား တော်လှန်ရေးတပ်တွေရဲ့ စွမ်းဆောင်ရ...


“ဖလမ်းနဲ့ အင်းတော်တိုက်ပွဲမှာ ၄ နှစ်သား တော်လှန်ရေးတပ်တွေရဲ့ စွမ်းဆောင်ရည်ကို ကောင်းကောင်းမြင်နိုင်ပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပအဖ)

(၁၂- ၄- ၂၀၂၅)

“ဧပြီ ၇ ရက်နေ့မှာ တပြိုင်တည်းသိမ်းပိုက်လိုက်တဲ့ ဖလမ်းနဲ့ အင်းတော်တိုက်ပွဲမှာ ၄ နှစ်သား တော်လှန်ရေးတပ်တွေရဲ့ စွမ်းဆောင်ရည်ကို ကောင်းကောင်းမြင်နိုင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေ CDM အမြန်လုပ်ဖို့၊ စစ်သားတွေ ပြည်သူ့ရင်ခွင် အမြန်ခိုလှုံဖို့လိုတယ်၊ စခန်းကို ဝိုင်းမိမှ လုပ်ရင် သိပ်နောက်ကျသွားလိမ့်မယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ချင်းညီနောင်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။

ဖလမ်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွေ ဘာကြောင့် ဒီလောက်အချိန်ကြာသလဲ၊ ဘယ်လိုထူးခြားချက်တွေ တွေ့ရသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...

- ဖလမ်းတိုက်ပွဲ ဘာကြောင့် ၅ လအထိကြာခဲ့ရသလဲ- ဘယ်လိုထူးခြားချက်တွေ တွေ့ရသလဲ...

- မင်းတပ်မြို့အုပ်ချုပ်ရေး ဘယ်လိုဆောင်ရွက်နေသလဲ- လေကြောင်းရန်ကာကွယ်ရေး ဘယ်လိုဆောင်ရွက်ကြမလဲ...

- ဖလမ်းနဲ့ အင်းတော်တိုက်ပွဲမှာ ၄ နှစ်သားတော်လှန်ရေးတပ်တွေရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုတွေ့ခဲ့ရသလဲ...

- NUG က တကယ်ပြုပြင်ပြောင်းလဲရေး လုပ်နေပြီလား...

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

အင်းတော်ကြီးဒေသမှာ SNA နဲ့ KIA တိုက်ပွဲဖြစ်... စစ်ကောင်စီက တရုတ် ဒရုန်းပ...


အင်းတော်ကြီးဒေသမှာ SNA  နဲ့ KIA တိုက်ပွဲဖြစ်... စစ်ကောင်စီက တရုတ် ဒရုန်းပညာရှင်တွေအသုံးပြုနေဟု KNU ပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၂ ဧပြီ ၂၀၂၅

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီး ရှမ်းနီပြည်သူ့စစ် SNA တပ်နဲ့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ကြား တိုက်ပွဲဖြစ်ပြီး ပြည်သူ့စစ် ၅ ဦးသေ၊ လက်နက်အချို့သိမ်းမိတယ်လို့ The 74 Media က ဖော်ပြပါတယ်။

ဧပြီ ၁၁ ရက် မနက် ၈ နာရီခန့်မှာ SNA တပ်က နန့်မွန်းမြို့အနီးရှိ ဆနွင်းကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် KIA ဘက်က ပြန်တိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း လမ်းကို တော်လှန်ရေးတပ်တွေက စစ်ဆေးရေးလုပ်နေစဉ် ယာဉ်တစီး မရပ်ဘဲ  နောက်ပြန်ဆုတ် ထွက်ပြေးတဲ့အတွက် ပစ်ခတ်ရာမှာ စစ်ဗိုလ်တဦး သေဆုံး၊ လက်နက်တလက် ရရှိ...

- ပခုက္ကူမြို့ စက်မှုန်ဇုံ ရထားဘူတာနဲ့ အိမ်ဖြူတော် KTV အနီး ရောက်လာတဲ့ စစ်ဖက် အရာရှိတဦးရဲ့ကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ဗိုလ်နဲ့ KTV ပိုင်ရှင် သေဆုံး...

- ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင် လမ်းမကြီးကို ထိန်းချုပ်နိုင်ရေး … နယ်မြေရှင်း တိုက်ပွဲမှာ စစ်ကောင်စီက တရုတ်နိုင်ငံသား ဒရုန်းနည်းပညာရှင် ၅ ဦးရဲ့ အကူအညီနဲ့ တိုက်ခိုက်နေတယ်လို့ KNU ဘိတ်-ထားဝယ် ခရိုင် တာဝန်ရှိသူတဦးက ပြော...

- ကျောက်တံခါး မြို့နယ် ပဲနွယ်ကုန်း- နတ်သံကွင်း  လမ်းပေါ်ရှိ စစ်ကောင်စီ စခန်းက စစ်သားသစ် တဦး MA 1 သေနတ် တစ်လက်နဲ့အတူ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းထံ ခိုလှုံ...

- ဆားလင်းကြီး မြို့နယ် မြို့မ ရဲစခန်းက ဒု-တပ်ကြပ် တဦး G3 တလက်ယူလာပြီး မိသားစုနဲ့ အတူ ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းထံ ခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, April 10, 2025

ချင်းနဲ့ စစ်ကိုင်းကို စစ်တပ်က ဗုံးဆက်ကြဲ ... စစ်အာဏာရှင်ပြုတ်တဲ့အထိ ချီ...


ချင်းနဲ့ စစ်ကိုင်းကို စစ်တပ်က ဗုံးဆက်ကြဲ ...  စစ်အာဏာရှင်ပြုတ်တဲ့အထိ ချီတက်မယ်လို့ ညီနောင် ၃ ဖွဲ့ကတိပြု... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၁- ၄- ၂၀၂၅)

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်တဲ့ အညာဒေသက Myingyan Black Tiger (MBT)အဖွဲ့က သူတို့ ရဲဘော်တွေ ဖလမ်းမြို့တွင်း အောင်ပွဲခံနေတဲ့ ဗီဒီယို ပုံတွေ ထုတ်ပြန်ပါတယ်။

ချင်းညီနောင် ဦးဆောင်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ အညာဒေသက PDF အဖွဲ့ ၁၀ ဖွဲ့ခန့်ပါဝင်တာတွေ့ရပြီး AA အာရက္ခတပ်တော်က စစ်လက်နက်နဲ့ စစ်ရေးအကြံပေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- ဖလမ်းမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့မဆိုင်တဲ့ မင်းတပ်မြို့နယ် ဖွီကျေးရွာနဲ့ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို လေယာဉ်နဲ့ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါဝင် ဒေသခံ ၁၂ ဦးသေဆုံး...

- နတ်မောက်မြို့ တောင်ဘက်အထွက်မှာရှိတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်ကို Aung San's Land Natmauk အဖွဲ့က ဝင်တိုက်ရာမှာ စစ်သား ၅ ဦးသေဆုံး...

- ကော့သောင်းမြို့နယ်၊ အေးချမ်းသာကျေးရွာရှိ လုပ်ငန်းရှင်တွေဆီကနေ ငွေကြေးကောက်ခံပြီးပြန်လာတဲ့ ရဲကားတစီးကို ကော့သောင်းမြိုန့ယ် ပကဖ က တိုက်ခိုက်ရာမှာ စခန်းမှူးအပါဝင် အရာရှိ ၃ ဦးသေဆုံး၊ လက်နက် ၆ လက်ရရှိ...

- မောတောင်ကုန်သွယ်ရေးမြို့နဲ့ တနသာင်္ရီမြို့ကြား ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ KNLA- ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေ၊ လက်နက်တလက်သိမ်းမိ...

- ၁၀၂၇ စစ်ဆင်ရေးဟာ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံး အစပြု စစ်ဆင်ရေးဖြစ်ပြီး အဲဒီကတဆင့် တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ လက်တွဲချီတက်ရန် ကတိပြုပါတယ်လို့  မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ကတိပြု...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, April 9, 2025

ဖလမ်း မြို့သိမ်းတိုက်ပွဲ လက်နက်များစွာသိမ်းမိ... တပ်မ ၇၇ မှူးကို လက်ရဖမ...


ဖလမ်း မြို့သိမ်းတိုက်ပွဲ လက်နက်များစွာသိမ်းမိ...  တပ်မ ၇၇ မှူးကို လက်ရဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၀ ဧပြီ ၂၀၂၅

ချင်းပြည်နယ်၊ ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ ဟောင်ဝစ်ဇာ အမြောက် အပါအဝင် လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းမိတယ်လို့ ချင်းညီနောင် စစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖလမ်း မြို့သိမ်း စစ်ဆင်ရေးကို နိုဝင်ဘာ ၉ မှာစတင်ပြီး အခု ဧပြီ ၉ သတင်းထုတ်ပြန်ချိန်အထိ ၅ လကြာ တိုက်ခိုက်ခဲ့ရပါတယ်။ စစ်ကောင်စီဘက်က  ဖလမ်းမြို့ မကျရေးတွက် မြို့စောင့်တပ် ခလရ ၂၆၈ အပြင် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၂ ခုပါ စစ်ကူရောက်လာပြီး လေကြောင်းပစ်ကူနဲ့ အကြိမ် ၁,၀၀၀ ကျော်  ဗုံးကြဲတာကြောင့် ၅ လအထိ အချိန်ယူ တိုက်ခိုက်ခဲ့ရတာလို့ ဖော်ပြပါတယ်။

ဒီစစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့က ဦးဆောင်ပြီး မကွေး-စစ်ကိုင်း ဒေသက PDF အဖွဲ့တွေ၊ ယော ဒေသက တပ်တွေ ပါဝင်တိုက်ခိုက်ပြီး AA အာရက္ခတပ်တော်က လက်နက်ခဲယမ်းနဲ့ စစ်ရေး အကြံပေး ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင်...

- အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း  ထွက်ပြေးသွားတဲ့ တပ်မ ၇၇ တပ်မမှူးနဲ့ အင်အား ၁၀၀ ခန့်ရှိအဖွဲ့ကို PDF တပ်တွေက လက်ရ ဖမ်းမိ...

- အင်းတော် ဘေးနားက ဝန်းသိုမြို့နယ်ကို ဧပြီ ၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၀ ခန့် သေဆုံး...

- ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အကြား ဆွေးနွေးရေးအတွက် ရှေ့ပြေးညှိနှိုင်းမှုတွေ စတင်နေပြီလို့ KIA အဆင့်မြင့် အရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က အသိပေး...

- ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများတဲ့အပြင် သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိ...

- ရွှေဘိုမြိုနယ် ဇီးဖြူကုန်း ပျူစောထီးရွာက ပြည်သူ့စစ်တဦး  G3 သေနတ်တစ် လက်နဲ့ အတူ ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းထံ ခိုလှုံ...

- သံတောင်ကြီးအခြေစိုက် ခမရ ၅၉၂ က တပ်သားတဦး MA1 သေနတ် တလက်နဲ့အတူ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ ထံ ခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, April 8, 2025

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းမိ... ၁၀၂၇ စစ...


အင်းတော်မြို့သိမ်းတိုက်ပွဲမှာ လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းမိ... ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးသူတွေကို ဂုဏ်ပြု... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

၉ ဧပြီ ၂၀၂၅

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ဟောင်ဝစ်ဇာ ၂ လက်၊ ၁၂၀ မမ ၂ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ရာနဲ့ချီ သိမ်းဆည်းရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီမြို့ကို သိမ်းနိုင်ဖို့ ၈ လကျော်ကြာ တိုက်ခဲ့ရပြီး နောက်ဆုံး ကျန်နေတဲ့ ဂျပန်လိုဏ်ဂူစခန်းကနေ တပ်မ ၇၇ တပ်မမှူး ဦးဆောင်တဲ့အဖွဲ့ ဧပြီ ၇ ရက်၊ ည ၉ နာရီခန့်မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားချိန်မှာ တမြို့လုံးကို သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီလို သိမ်းနိုင်ဖို့ တော်လှန်ရေးတပ်တွေဘက်က လနဲ့ချီ ပိတ်ဆို့ ဖြတ်တောက်ထားတဲ့အတွက် စစ်ကူ မလာရောက်နိုင်ခြင်း၊ မြေပြင်ကနေ လက်နက်ရိက္ခာ ထောက်ပို့ မလုပ်နိုင်တော့ခြင်း၊ ထိခိုက် သေဆုံးမှု များပြားခြင်းတို့ကြောင့် နောက်ဆုံးမှာ တပ်မမှုးနဲ့အဖွဲ့ ထွက်ပြေးသွားရတာလို့ ဖော်ပြပါတယ်။

ဒီစစ်ဆင်ရေးကို အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် ကသာခရိုင် တပ်ရင်း အမှတ် ၁၊ ၂၊ ၃ နဲ့ ၄ … အမှတ် ၁ အထူးတပ်ရင်း (SR-1) … အမှတ် ၁၀ အထူးတပ်ရင်း (SR-10) … အင်းတော်၊ ဗန်းမောက် နဲ့ ကသာ ‘ပကဖ’ တွေ၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း အမှတ် ၅၀၉၊ ၅၁၀ နဲ့ ၅၁၂ … ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း ၁၁ နဲ့ ၁၄ … ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ က အထူးစစ်ကြောင်း … မိုးညှင်း KPDF … ကလေးခရိုင် အမှတ် ၁၀ တပ်ရင်းနဲ့ ဒေသတွင်းရှိ လက်နက်ကြီးအဖွဲ့တွေ၊ ဒရုန်းအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒေသတွင်း မီဒီယာတွေမှာတော့ အင်းတော် တိုက်ပွဲဟာ စစ်ကောင်စီ တပ်မမှုးအဆင့် ထိုင်တဲ့စခန်းတခုကို PDF တွေ ဦးစီး တိုက်ခိုက် နိုင်တဲ့ ပထမဆုံး တိုက်ပွဲဖြစ်ပြီး ဒီမြို့ဟာ ကချင်၊ စစ် ကိုင်းနဲ့ မန္တလေးတိုင်းရဲ့ ဗျူဟာကျတဲ့ နေရာမှာ ရှိတယ်လို့လည်း  ဖော်ပြပါတယ်။

ဧပြီ ၇ တရက်တည်းမှာပဲ ချင်းပြည်နယ် ဖလမ်း မြို့ကိုလည်း ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ဖလမ်းကိုလည်း နိုဝင်ဘာ ၉ ကနေ ဧပြီ ၇ ရက်အထိ ၅ လကျော် တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ တိုက်ပွဲသတင်း အသေးစိပ်ကို မကြာခင် ထုတ်ပြန်မယ်လို့ ချင်းညီနောင်အဖွဲ့က ပြောထားပေမယ့် ဧပြီ ၈ ရက် ညနေပိုင်းအထိတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒါ့အပြင်...

- မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီတပ် အထိုင်ဂိတ်ကို တော်လှန်ရေးတပ်တွေက အနီးကပ် ဝင်ရောက်ပြီး တိုက်ခိုက်ရာမှာ စစ်သား ၁၄ ဦးသေ၊ ၈ ဦး ဒဏ်ရာရ...

- ၁ဝ၂၇ စစ်ဆင်ရေး အပါအဝင် အထူးဒေသ ၁ တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ရဲဘော်တွေအတွက် အောက်မေ့ဖွယ် ဂုဏ်ပြုခြင်းအခမ်းအနားကို ရန်လုံကျိုင်း သူရဲကောင်းဗိမာန်မှာ ကျင်းပ...

- ရေစကြိုမြို့နယ်၊ မြစ်ချေ၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးက တပ်ကြပ်တဦးဟာ MA2 သေနတ် တလက်နဲ့အတူ Southern YSO PDF ထံ ခိုလှုံ...

- တီးတိန် အခြေစိုက် ခလရ ၂၆၉ က အသက် ၂၀ ကျော်အရွယ် စစ်သားသစ် ၂ ဦး လက်တွေနဲ့ အတူ PDF Zoland ထံ ခိုလှုံ...

- ဟားခါးမြို့က ရဲတပ်သား တစ်ဦးဟာလည်း လက်နဲ့အတူ CDF-Hakha ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ဆန်ဝေ ဆီဝေ ကိစ္စတွေထက် ကယ်ဆယ်ရေးနဲ့ ပြိုကျအဆောက်ဦတွေ ရှင်းလင်းရေးကို ဦး...


“ဆန်ဝေ ဆီဝေ ကိစ္စတွေထက် ကယ်ဆယ်ရေးနဲ့ ပြိုကျအဆောက်ဦတွေ ရှင်းလင်းရေးကို ဦးစားပေးသင့်တယ်” 

- ဦးဝင်းမျိုးသူ (သဘာ၀ ဝတ်ဝန်းကျင်ရေးရာ ပညာရှင်)

(၈- ၄- ၂၀၂၅)

“စစ်ကောင်စီ တာဝန်ရှိသူတွေအနေနဲ့ ဆန်ဝေ ဆီဝေ ကိစ္စတွေထက် ကယ်ဆယ်ရေးနဲ့ ပြိုကျအဆောက်ဦတွေ စနစ်တကျ ရှင်းလင်းရေးကို ဦးစားပေးသင့်တယ်” လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

မတ်လ ၂၈ က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် အဓိကခံခဲ့ရတဲ့ မန္တလေးမြို့ ကယ်ဆယ်ရေးအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ငလျင်ကြောင့်ပြိုတဲ့ ကိုယ်အိမ်တွေကို စစ်ကောင်စီက လျော်ကြေးမပေးတဲ့အပြင် ကိုယ်အိမ်ကိုယ်တာဝန်ယူရှင်းရမယ်လို့ပြောနေတာတွေဟာ နည်းမှန်လမ်းမှန် ဟုတ်ရဲ့လား...

- အိမ်တွေ၊ အဆောက်ဦတွေပြိုကျမှုအတွက် ဆောက်လုပ်ခွင့်ပေးသူနဲ့ အရည်ချင်းစစ်သူတွေကို အရေးယူဖေါ်ထုတ်နိုင်တဲ့စနစ် မြန်မာနိုင်ငံမှာ ရှိသလား...

- အိမ်ထဲမအိပ်ရဲလို့ လမ်းဘေးမှာ အိပ်နေရသူတွေကို စစ်ကောင်စီက ဘယ်လို အကူအညီတွေဆောင်ရွက်ပေးနေသလဲ...

- နောက်တကြိမ် ငလျင်ဒဏ်ခံရရင် ဒီလို အခြေအနေမဆိုးအောင် ဘာတွေသင်္ခန်းစာယူပြီး ဘာတွေ ဆောင်ရန်-ရှောင်ရန် လုပ်ဆောင်သင့်သလဲ..

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, April 7, 2025

ဖလမ်းနဲ့ အင်းတော်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲ...


ဖလမ်းနဲ့ အင်းတော်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၈ ဧပြီ ၂၀၂၅

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နောက်ဆုံး လက်ကျန် ခလရ ၂၆၈ ကို ဧပြီ ၇ ရက် မနက်ပိုင်းမှာ ချင်းညီနောင်အဖွဲ့ Chin Brotherhood (CB) က သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

''အသေးစိတ်ကို မပြောနိုင်သေးဘဲ မကြာခင် တရားဝင် သတင်းထုတ်ပြန်မယ်'' လို့ ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူတဦးက BNN ကို ပြောပါတယ်။

ဖလမ်း နဲ့ မင်းတပ် မြို့သိမ်းစစ်ဆင်ရေးတို့ကို ၂၀၂၄ နိုဝင်ဘာမှာ ချင်းညီနောင်အဖွဲ့က တပြိုင်တည်း စတင်ခဲ့တာပါ။ မင်းတပ်ကို ဒီဇင်ဘာနှောင်းပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး ဖလမ်းကို အခုမှ သိမ်းနိုင်တာဖြစ်ပါတယ်။

ဒီလို ကြန့်ကြာနေရတာဟာ စစ်ကောင်စီ တပ်တွေအားလုံး ခလရ ၂၆၈ မှာ စုရုံး ခုခံနေတဲ့အပြင် လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေတာကြောင့်လို့ သိရပါတယ်။

ဒါ့အပြင်...

- တောင်ခမ်းဒေသရှိ အမှတ် ၉၀၂ အမြောက်တပ် ကွပ်ကဲမှု ဌာနချုပ်စခန်း ဝန်းကျင်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ် ကောင်စီကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ...

- သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာဘက်မှာလည်း ဧပြီ ၇ ရက် မနက် ၅ နာရီကစ တိုက်ပွဲဖြစ်နေပြီး TNLA နဲ့ အတူ PDF - မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF တို့ ပူးပေါင်းပါဝင်တိုက်ပွဲဝင်နေ...

- လားရှိုးမြို့သိမ်းစစ်ဆင်ရေးအတွင်း ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေကို တစ်အိမ် ကျပ်သိန်း ၅၀၊ ကိုးကန့်တပ် (MNDAA) က လျော်ကြေးပေး...

- ပခုက္ကူမြို့အနောက်ခြမ်းမှာ ဂိတ်ကြေးကောက်နေတဲ့ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ဖို့ သွားရာမှာ စစ်သားတွေ ထွက်ပြေးသွားတဲ့အတွက် MA1 သေနတ် တလက် သိမ်းမိ...

- တောင်ငူမြို့နယ်၊ ပဒဲ ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၈ ဦး သေပြီး ၅ ဦး ဒဏ်ရာရ...

- ထားဝယ် အထူးစီးပွားရေးဇုန်အတွင်းရှိ ဧကနိ ကျေးရွာအနီး စစ်ကောင်စီ စစ်ကြောင်းတခု ဧပြီ ၇ ရက် မနက်ပိုင်းမှာ ထပ်ရောက်လာ...

- စစ်ကိုင်းနဲ့ ကချင်ပြည်နယ် ဆက်စပ်ဒေသရှိ အင်းတော်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်က ဧပြီ ၇ ရက်၊ ည ၈ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ပညာရှင်တွေပြောတာကို လက်ခံစဉ်းစားတဲ့ အစိုးရမျိုးရှိရင် လူအသေအပျောက် နည်း...


“ပညာရှင်တွေပြောတာကို လက်ခံစဉ်းစားတဲ့ အစိုးရမျိုးရှိရင် လူအသေအပျောက် နည်းနိုင်တာပေါ့”

- ဦးဝင်းမျိုးသူ (သဘာ၀ ဝတ်ဝန်းကျင်ရေးရာ ပညာရှင်)

(၇- ၄- ၂၀၂၅)

“မန္တလေးမြို့နဲ့ပတ်သက်ပြီး လွန်ခဲ့ဲတဲ့ နှစ် ၂၀ လောက်ကတည်းက ငလျင်လှုပ်နိုင်တဲ့အကြောင်း၊ ဆောင်ရန်-ရှောင်ရန်တွေအကြောင်း ပညာရှင်တွေက တင်ပြခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် အစိုးရလုပ်ခွင့်ရှိသူနဲ့ ငွေကြေးရှိသူတွေက အလေးမထားပဲ အထပ်မြင့်တွေဆောက်တာ၊ မြေအောက်ရေ အလွန်အကျွံသုံးတာ၊ ရေကာတာတွေ ဆောက်တာတွေက ငလျင်ကို အမြန်လှုပ်အောင် တွန်းအားပေးသလိုဖြစ်စေခဲ့တယ်” လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

မတ်လ ၂၈ က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...

- ငလျင်လှုပ်ရင် ထိခိုက်မှုသက်သာအောင် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်သလဲ...

- မြေအောက်ရေ အလွန်အကျွံသုံးစွဲမှု၊ အထပ်မြင့်အဆောက်ဦတွေ ဆောက်လုပ်မှု၊ ရေကာတာတွေ ဆောက်လုပ်မှုက ငလျင်ကို ဖိတ်ခေါ်တဲ့အချက်တွေလား...

- အခြားနိုင်ငံတွေ ငလျင်ဘေးဒဏ်သင့်ရင် ဒေါ်လာသန်းထောင်ချီ အကူအညီရပြီး မြန်မာကျ ဒေါ်လာ သန်း ၁၀၀ တောင် အနိုင်နိုင်ဖြစ်နေတာ ဘာကြောင့်လဲ...

- စစ်သုံးကရိယာတွေကို ကယ်ဆယ်ရေးမှာလည်း သုံးနိုင်ပေမယ့် စစ်တပ်က ဘာကြောင့် မသုံးတာလဲ...

- နိုင်ငံခြားကနေ စေတနာရှိလို့သွားကူချင်တာတောင် ကူလို့မရတဲ့အခြေအနေဆိုတာ ဘာကို ဆိုလိုတာလဲ...

- လူထုဆန္ဒနဲ့ နီးစပ်တဲ့အစိုးရမရှိရင် သဘာဝဘေးဒဏ်ကို ပိုခံရနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ပြန်လည်တည်ဆောက်ရေး ဘယ်လိုဆောင်ရွက်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, April 6, 2025

တောင်ခမ်းကို စစ်တပ်က ဗုံးကြဲ... ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်..


တောင်ခမ်းကို စစ်တပ်က ဗုံးကြဲ... ကျောက်ဖြူမှာ တိုက်ပွဲဆင်ပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၇ ဧပြီ ၂၀၂၅

နောင်ချိုမြို့နယ် တောင်ခမ်းရွာကို စစ်လေယာဉ်က အဆိပ်ငွေ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၆၊ မွန်းလွဲ ၂ နာရီခန့်မှာ တိုက်ပွဲဖြစ်နေတဲ့ တောင်ခမ်းရွာက ၉၀၂ တပ်စခန်းအနီး တော်လှန်ရေး တပ်တွေ ရှိတဲ့ နေရာကို အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၅ ည ၁၀ နာရီခန့်ကလည်း နောင်ချိုမြိုနယ် နောင်လင် ရွာနဲ့ နမ့်ဆောင်ဟူး ရွာကို  စစ်လေယာဉ်က ပေါင် ၂၅၀ ဗုံး ၃ ကြိမ် ကြဲချတဲ့အတွက် နေအိမ် ၄ လုံး ပျက်စီးတယ်လို့လည်း ဖော်ပြပါတယ်။

ဧပြီ ၅ ရက်နေ့မှာ မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင် အနီးကို စစ်လေယာဉ်က ဗုံးကြဲပြီးနောက် အခုလို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာဖြစ်ပါတယ်။

ဧပြီ ၂ ကနေ ၂၂ အထိ အပစ်ခတ်ရပ်စဲတယ်လို့ကြေညာထားတဲ့ စစ်ကောင်စီဟာ TNLA ထိန်းချုပ်ဒေသတွေကို စစ်အင်အားဖြည့်တာ၊ ထိုးစစ်ဆင်တာ၊ ဗုံးကြဲတာတွေ ဆက်တိုက် လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ညောင်ရွှေမြို့နယ် အင်းလေး ဒေသရှိ ရေပူရွာကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO/PNA တပ်တွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် နေအိမ်တွေ ပျက်စီး...

- ဆီမီးခုံမြို့ ဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို တော်လှန်ရေး တပ်တွေက ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်သား ၃ ဦး သေပြီး အချို့ဒဏ်ရာရ...

- ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီ တပ် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ...

- ထိုင်း-မြန်မာနယ်စပ် မောတောင် ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်း ကျေးရွာအနီးက ချောင်းနောက်ပြန် ရွာကို စစ်လေယာဉ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတဲ့အတွက် ဒီလမ်းကြောင်းကို ဒေသခံတွေ အသုံးမပြုဘဲ ရှောင်ကြဖို့ တော်လှန်ရေး တပ်တွေက တိုက်တွန်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, April 5, 2025

ညောင်ကျိုးဗျူဟာစခန်း AA သိမ်းပိုက်... မိုးကုတ်ကို စစ်တပ် ဗုံးကြဲ...


ညောင်ကျိုးဗျူဟာစခန်း AA သိမ်းပိုက်... မိုးကုတ်ကို စစ်တပ် ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၆-၄-၂၀၂၅)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီ ၂ ရက်နေ့မှာ အပြီးသိမ်းပိုက်လိုက်ပြီလို့ AA- အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

မတ်လ (၁၇) ရက်နေ့မှာ စတင်ထိုးစစ်ဆင်ပြီး ၁၆ ရက်အကြာ ဧပြီ ၂ ရက်မှာ အပြီး သိမ်းနိုင်တာလို့ဆိုပါတယ်။

စခန်းသိမ်းချိန်မှာ စစ်ကောင်စီတပ်တွေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေတာမြင်နေရပေမယ့် AA နဲ့ ညီနောင်မဟာမိတ်တွေက တဖက်သတ်အပစ်ရထားတာကြောင့် သတ်မှတ်နေရာကို ကျော်ပြီး ဆက်မတိုက်ပဲ လွတ်ပေးထားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ညောင်ကျိုးစခန်းဟာ ကပစ-၆ ကာကွယ်ရေးပစ္စည်းစက်ရုံ-၆ တည်ရှိတဲ့ ဥသျှစ်ပင်မြို့နယ်ထဲက ညောင်ခြေတောက်ရွာနဲ့ ၁၀ မိုင်ကျော်သာဝေးတယ်လို့သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီရဲ့ ကစပ ၂၅ ခုထဲက ၄ ခုဖြစ်တဲ့ ကပစ (၅) ၊ (၆) ၊ (၉) ၊ (၁၆) တို့ဟာ ဥသျှစ်ပင်မြို့နယ် ပတ်ဝန်းကျင်မှာတည်ရှိပြီး နောက်ထပ် ၃ ခုဖြစ်တဲ့ ကပစ (၃) ၊ (၇) ၊ (၁၉) တို့ကတော့ ဧရာဝတီမြစ်အရှေ့ကမ်း ပြည်မြို့အနီးမှာရှိတဲ့အတွက် AA ရဲ့တပ်တွေဟာ ကပစ တွေနဲ့ အတော်နီးကပ်လာနေပြီလို့ ဒေသတွင်းမီဒီယာတွေက ဖေါ်ပြနေကြပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကြတ်တိန် (ကြတ္တိန်)၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ ဟင်းခပ်ပြင်ကျေးရွာတွေကို သစ်ပုတ်တောင်ရေတပ်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်းတို့ကနေ လက်နက်ကြီးနဲ့ပစ်၊ ရေတပ်သဘောင်္ကနေ လက်နက်ကြီးနဲ့ပစ်၊ စစ်လေယာဉ်နဲ့ ဗုံးကြဲနေ...

- TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်၊ မိုးကုတ်အနောက်ပိုင်းရှိ ပင့်ကူတောင်အနီးကို ဧပြီ (၅) မွန်းလွဲ ၂ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာက ဗုံး ၂ လုံး ကြဲ...

- ရေစကြိုမြို့ရှိ ရုံးပေါင်းစုံက စစ်ကောင်စီတပ်တွေအတွက် သယ်ယူလာတဲ့ စားအုံးဆီ ပေပါ အလုံး ၅၀ ပါ ကားတစီးကို Southern YSO PDF က သိမ်းပိုက်...

- တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်အုပ်စု၊ ညောင်ပင်ကုန်းရွာရှိ စစ်ကောင်စီတပ်ရဲ့ လမ်းကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေက ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“သဘာဝဘေးဒဏ်က ရှောင်လွှဲလို့ မရဘူး၊ စစ်တပ်ဘေးဒဏ်က ရှောင်လွှဲလို့ရနိုင်တယ်”


“သဘာဝဘေးဒဏ်က ရှောင်လွှဲလို့ မရဘူး၊ စစ်တပ်ဘေးဒဏ်က ရှောင်လွှဲလို့ရနိုင်တယ်”

- ဒေါက်တာမီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၅- ၄- ၂၀၂၅)

“သဘာဝဘေးဒဏ်ကို ရှောင်လွှဲလို့ မရနိုင်ပေမယ့် စစ်တပ်ရဲ့ဘေးဒဏ်ကိုတော့ ရှောင်လွှဲလို့ရနိုင်တယ်၊ စစ်တပ်အုပ်ချုပ်နေသမျှ လူတွေမသေသင့်ပဲ ဆက်သေမယ်၊ ဆက်ဒုက္ခရောက်မယ်၊ ဒါကြောင့် ဒီစစ်တပ် အုပ်ချုပ်ရေးနေရာက ဆင်းသွားအောင် လူထုတရပ်လုံးက တော်လှန်ရေးတပ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

ငလျင်ဘေး နောက်ဆက်တွဲအဖြစ် စစ်တပ်က အပစ်ရပ်ကြောင်းကြေညာပြီးမှ ဗုံးဆက်ကြဲနေတာ၊ ထိုးစစ်လုပ်နေတာ၊ နိုင်ငံတကာကယ်ဆယ်ရေးပစ္စည်းတွေကို လူထုဆီမရောက်အောင် တားဆီးနေတာတွေနဲ့ပတ်သက်ပြီး  ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ဒီလောက်ဆိုးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံက ဘာကြောင့် အစည်းဝေးတက်ဖို့ ဖိတ်ကြားရတာလဲ...

- စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်နောက်ကွယ်မှာ ဘာတွေရှိသလဲ... တော်လှန်ရေးတပ်တွေ ဘယ်လို သတိထားသင့်သလဲ...

- အာဏသိမ်းကတည်းက လူထုကို နှိပ်စက်နေတဲ့ စစ်ကောင်စီဟာ အခု ငလျင်မှာလည်း ထပ်နှိပ်စက်တဲ့အတွက် လူထုအများစု တော်လှန်ရေးဖက် ပါလာနိုင်သလား...

- ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီရေးအတွက် ပြည်ပရောက် မြန်မာတွေ ဘာတွေဆောင်ရွက်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

BNN- သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, April 4, 2025

တောင်ခမ်းဒေသမှာ တိုက်ပွဲပြန်ဖြစ်... လားရှိုးကို ထွေ-အုပ်က ပြန်ကိုင်မယ်လိ...


တောင်ခမ်းဒေသမှာ တိုက်ပွဲပြန်ဖြစ်... လားရှိုးကို ထွေ-အုပ်က ပြန်ကိုင်မယ်လို့ သတင်းထွက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၅- ဧပြီ- ၂၀၂၅)

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသရှိ အမတ ၉၀၂ (အမှတ် ၉၀၂ အမြောက်တပ်ရင်း) အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြန်ဖြစ်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၄ ရက်၊ မနက် ၁၀ နာရီခန့်မှာ တိုက်ပွဲစဖြစ်ပြီး ဒါဟာ … ဧပြီ ၃ ရက်မှာ စစ်ကောင်စီဘက်က စစ်ကား ၇ စီးနဲ့ ရှမ်းတောင်ဘက်ရှိ အင်တောကနေ ကျောက်ဂူကို ဖြတ်ပြီး အမတ ၉၀၂ ဆီ စစ်ကူတက်လာတာကြောင့် တိုက်ပွဲ စဖြစ်တာလို့ဆိုပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီရေးအတွက် ညီနောင် မဟာမိတ် ၃ ဖွဲ့က ဧပြီ ၁ က စပြီး  အပစ်အခတ် ရပ်စဲထားပါတယ်။ 

အလားတူ ဧပြီ ၂ ရက်မှာ အပစ်ရပ်ပါတယ် ကြေညာတဲ့ စစ်ကောင်စီ ကိုယ်နှိုက်ကပဲ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ရတာပါလို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင်...

- မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ရွာဘက်ရှိ TNLA နဲ့ PDF တပ်တွေရှိရာဘက်ကိုလည်း စစ်ကောင်စီက ဧပြီ ၃ မှာ ဗုံးကြဲပြီး ဧပြီ ၄ မှာ မြေပြင်ထိုးစစ် ဆင်နေ...

- မိုးဗြဲမြို့အနီးရှိ ပီကင်းကောခူကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့...

- ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ MNDAA တပ်တွေ ဆုတ်ခွာပြီး စစ်ကောင်စီက အုပ်ချုပ်ရေးဝင်ယူမယ့် လက္ခဏာတွေ မြင်လာနေရ...

- ဘန်ကောက်မှာ ၂ ရက်တာ ကျင်းပတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသ နိင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဘင်းမ်စတက် အစည်းအဝေးကို တက်သူ၊ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းကျောင်းသားတဦးက အစည်းအဝေး ခန်းမထဲအထိ ဝင်ရောက် ဆန္ဒပြ...

- တီးတိန် အခြေစိုက် ခလရ ၂၆၉ က အသက် ၂၀ ကျော်အရွယ် စစ်သားသစ် ၂ ဦး  လက်နက်ခဲယမ်းတွေနဲ့ အတူ PDF - Zoland ထံ ခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“မြန်မာစစ်တပ်က လူသတ်တာပဲလုပ်ချင်တယ်၊ လူကယ်တာ မလုပ်ချင်ဘူး”


“မြန်မာစစ်တပ်က လူသတ်တာပဲလုပ်ချင်တယ်၊ လူကယ်တာ မလုပ်ချင်ဘူး”

- ဒေါက်တာမီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၄- ၄- ၂၀၂၅)

“ဒီငလျင်ဘေးက စစ်တပ်အတွက် ပြည်သူကို ပြန်ကယ်ခွင့်ရတဲ့ အခွင့်အရေးကောင်းတခုပဲ။ ဒါပေမယ့် သူတို့က ဒါကို အသုံးမချတတ်ဘူး၊ ဒီစစ်တပ်က လူသတ်တာပဲလုပ်ချင်တယ်၊ လူကယ်တာ မလုပ်ချင်ဘူး” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ဘေးဒဏ်အပေါ် စစ်ကောင်စီရဲ့ ကိုယ်တွယ်ပုံအားနည်းနေတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ငလျင်လှုပ်ပြီး ၇၂ နာရီအတွင်း စစ်ကောင်စီက ကယ်ဆယ်ရေးမလုပ်နိုင်တာ ဘာကြောင့်လဲ...

- ဒေါ်အောင်ဆန်းစုကြည်ခေတ်က ထားခဲ့တဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ရေးရန်ပုံငွေတွေ ဘယ်ရောက်သွားသလဲ...

- မြန်မာစစ်တပ်မှာ လူသတ်ဖို့လေ့ကျင့်ရေးပဲရှိပြီး လူကယ်ဖို့လေ့ကျင့်ရေး မရှိတာ ဘာကြောင့်လဲ...

- နိုင်ငံတကာကယ်ဆယ်ရေးအပေါ် စစ်တပ်ရဲ့သဘောထားက ၂၀၀၈ နာဂစ်တုန်းကအဆင့်မှာပဲ ဆက်ရှိနေဆဲလား...

- အပစ်ရပ်တယ်ပြောပြီး ဗုံးဆက်ကြဲနေတဲ့ စစ်တပ်ကို နိုင်ငံတကာအလှူရှင်တွေက ဘယ်လို ယုံကြည်စိတ်ချနိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သဘာဝဘေးဒဏ်ကနေ အပစ်ရပ် ဆွေးနွေးပွဲဖြစ်သွားဖူးတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံအခြေအနေ ဘာတွေကွာသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

BNN- သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, April 3, 2025

အပစ်ရပ်တယ်ပြောပြီး စစ်ကောင်စီက ဗုံးဆက်ကြဲနေ... UWSA က စစ်ရေးလေ့ကျင့်ပုံတ...


အပစ်ရပ်တယ်ပြောပြီး စစ်ကောင်စီက ဗုံးဆက်ကြဲနေ... UWSA က စစ်ရေးလေ့ကျင့်ပုံတွေ ထုတ်ပြန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၄ ဧပြီ ၂၀၂၅

ငလျင် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် ဧပြီ ၂ ကနေ ၂၂ အထိ ရက် ၂၀ အပစ်အခတ် ရပ်စဲကြောင်း စစ်ကောင်စီက ကြေညာချက် ထုတ်ပြီး နာရီပိုင်းအတွင်းမှာပဲ KIO ကလည်း အလားတူ ရက် ၂၀ အပစ်ရပ်တယ်လို့ ဧပြီ ၂ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် ဧပြီ ၃ ရက် မနက်ပိုင်း ရောက်တာနဲ့ ဗန်းမော်၊ အင်းတော်နဲ့ ဝိုင်းမော် မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပါတယ်လို့ KIO ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွမ်မော်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အသိပေး ကြေညာပါတယ်။

KIO/ KIA ပြောခွင့်ရ ဗိုလ်မှုးကြီးနော်ဘူကတော့ “အပစ်အခတ် ရပ်စဲရေးက KIO/KIA ကနေ အရင် ထုတ်ပြန် ပြောဆိုတာ မဟုတ်ဘူး။ စစ်တပ်ဘက်က ထုတ်ပြန်လို့ တုံ့ပြန်တဲ့ သဘောနဲ့ သူတို့ သတ်မှတ်ထားတဲ့ ရက်အတိုင်း ယာယီ ပစ်ခတ်မှုရပ်တာဖြစ်တယ် … အခု စစ်တပ်က လာတိုက် တယ် ဆိုတော့ ကျနော်တို့က ပြန်တိုက်ရမှာပဲ” လို့ Kachin News Group KNG ကို ပြောလိုက်ပါတယ်။

ဒါ့အပြင်...

- ဧပြီ ၃ ရက်မှာ သပိတ်ကျင်းမြို့နယ် ၇ မိုင်ရွာကို ဂျက်ဖိုက်တာက ဗုံး ၈ လုံး ကြဲပြီး နေ့လယ် ၁၂ နာရီခန့်မှာ စစ်ကား ၇ စီးပါ ယာဉ်တန်း လူအင်အား အပြည့်တင်ပြီး အင်တောကနေ ကျောက်ဂူ၊ တောင်ခမ်းဖက်ရှိ အမတ ၉၀၂ ဆီ အင်အားလာဖြည့်နေတယ်လို့ TNLA ထုတ်ပြော...

- ဧပြီ ၃ မှာ ကျောက်ဖြူမြို့နယ်ကို စစ်လေယာဉ်က ဗုံးကြဲပြီး စစ်တွေမြို့နယ်ကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်...

- တောင်သာမြို့နယ် သဲတောကျေးရွာကို ဧပြီ ၃ ရက်မှာ Paramotor စက်တပ်လေထီး ၃ စီးနဲ့ ဗုံးသီး ၈ လုံးကြဲချတဲ့အတွက် အလယ်တန်းကျောင်းနဲ့ နေအိမ်အချို့ ပျက်စီး...

- ဟုမ္မလင်းမြို့နယ်က ဖာနိုင်း၊ စန်းဆိုင်၊ ပဲနို့ဆွတ်ရွာနဲ့ ရွှေမှော်အနီးကို Mi- 2 စစ်ကောင်စီတပ် ရဟတ်ယာဉ်က ဗုံးသီး ၁၃ လုံး ကြဲ...

-  ညောင်ဦးမြို့နယ် ငါ့သရောက် ရဲစခန်းကနေ ထွက်လာတဲ့ တင့်ကား ၂ စီးပါ စစ်ကောင်စီ စစ်ကြောင်းဟာ  မြေသန့်တောင်၊ မအူပင်၊ ကြအို စတဲ့ ကျေးရွာတွေကို စက်သေနတ်ကြီးတွေနဲ့ပစ်ခတ်...

- ထားဝယ် အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဒေသ အနီးရှိ ရေဖြူမြို့နယ်၊ မူးဒူးရွာကို ဧပြီ ၃ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရ...

- UWSA -ဝ- ပြည် တောင်ပိုင်း ၁၇၁ စစ်ဒေသရှိ တပ်မဟာ ၇၇၅ က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, April 2, 2025

ရက် ၂၀ စာ အပစ်ရပ်တယ်လို့ စစ်ကောင်စီ ကြေညာ... ကရင်နီတိုက်ပွဲ စစ်ကောင်စီ အ...


ရက် ၂၀ စာ အပစ်ရပ်တယ်လို့ စစ်ကောင်စီ ကြေညာ... ကရင်နီတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃ မတ် ၂၀၂၅

အင်အားပြင်း ငလျင်ဒဏ် ခံစားနေရတဲ့ ပြည်သူလူထုကို စာနာထောက်ထားခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းတွေနဲ့အတူ  ဧပြီ ၂ ကနေ ၂၂ အထိ ရက် ၂၀ ယာယီ အပစ်အခတ် ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ငလျင်ဒဏ် ခံနေရစဉ်မှာ ဗုံးဆက်ကြဲနေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက ဝေဖန်မှုတွေ တိုးလာပြီးတဲ့နောက် ဧပြီ ၂ ရက် ညမှာ စစ်ကောင်စီက အခုလို ကြေညာလိုက်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရက ၁၅ ရက်၊ ညီနောင်မဟာမိတ် ၃ ဖွဲ့က ရက် ၃၀ အပစ်အခတ် ရပ်စဲကြောင်း ကြေညာပြီးတဲ့နောက် နောက်ဆုံးမှာ စစ်ကောင်စီဘက်က အခုလို တုံ့ပြန်လာတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ ဧပြီ ၄ ရက်ကျရင် ဘန်ကောက်မှာ ကျင်းပမယ့် (BIMSTEC) ဘင်္ဂလား ပင်လယ်အော်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး မတိုင်မီ အချိန်ကိုက် ထုတ်ပြန်တာဖြစ်ပြီး အဲဒီအစည်းအဝေးကို အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင် တက်မယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- တရုတ်ကြက်ခြေနီ ယာဉ်တန်းကို စစ်တပ်က ပစ်ခတ်တယ်ဆိုတာဟာ TNLA က ပြောသလို တည့်တည့်ပစ်တာ မဟုတ်ဘဲ မိုးပေါ်ထောင်ပစ်ပြီး သတိပေးတာသာဖြစ်တယ်လို့ စစ်ကောင်စီတုန့်ပြန်...

- TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ ဆမ္မဆယ် ရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် ဒေသခံတဦး သေဆုံးပြီး နေအိမ်တလုံး ပျက်စီး...

- ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့  ၂ ရက်ဆက် တိုက် ဗုံးကြဲတဲ့အတွက် နေအိမ် အဆောက်အဦတွေ ပျက်စီး...

- ၁၅ ရက်တာ အပစ်အခတ် ရပ်စဲကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာထားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ဘက် စစ်ကြောင်းထိုးလာနေ...

- ဘောလခဲမြို့နယ်ထဲက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ပြီး စစ်သား ၆၀ ကျော်သေ၊ အချို့ကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, April 1, 2025

တရုတ်ကယ်ဆယ်ရေး ယာဉ်တန်းကို စစ်ကောင်စီ ပစ်ခတ်... ဘောလခဲအနီးက စစ်တပ်စခန်း ...


တရုတ်ကယ်ဆယ်ရေး ယာဉ်တန်းကို စစ်ကောင်စီ ပစ်ခတ်... ဘောလခဲအနီးက စစ်တပ်စခန်း ကရင်နီတပ်တွေ သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂ ဧပြီ၂၀၂၅

မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီပေးဖို့ တရုတ်ကနေ မြန်မာနိုင်ငံထဲ ဝင်လာတဲ့ တရုတ် ကြက်ခြေနီအသင်း ကယ်ဆယ်ရေးယာဉ်တန်း နောင်ချိုကနေ မန္တလေး အထွက်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကို ခံရတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁ ရက်၊ ည ၉ နာရီခွဲခန့်မှာ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကား ၉ စီးပါ တရုတ်ယာဉ်တန်း နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာ အရောက်မှာ အသင့်စောင့်နေတဲ့ စစ်ကောင်စီတပ်က စက်လတ်နဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။

ဒီယာဉ်တန်း မန္တလေးကို လာနေတဲ့အကြောင်း စစ်ကောင်စီထံ သတင်းပို့ထားပါရက်နဲ့ အခုလို ပစ်ခတ်ခံရတာလို့လည်း ဆိုပါတယ်။ 

အခုချိန်မှာတော့ ယာဉ်တန်းတခုလုံး နောင်ချိုမြို့ဆီ ပြန်ဆုတ်လာပြီး TNLA က ကာကွယ် စောင့်ရှောက်ပေးထားတယ်၊ တရုတ် ကြက်ခြေနီယာဉ်တန်း လိုရာခရီး ရောက်အောင် TNLA က ကူညီပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

-ငလျင်ဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ စိတ်ချလက်ချ ဆောင်ရွက်နိုင်ရေးအတွက် ရက် ၃၀ ကြာ အပစ်အခတ် ရပ်စဲတယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာ...

- မြောက်ပိုင်းညီနောင်အဖွဲ့ဝင် TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ တောင်လှ ရွာနဲ့ ဂေါ်ရခါးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ဒေသခံ ၅ ဦး ထိခိုက်ပြီး အိမ် ၂ လုံး ပျက်စီး...

- ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံတဝန်း ဝမ်းနည်းပူဆွေးနေချိန်မှာ၊ လူသားချင်း စာနာထောက်ထားသောအားဖြင့် PSLF/TNLA အုပ်ချုပ်တဲ့ ခရိုင် ၅ ခုအတွင်း ကျင်းပဖို့ပြင်ဆင်ထားတဲ့ ပျော်ပွဲရွှင်ပွဲနဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းကြောင်း TNLA ထုတ်ပြန်...

- မိုးညှင်းခရိုင်၊ ကချင် လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲတဲ့အတွက် စစ်သင်တန်း တက်နေတဲ့ ကချင်လူငယ် ၃၀ ကျော် ကျဆုံး...

- ချင်းညီနောင်အဖွဲ့ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ထိခိုက် ပျက်စီးမှုရှိ...

- ပေါက်မြို့နယ် အခြေစိုက် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) ကနေ ၈၁ မမ မော်တာနဲ့ အနီးဝန်းကျင်ရှိ ရွာထဲကို ပစ်ခတ်တဲ့အတွက် အသက် ၁၃ နှစ်အရွယ် ကလေးတဦး သေဆုံး...

- ဘောလခဲမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ဝမ်မလန်း အခြေချ ဗျူဟာစခန်းကို မတ်လ ၃၁ ရက်မှာ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More