Wednesday, December 17, 2025

ရေဖြူမြို့ကို PDF တွေ ခေတ္တသိမ်းပိုက်...မင်းဘူးတိုက်ပွဲ စစ်တပ် အထိနာ ...


ရေဖြူမြို့ကို PDF တွေ ခေတ္တသိမ်းပိုက်...မင်းဘူးတိုက်ပွဲ စစ်တပ် အထိနာ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၈ ဒီဇင်ဘာ ၂၀၂၅)

စစ်ကောင်စီကကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသဖို့ တနသာင်္ရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ ထွေ-အုပ်ရုံး၊ ရွေး-ကော်ရုံး၊ စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF က ဗွီဒီယို မှတ်တမ်း ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ (၁၂) ရက်၊ မနက်ပိုင်းမှာ ရေဖြူမြို့ကို ခေတ္တာသိမ်းပိုက်ပြီး မြို့စောင့်တပ် ခမရ (၄၀၆)၊ (၄၀၇)နဲ့  အမတ (၃၀၄)၊ ရေဖြူမြို့  တံတားစစ်ဆေးရေးဂိတ်၊ ရေဖြူမြို့ ရပ်တော်မူဘုရားအနီးရှိ စစ်တပ်ယာယီစခန်းတို့ကို Drone နဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာတွေကို တပြိုင်တည်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- တနင်္သာရီမြို့၊ အောက်ကင်းအခြေစိုက် ခမရ (၅၅၇) က စစ်သား ၃ ဦးဟာ MA-4  (၁) လက်၊  MA-3 (၂) လက်နဲ့အတူ  တနသာင်္ရီမြိုနယ် ပကဖ ထံ ခိုလှုံလာ...

- လောင်းလုံးမြို့နယ်ထဲမှာ တာဝန်ကျနေတဲ့ ခလရ ၂၆၇ က စစ်သားသစ် (ပစ) ၂ ဦးဟာလည်း MA1 ၂ လက်နဲ့အတူ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့- LLSBF ထံ ခိုလှုံလာ...

- ရေဦးမြို့၊ ကြာဖူးအဝိုင်း စစ်တပ်လုံခြုံရေးဂိတ်မှာ တာဝန်ကျနေတဲ့ ထောက်ပို့တပ် အမှတ် ၂ ရွှေဘိုက စစ်သားတဦးဟာလည်း MA1 တစ်လက်၊ G-3 တစ်လက် သေနတ် ၂ လက်နဲ့အတူ ရေဦး ပကဖ ထံ ခိုလှုံလာ...

- မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၄ ဦးသေပြီး ၄ ဦးဒဏ်ရာရ...

- မိုးကုတ်မြို့ ၊ ကျောက်လုပ်ကွက်တွေလုပ်ကိုင်နေတဲ့ ဂေါက်ကွင်းအနီးက ညောင်သုံးပင်ရွာ အထိုင်ချ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွက ဒရုန်းဗုံးနဲ့တိုက်ခိုက်ရာမှာ  စစ်သား တဦးသေ၊ ၃ ဦးဒဏ်ရာရ...

- NUG အထူးတိုင်းစစ်ဌာန ဗျူဟာမှူး၊ ထားဝယ်ဒေသခံ တပ်ရင်းမှူး အပါအဝင် PDF တပ်ဖွဲ့ဝင် ၅၀ ခန့်ကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ က ဖမ်းဆီးထားဟုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, December 16, 2025

နတ်တလင်းတိုက်ပွဲ စစ်တပ် အထိနာ... စစ်တွေ ဒကစ ကို AA က လက်နက်ကြီးနဲ့ပစ်...


နတ်တလင်းတိုက်ပွဲ စစ်တပ် အထိနာ... စစ်တွေ ဒကစ ကို AA က လက်နက်ကြီးနဲ့ပစ်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာဖက် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၁ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းမိတယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ (၁၂)ရက်၊ ညပိုင်းမှာ တိုက်ခိုက်တာဖြစ်ပြီး စစ်ဗိုလ်တဦးအပါဝင် ၁၁ ဦးသေဆုံး၊ အရာရှိကိုင် ပစ္စတို တလက်၊ MA1 ၃ လက်နက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- မုံရွာမြို့ စွမ်းရည်ထက်-ဆီဆိုင် စစ်တပ်အထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃ ဦးသေပြီး ဒဏ်ရာရသူများ...

- ရွှေဘိုမြို့ အခြေစိုက်  ခလရ(၄၂ ) အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းဗုံးနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုရှိ...

- စစ်တွေမြို့အဝင်နားမှာရှိတဲ့ ဒကစ - စစ်ဌာနချုပ်အပါဝင် စစ်ကောင်စီစခန်းတွေကို AA အာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် စစ်တပ်မိသားစုတွေ စစ်တွေမြို့ပေါ် တက်ပြေး...

- မူးမြိုနယ်အခြေစိုက် ခလရ ၃၀ နဲ့ ခမရ- ၄၃၉ က စစ်မှုထမ်းတပ်သားသစ် (ပစ) ၅ ဦး  KNU ထံ ခိုလှုံလာ...

- ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ပေးအပ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“TNLA ကိုလုပ်သလိုမျိုး AA ကို သွားလုပ်လို့မရဘူးလေ”


“TNLA ကိုလုပ်သလိုမျိုး AA ကို သွားလုပ်လို့မရဘူးလေ”

- လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၁၆ ဒီဇင်ဘာ ၂၀၂၅)

“TNLA ကိုလုပ်သလိုမျိုး AA ကို သွားလုပ်လို့မရဘူး၊ တရုတ်ဖိအားနဲ့လည်း ခြိမ်းခြောက်လို့မရဘူး။ မထင်မှတ်ထားတဲ့နေရာတွေကနေ AA ရဲ့ တုန့်ပြန်မှုတွေ ပေါ်လာနိုင်ပါတယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

မြောက်ဦးဆေးရုံကို ဗုံးကြဲတာအပါဝင် AA အပေါ် ပစ်မှတ်ထားပြီး စစ်တပ်ဖက်က တိုက်ခိုက်လာနေတဲ့အတွက် AA ဖက်က ထိုးစစ်တွေရပ်သွားနိုင်သလား... ထိုးစစ်အတွက် ခွန်အားပေးသလိုဖြစ်သွားနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်မထားရဘူးဆိုတာကို မြန်မာစစ်ဗိုလ်တွေ စာမသင်ရဘူးလား...

- စစ်တက္ကသိုလ်က သင်ပေးလိုက်တဲ့ Rules of Engagement (ROE) ဆိုတာ အကျီအိပ်ထဲ သိမ်းထားဖို့သက်သက်လား...

- လက်နက်ကိုင်ထားသူနဲ့ လက်နက်မဲ့အရပ်သားကိုတောင် မခွဲခြားနိုင်တဲ့အထိ မြန်မာစစ်ဗိုလ်တွေ စစ်သွေးကြွနေပြီလား...

- TNLA ကို လုပ်သလိုမျိုး AA ကို သွားလုပ်လို့မရဘူးလို့ ဘာကြောင့်ပြောတာလဲ...

- မိုးကုတ်-မိုးမိတ်ကို လက်လွတ်လိုက်ရပေမယ့် အညာဒေသမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲလား...

- ရွေးကောက်ပွဲအကြိုကာလမှာ တိုက်ပွဲတွေ ပိုများလာနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, December 15, 2025

မော်လိုက်က စစ်တပ်စခန်း PDF သိမ်းပိုက်... တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့က နွေဦး...


မော်လိုက်က စစ်တပ်စခန်း PDF သိမ်းပိုက်... တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့က နွေဦးတော်လှန်ရေးတပ်ပေါင်းစုဖွဲ့စည်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၆ ဒီဇင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ရန်ကင်းတောင်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စစ်သား အလောင်း ၆ လောင်းကျန်၊ လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်းများစွာသိမ်းမိတယ်လို့ mawlaik revolution က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၄၊ မနက် ၁၁ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်ရာမှာ အင်အား ၃၀ ခန့်ရှိ စစ်တပ်ဖက်က ပြန်ဆုတ်ပြေးသွားပြီး ၁၂ နာရီခွဲခန့်မှာ ရန်ကင်းတောင် တခုလုံးကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ခန္တီးမြို့နယ်၊ နန်ခမာကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်သား ၄ ဦးသေ၊ ၇ ဦးဒဏ်ရာရ...

- ဖလမ်းမြို့ဖက် ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို CNA -ချင်းအမျိုးသားတပ်မတော် ဦးဆောင်တဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ဒဏ်ရာရသူများပြီး လက်နက်ငယ် ၅ လက်နဲ့ ခဲယမ်းများစွာ သိမ်းမိ...

- အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်ရှိ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တခုက ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ဝင်လာပြီး တိုက်ခိုက်ဟုဆို...

- ရွေးကောက်ပွဲအတုကို လူထုတရပ်လုံးက ဆန့်ကျင်ကန့်ကွက်ကြဖို့ နိုးဆော်တဲ့ ဗီနိုင်း ပိုစတာကပ်တာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ အသိပေးဟောပြောတာတွေ  ရွှေဘို‌မြို့ပေါ်အထိ ရွှေဘို ပကဖ ဆောင်ရွက်...

- ေဦးတော်လှန်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ စုပေါင်းပြီး - နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု - ဖွဲ့စည်း...

- ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် (၆)ရဲ့ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ  ဒီဇင်ဘာ (၁၃) ရက်က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, December 14, 2025

မင်းကွန်းတိုက်ပွဲ စစ်ကောင်စီ အထိနာ... ရေဖြူတိုက်ပွဲ ရွေးကောက်ပွဲအတုကို ပ...


မင်းကွန်းတိုက်ပွဲ စစ်ကောင်စီ အထိနာ... ရေဖြူတိုက်ပွဲ ရွေးကောက်ပွဲအတုကို ပစ်မှတ်ထားဟုဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၅ ဒီဇင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့ကနေ စစ်ကိုင်းဖက် ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ဗိုလ်ကြီးတဦးအပါဝင် ထိခိုက်သေဆုံးသူများပြီး ခဲယမ်းအချို့ သိမ်းမိတယ်လို့  ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ - UGF က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ မင်းကွန်းကနေထွက်လာတဲ့ အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို စစ်ကိုင်းမြို့နယ်၊ ချောင်းမကြီးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- မုံရွာအခြေစိုက် နမခ-  စစ်ဌာနချုပ်အတွက် မိတ္ထီလာရှမ်းတဲလေတပ်ကနေ ပို့လိုက်တဲ့ လေထီးတိုက်ခိုက်ရေးယာဉ်  Gyrocopter (၃)စီး လေ့ကျင့်နေစဉ် တစီးပျက်ကျသွား...

- မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာရှိ စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ...

- ရေဖြူမြို့တိုက်ပွဲဟာ ရွေးကောက်ပွဲအတုကို ဦးတည်တိုက်ခိုက်တာဖြစ်ပြီး ထွေ-အုပ်ရုံးက မဲစာရင်းနဲ့ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့...

- မြဝတီမြိုံ့မှာကျင်ပမယ့် ကျားဖြန့်နှိမ်နှင်းရေး ဆွေးနွေးပွဲတက်ဖို့အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး  ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်လာ...

-  မြိုင်မြို့နယ် ပကဖ ရဲ့ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ဒီဇင်ဘာ ၁၁ ရက်က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, December 13, 2025

“ဝန်ကြီးပြောင်းတာလောက်နဲ့ မရဘူး၊ စနစ်တခုတလုံး ပြောင်းဖို့လိုတယ်ဆိုတာကို ...


“ဝန်ကြီးပြောင်းတာလောက်နဲ့ မရဘူး၊ စနစ်တခုတလုံး ပြောင်းဖို့လိုတယ်ဆိုတာကို ယုံကြည်ရင်...”

- ခွန်မြင့်ထွန်း (ဥက္ကဌ - ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC)

(၁၄ ဒီဇင်ဘာ ၂၀၂၅)

“ဝန်ကြီးပြောင်းတာလောက်နဲ့ မရဘူး၊ စနစ်တခုတလုံး ပြောင်းဖို့လိုတယ်ဆိုတာကို ယုံကြည်ရင် ကိုယ့်ဖက်မှာလည်း အဲဒီလို လုပ်ဖို့လိုပါတယ်။ တော်လှန်ရေးအစိုးရဖြစ်ဖို့ဆိုရင် CRPH တဖွဲ့တည်းရဲ့ ရွေးချယ်မှုနဲ့ လုံလောက်ရဲ့လားဆိုတာ စဉ်းစားဖို့လိုပါတယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC- ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

NUG အစိုးရ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာမှာ ERO ကိုယ်စားလှယ်တွေ ဘာကြောင့်မပါသေးတာလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- အင်ဒိုနီးရှားစစ်ဗိုလ်တွေနဲ့ မြန်မာစစ်ဗိုလ်တွေ ဘာကွာသလဲ...

- လက်ရှိအခြေအနေမှာ ဆွေးနွေးရေးလား- အနိုင်တိုက်ရေးလား...ဘယ်ဟာက ပိုဖြစ်နိုင်ခြေများသလဲ...

- NUG ဝန်ကြီးအဖွဲ့ကို ဘယ်လိုရွေးချယ်ခန့်အပ်သလဲ... CRPH တဖွဲ့တည်းနဲ့ မလုံလောက်ဘူးလို့ ဘာကြောင့်ပြောတာလဲ...

- တော်လှန်ရေးလူငယ်တွေ လိုချင်တဲ့ တော်လှန်ရေးအစိုးရက ဘယ်လိုပုံစံလဲ၊ အဲလို ဖြစ်လာအောင် ဘယ်လို ဆောင်ရွက်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“စစ်တပ်ကို ဗဟိုပြုစဉ်းစားတဲ့ စဉ်းစားချက်မျိုး နိုင်ငံတကာမှာ မရှိတော့ဘူး”


“စစ်တပ်ကို ဗဟိုပြုစဉ်းစားတဲ့ စဉ်းစားချက်မျိုး နိုင်ငံတကာမှာ မရှိတော့ဘူး”

- ခွန်မြင့်ထွန်း (ဥက္ကဌ - ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC)

(၁၃ ဒီဇင်ဘာ ၂၀၂၅)

“လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လုံးလုံး စစ်တပ်က ဝါဒဖြန့်ခဲ့သလို စစ်တပ်မရှိရင် တိုင်းပြည်ပြိုကွဲနိုင်တယ်ဆိုတဲ့ စစ်တပ်ကို ဗဟိုပြုစဉ်းစားတဲ့ စဉ်းစားချက်မျိုး နိုင်ငံတကာမှာ မရှိတော့ဘူး၊ စစ်တပ်က နိုင်ငံရေးကထွက်ဖို့ပဲ အားလုံးက တောင်းဆိုနေတာဖြစ်တယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲရဲ့ ထူးခြားချက်တွေအကြောင်း...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- အင်ဒီနီးရှား ဆွေးနွေးပွဲ ဘယ်လိုဖြစ်ပေါ်လာသလဲ...

- အင်ဒိုနီးရှား စစ်တပ်နဲ့ မြန်မာစစ်တပ် မွေးဖွားတာခြင်းတူပေမယ့် အသက်ရှုပုံခြင်း မတူတာ ဘာကြောင့်လဲ...

- စစ်တပ်ကို ဗဟိုပြုစဉ်းစားချက် နိုင်ငံတကာမှာ မရှိတော့ဘူးလို့ ဘာကြောင့်ပြောနိုင်တာလဲ...

- နွေဦးတော်လှန်ရေးအင်အားစုတွေကို နိုင်ငံတကာဖက်က ဘယ်လိုအလေးထား ဆက်ဆံလာနေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NUG အစိုးရအဖွဲ့မှာ ERO တွေပါဝင်ဖို့ ဘာတွေအခက်အခဲ ရှိနေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, December 12, 2025

ဖလမ်းမြို့အနီးတိုက်ပွဲ စစ်တပ် သေဆုံးမှုများ... မိုးကုတ်မှာ တိုက်ပွဲဖြစ်န...


ဖလမ်းမြို့အနီးတိုက်ပွဲ စစ်တပ် သေဆုံးမှုများ... မိုးကုတ်မှာ တိုက်ပွဲဖြစ်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၃ ဒီဇင်ဘာ ၂၀၂၅)

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို ဦးတည်ထိုးလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးသူများ၊ သုံ့ပန်းတဦးဖမ်းမိ၊ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းမိတယ်လို့ ခိုနူမ်းသုန်က ဖေါ်ပြပါတယ်။

ဒီဇင်ဘာ ၁၁ ရက်၊ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိဖြစ်ပွားတဲ့ ဖလမ်းမြို့နယ်၊ Sumhrang ကျေးရွာအနီးတိုက်ပွဲတခုတည်းမှာတင် အရာရှိတွေအပါဝင် ဆယ်နဲ့ချီသေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ကျော်သိမ်းမိတယ်လို့ ချင်းပြည်အစိုးရ၊ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သိမ်းမိလက်နက်တွေထဲမှာတော့...၆၀ မမ စိန်ပြောင်းတွေ၊  ငါးကြင်းမြှီး စက်လတ်၊ MA စီးရီးလက်နက်ငယ်တွေနဲ့  ခဲယမ်းများစွာပါဝင်တာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ဟိုပင်မြို့အနီး စစ်ကောင်စီ- ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ KIA - KPDF ပူးပေါင်းတပ်တပ်တွေကြား တိုက်ပွဲပြင်းထန်ပြီး စစ်တပ်နဲ့ ပြည်သူ့စစ်ဖက်က ထိခိုက်သေဆုံးများ...

- မိုးကုတ်မြို့ အရှေ့ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးအသံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရ...

- ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာနဲ့ ကင်းဗျားကျေးရွာက လယ်သမားတွေ စပါးရိတ်သိမ်းနေစဉ် နယ်မြေခြင်း ထိပ်စပ်နေတဲ့ ပျုစောထီးရွာကနေ ပျုစောထီးတွေရောက်လာပြီး စပါးရိတ်စက် ၂ စီးကို လုယူသွား...

- ရေဖြူမြို့လယ်မှာ တိုက်ပွဲဖြစ်ပြီး ထွေ-အုပ်ရုံးနဲ့ ရဲစခန်းရှိရာဖက်ကနေ မီးခိုးတွေထွက်နေ...

- ညောင်ဦးမြို့နယ် ပုဂံဒေသအခြေစိုက် Bagan Garuda Force (ပုဂံ/ဂဠုန်တပ်ဖွဲ့)ရဲ့ အပတ်စဉ်(၄) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, December 11, 2025

ချင်းတွင်းမြစ်က စစ်ရေယာဉ် PDF တိုက်ခိုက်... ကြာအင်းဆိပ်ကြီးဖက်က စစ်ယာဉ်တ...


ချင်းတွင်းမြစ်အတွင်းက စစ်ရေယာဉ် PDF တိုက်ခိုက်... ကြာအင်းဆိပ်ကြီးဖက်က စစ်ယာဉ်တန်းကို KNLA တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၂ ဒီဇင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း သွားနေတဲ့ စစ်ကောင်စီ အမြန်ယာဉ် ၂ စီးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်မှုသေဆုံးမှုရှိနိုင်တယ်လို့ ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့ က ဗွီဒီယို သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၈ ရက်မှာ တိုက်ခိုက်တာဖြစ်ပြီး စစ်တပ်ဖက်က ထိခိုက်သေဆုံးတာ သေချာတယ်၊ ဒါပေမယ့် အသေးစိပ် စာရင်း မသိရသေးဘူးလို့ဆိုပါတယ်။

ဒါ့အပြင်...

- ငါန်းဇွန်မြို့ကနေ လယ်ဝန်းကုန်းရွာဖက် ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက် သေဆုံးမှုရှိ...

- စလေမြို့အဝင် ဘီယာဆိုင်မှာ သောက်စားမူးယစ်နေတဲ့ စလေ-ပျူစောထီးခေါင်းဆောင်ကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ရှင်းလင်းပြီး  MA 1 တလက် သိမ်းမိ...

- ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာကျေးရွာလမ်းပိုင်းဖက်ရောက်လာတဲ့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းသယ် ယာဉ်တစီးကို KNLA က ကြားဖြတ်တိုက်ရာမှာ ခဲယမ်းတွေပေါက်ကွဲပြီး ယာဉ်ပေါ်ပါတဲ့ စစ်သား ၇ ဦးစလုံး သေဆုံး...

- သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာ အရှေ့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ရာမညမွန်တပ်တော် (RMA)တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေ...

- လောင်းလုံးမြို့နဲ့ကပ်နေတဲ့ ညင်းမော်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက် လေကြောင်းပစ်ကူပါ သုံးနေ...

- တနသာ်ရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာအနီး ရောက်လာတဲ့ စစ်ကောင်စီ ခဲယမ်းသယ် ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၂၀ ခန့်သေဆုံး၊ ၁၀ ကျော်ဒဏ်ရာရ...

- တီးတိန်အခြေစိုက် ခလရ - ၂၆၉ က စစ်မှုထမ်းတပ်သားသစ် (ပစ) ၂ ဦးဟာ MA1 ၂ လက်နဲ့အတူ PDF -Zoland ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“NUG ကို NLD ကိုယ်စားပြု အစိုးရလို့ သူတို့က မြင်နေကြဆဲဖြစ်တယ်”


“NUG ကို NLD ကိုယ်စားပြု အစိုးရလို့ သူတို့က မြင်နေကြဆဲဖြစ်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၁ ဒီဇင်ဘာ ၂၀၂၅)

“NUG ကို NLD ကိုယ်စားပြု အစိုးရလို့ ERO တွေက မြင်နေကြဆဲဖြစ်တယ်၊ ဒီတော့ သမ္မတပြောတဲ့ ဒုတိယအဆင့်မှာ ERO တွေ ပါဝင်လာရေးက အချိန်ကြာနိုင်တယ်၊ စစ်အနိုင်တိုက်ချင်ရင် AA နဲ့ အဓိက ဆွေးနွေးသင့်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

NUG အစိုးရ ပြုပြင်ပြောင်းလဲဖွဲ့စည်းလိုက်တာ နွေဦးတော်လှန်ရေးအတွက် ဘယ်လို တွန်းအားဖြစ်စေနိုင်သလဲ... စသဖြင့် BNN သတင်းဌာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- NUG ဝန်ကြီးဌာန အတိုး-အလျော့လုပ်ခြင်းက နွေဦးတော်လှန်ရေးကို တွန်းအားဖြစ်စေသလား...

- ပြုပြင်ပြောင်းလဲရေး ဒုတိယ အဆင့်မှာ ERO တွေ ပါဝင်နိုင်ရေးအတွက် ဘာတွေက အတားအဆီးဖြစ်နေသလဲ...

- စစ်အုပ်စု၊ တိုင်းရင်းအင်အားစုနဲ့ NLD ဦးဆောင်တဲ့ အင်အားစု ၃ ခုကြားမှာ ဘယ်လိုများ ပူးပေါင်းဆောင်ရွက်နိုင်ကြမလဲ...

- NUG ကို NLD ကိုယ်စားပြုအစိုးရအဖွဲ့လို့ အချိုု့က ဘာကြောင့် ဆက်ပြီးမြင်နေကြတာလဲ...

- စစ်အနိုင်တိုက်ရေးအတွက် AA နဲ့ NUG ကြား ပူးပေါင်းဆောင်ရွက်ရေး ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေသလဲ...

- စစ်အနိုင်တိုက်ရေးလား... စစ်ရေးကို ဖိအားပေးဖို့လောက်ပဲ အသုံးပြုပြီး တွေ့ဆုံဆွေးနွေးရေးဖက် လမ်းကြောင်းပြောင်းချင်နေတာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, December 10, 2025

အရာတော်တိုက်ပွဲ ပျုစောထီး ၈ ဦးလက်ရဖမ်းမိ... မြောက်ဦးဆေးရုံကြီးကို စစ်တပ်...


အရာတော်တိုက်ပွဲ ပျုစောထီး ၈ ဦးလက်ရဖမ်းမိ... မြောက်ဦးဆေးရုံကြီးကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၁ ဒီဇင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာက ပျူစောထီးတွေရဲ့ ရိက္ခာသည်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၈ ဦးကို လက်ရဖမ်းမိတယ်လို့ Ngwe Dwin Revolution Force – NDRF က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၉ ရက် ညနေပိုင်းမှာ ငွေတွင်းရွာက ပျူစောထီး ၁၂ ဦးဟာ ၂ မိုင်အကွာရှိ ညောင်ဒူးလေးရွာကနေ ရိက္ခာသည်ပြီး ပြန်လာစဉ် လမ်းတဝက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တာလို့ဆိုပါတယ်။

ဒ့ါအပြင်...

- မုံရွာမြို့ -နမခ ကနေ မုံ့ရွာမြို့ထဲ ဝင်လာတဲ့ စစ်တပ်အရာရှိတွေလိုက်ပါလာတဲ့ ကား ၂ စီးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ဗိုလ်မှူးတဦးအပါဝင် ၇ ဦးသေဆုံး...

- တောင်ငူ (ကေတုမတီ) လေတပ်ဌာနချုပ်ကို ၁၀၇ ရှော့တိုက်ဒုံး ၆ လုံးနဲ့တိုက်ခိုက်ရာမှာ ပစ်မှတ်ကို ထိမှန်တယ်၊ သေဆုံး ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့  BWM က ဆို...

- KNU ဗဟိုဌာနချုပ်ရုံးစိုက်ရာ KNLA တပ်မဟာ(၇)နယ်မြေထဲကို စစ်ကောင်စီတပ်က အသေခံဒရုန်း (ကာမီကာဇေ) ၇ စင်းနဲ့ တိုက်ခိုက်တဲ့အတွက် ပျက်စီးမှု အနည်းငယ်ရှိ...

- မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးကို မနေ့ည ၁၀ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အတွင်းလူနာ ၁၀ သေဆုံးပြီး ဒဏ်ရာရသူလည်း များ...

- TNLA - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ အခြေခံစစ်သင်တန်းအပတ်စဉ် (၆၈) သင်တန်းဆင်းပွဲ ဒီဇင်ဘာ (၅)ရက်နေ့က ကျင်းပ...

- ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ က စစ်မှုထမ်းတပ်သားသစ် (ပစ) တဦးနဲ့ ပျူစောထီး ၄ ဦးတို့ဟာ MA ၂ လက်၊ ကာဘိုင် ၂ လက်နဲ့အတူ တော်လှန်ရေးတပ်တွေထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, December 9, 2025

ဘုတလင်၊ တောင်သာ၊ ကံမဖက်မှာ တိုက်ပွဲပြင်းထန်... မောတောင်မြို့အပါဝင် စစ်တပ...


ဘုတလင်၊ တောင်သာ၊ ကံမဖက်မှာ တိုက်ပွဲပြင်းထန်... မောတောင်မြို့အပါဝင် စစ်တပ်အထိုင်စခန်း ၅၅ ခုကို KNLA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၀ ဒီဇင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကနေ သပြေပင်ရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ဆယ်နဲ့ချီသေဆုံးမှုရှိနိုင်ပြီး အလောင်းတွေ၊ ဒဏ်ရာရလူနာတွေကို စစ်ကားနဲ့သယ်သွားတာမြင်ရတယ်လို့ ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၉ ရက်၊ မနက် ၁၀ နာရီ ၁၅ မိနစ်မှာ အသင့်စောင့်ကြို တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ဆယ်နဲ့ချီ သေဆုံး...

- သရက်မြို့နဲ့ ကံမမြို့တို့ကနေ စစ်ကြောင်း ၂ ခုနဲ့ ထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၁၀ ကျော်အထိသေဆုံး...

- နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကနေ လွှတ်တင်လိုက်တဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းအကြီးစား တစင်းကို အာရက္ခတပ်တော် (AA) က ပစ်ချ ဖျက်ဆီး...

- မောတောင်လမ်းခွဲတည်ရှိရာ မြိတ်မြို့ကနေ ကော့သောင်းမြို့နယ်ဆီသွားတဲ့ ပြည်ထောင်စုလမ်းမကြီးကို ညဘက်ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း  မြိတ်ခရိုင် ပကဖ က အသိပေး...

- မောတောင်မြို့ကို သိမ်းပိုက်တာအပါဝင် စစ်ကောင်စီရဲ့ အထိုင်စခန်းကြီး ၅၅ ခုကို တနှစ်အတွင်း KNLA နဲ့ မဟာမိတ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က အစီရင်ခံစာ ထုတ်ပြန်...

- အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပဲခူးတိုင်းစစ်ဌာနထံ လက်နက်တပ်ဆင် လွှဲပြောင်းပေးအပ်တဲ့ ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, December 8, 2025

၆၆၆ ပိုင့်ကုန်းတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးမှုများ... သီတာယုမွန်ရဲ့ ပျု အဖ...


၆၆၆ ပိုင့်ကုန်းတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးမှုများ... သီတာယုမွန်ရဲ့ ပျု အဖွဲ့ကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၉ ဒီဇင်ဘာ ၂၀၂၅)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကပစ (၁၆) ဘက်ကနေ (၆၆၆) ပွိုင့်ကုန်းဖက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် (AA)က ချေမှုန်းတိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး အလောင်း ၆ လောင်းကျန်၊ တဦးကို လက်ရဖမ်းမိ၊ သေနတ် ၆ လက်နဲ့ ခဲယမ်းတွေသိမ်းမိတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

ဒီဇင်ဘာ(၈) ရက်၊ မနက် ၁၀ ခန့်မှာ တိုက်ပွဲစဖြစ်ပြီး စစ်တပ်ဖက်က အတော်အထိနာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ တောင်စလုံးနဲ့ မြောက်စလုံးကျေးရွာတွေအနီး စခန်းချထားတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်တွေကို ကရင်တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများနေ...

- မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာက ထွက်လာတဲ့ သီတာယုမွန်-ဦးဆောင်တဲ့ ပျုစောထီး စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ ၁၅ ဦးခန့်အထိ သေဆုံး...

- ဗန်းမောက်မြို့နယ် တောင်ပိုင်းရှိ ဒေသခံတွေရဲ့ ရွှေလုပ်ကွက် နေရာ( သုံးမြေဆုံတဝိုက်)  ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ရွာသား တဦးသေ၊ ၅ ဦး ဒဏ်ရာရ...

- မြိတ်-ကော့သောင်း လမ်းမကြီးကနေ မောတောင်မြို့ဖက် လမ်းခွဲရှိတဲ့ သဲဖြူရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က ၅ ရက်ဆက် လေယာဉ်နဲ့ ဗုံးကြဲနေ...

- အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH က ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, December 7, 2025

မိုးကုတ်က စစ်ကောင်စီစခန်းတခု PDF သိမ်းပိုက်... နတ်ရေကန်အနီးက စစ်သား ၄ ဦး...


မိုးကုတ်က စစ်ကောင်စီစခန်းတခု PDF သိမ်းပိုက်... နတ်ရေကန်အနီးက စစ်သား ၄ ဦး လက်နက်ချ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၈ ဒီဇင်ဘာ ၂၀၂၅)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ နိုဝင်ဘာ (၃၀)ကနေ ဒီဇင်ဘာ (၆) ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲ ၉ ကြိမ်ဖြစ်ပြီး စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ နိုဝင်ဘာ ၃၀ မှာ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် မိုးကုတ်မြို့ကနေ ဆုတ်ခွာပြီးနောက်ပိုင်း NUG ဖက်က ပထမ ဆုံး ထုတ်ပြန်တဲ့ ကြေညာချက်ဖြစ်ပါတယ်။

ဒါ့အပြင်...

- မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာအနီး စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦးအပါဝင် စစ်ဘေးရှောင် ရွာသား ၉ ဦးသေဆုံး...

- စလင်းမြို့၊ မြို့မရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ စစ်တပ်နဲ့ ရဲ ၂၀ ခန့်ကို  တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၂ ဦးနဲ့ ရဲ ၂ ဦး ဒဏ်ရာပြင်းထန်၊ ခဲယမ်းအချို့ သိမ်းမိ...

- စစ်ကောင်စီတပ်နဲ့ AA အာရက္ခတပ်တော်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့  အမ်း - ပဒန်းလမ်းပိုင်း ဇင်ပြွန်းကျေးရွာအနီး တာဝန်ကျနေတဲ့ ခမရ ၅၆၃ တပ်ရင်းက ဒုတပ်ကြပ်  တဦး အပါအဝင် စစ်မှုထမ်းတပ်သားသစ် (ပစ) ၄ ဦးဟာ သေနတ် ၄ လက်နဲ့အတူ -PRA- မကွေးထံ ခိုလှုံလာ...

- ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအခြေစိုက် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျူစောထီးခေါင်းဆောင် ဒဏ်ရာပြင်းထန်ပြီး စစ်သား ၄ ဦး သေဆုံး...

- သရက်ခရိုင်အမှတ် - ၄ တပ်ရင်းရဲ့ အခြေခံစစ်သင်တန်း၊ အပတ်စဉ် (၁၁) သင်တန်းဆင်းပွဲ ဒီဇင်ဘာ ၅ ရက်က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, December 5, 2025

“အာဏာသိမ်းမှုမှာ မပါတဲ့ စစ်ဗိုလ်တွေ ထိပ်ရောက်လာရင် အပြောင်းအလဲ ဖြစ်လာနို...


“အာဏာသိမ်းမှုမှာ မပါတဲ့ စစ်ဗိုလ်တွေ ထိပ်ရောက်လာရင် အပြောင်းအလဲ ဖြစ်လာနိုင်သလားဆိုပြီး မျှော်သူတွေလည်း ရှိနိုင်ပါတယ်”

- ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၆ ဒီဇင်ဘာ ၂၀၂၅)

“၂၀၂၁ အာဏာသိမ်းမှုမှာ အဓိကနေရာက မပါတဲ့ စစ်ဗိုလ်တွေ ထိပ်ရောက်လာရင် အပြောင်းအလဲနည်းနည်းလေးများ ဖြစ်လာနိုင်သလားဆိုပြီး မျှော်တဲ့သူလည်း ရှိနိုင်ပါတယ်။ အများပြည်သူအတွက်ကတော့ မျှော်လင့်စရာ သိပ်မရှိပါဘူး” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အဖွဲ့ ကာ-ချုပ်နေရာကနေ သမ္မတရာထူးဖက်ရောက်သွားရင် အသစ်တက်လာတဲ့ စစ်ဗိုလ်တွေက အင်ဒိုနီးရှားစတိုင်လ် အပြောင်းအလဲ လုပ်လာနိုင်သလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ရွေးကောက်ပွဲအတုအပေါ် မျှော်လင့်ချက်ထားနေသူတွေက ဘာကို မျှော်လင့်နေတာလဲ...

- အင်ဒိုနီးရှားက စစ်ဗိုလ်တွေနဲ့ မြန်မာစစ်ဗိုလ်တွေ ဘာကွာသလဲ... စစ်ဗိုလ်ဟောင်းနေရာမှာ စစ်ဗိုလ်သစ်တက်လာရင် အပြောင်းအလဲဖြစ်လာနိုင်တယ်ဆိုတာ စိတ်ကူးယဉ်မှု သက်သက်ပဲလား...

- လျှပ်စစ်မီးတောင်ပုံမှန် မပေးနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် အများပြည်သူက ဘာကို မျှော်လင့်နိင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

တောင်ငူလေတပ်စခန်း PDF ဒရုန်းနဲ့ တိုက်... မိုးကုတ် ကာကင်းစခန်း PDF သိမ်းပ...


တောင်ငူလေတပ်စခန်း PDF ဒရုန်းနဲ့ တိုက်... မိုးကုတ် ကာကင်းစခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၆ ဒီဇင်ဘာ ၂၀၂၅)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ကေတုမတီ လေတပ်စခန်းဌာနချုပ်- လေကြောင်းထိန်းသိမ်းရေး မျှော်စင်နဲ့ Jammer တာဝါတိုင်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ရာမှာ မျှော်စင်နဲ့ တာဝါတိုင် မီးလောင်ပျက်စီးခဲ့တယ် ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၄ ရက်၊ မနက် ၈ နာရီ ၁၅ မိနစ်မှာ လေတပ်စခန်းအတွင်းဖက်သို့ Anti-jamming FPV Drone တွေ စေလွှတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer တာဝါတိုင်တွေကို အတိ အကျတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ဇေယျဝတီမြို့တောင်ဖက်  ကြပ်ကွင်းတာဝါတိုင်အနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ရာ စစ်သား ၂ ဦးကို သေနတ် ၂ လက်နဲ့အတူ လက်ရဖမ်းမိ...

- မိုးကုတ်မြို့နယ် အနောက်ပိုင်း ဘောလုံးကြီးရွာနဲ့ ဘောလုံးလေးရွာဘက်က စစ်ကောင်စီတပ်စခန်းတခုကို PDF သိမ်းပိုက်...

- ရွှေဘိုမြို့ပေါ်ရှိ ရွှေဘိုမြို့မ ရဲစခန်းနဲ့ ခလရ (၄၂) တပ် စခန်းတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းဗုံးနဲ့ တိုက်ခိုက်ရာမှာ ရဲ ၃ ဦးဒဏ်ရာပြင်း၊ စစ်သားအချို့ ဒဏ်ရာရ...

- ရေဖြူမြို့နယ်၊ ဇာဒီရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်- 
စစ်ကောင်စီက ဇာဒီ- ခေါင်ပြန်ရွာ အကြားရှိ တံတားအနီး ကားတွေ၊ ဆိုင်ကယ်တွေသွားလို့မရအောင် မြေတူူးစက်နဲ့ မြေဖြို- တွင်းတူးပြီး လမ်းပိတ်ထား...

- မတူပီတော်လှန်ရေးအဖွဲ့ချုပ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီရဲ့  အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁/၂၀၂၅)နဲ့ အပတ်စဉ် (၂/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံတွေကို CDF- မတူပီက ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, December 4, 2025

မိုးကုတ်မြို့ကို စစ်တပ်က ဗုံးကြဲ... မန္တလေး ဈေးချိုမှာ ရွေးကောက်ပွဲဆန့်က...


မိုးကုတ်မြို့ကို စစ်တပ်က ဗုံးကြဲ... မန္တလေး ဈေးချိုမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၅ ဒီဇင်ဘာ ၂၀၂၅)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား ၄ ရက်ဆက် တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူပါ သုံးနေတယ်လို့ Mandalay Free Press က ဖေါ်ပြပါတယ်။

ဒီဇင်ဘာ ၃ ရက်ညပိုင်းက မိုးကုတ်အနောက်ပိုင်းရှိ ကျောက်ဆင်၊ ဘော်မားဘက်ကို စစ်လေယာဉ်က ဗုံးကြဲတယ်၊ ကျောက်ပုံ- ကြက်နှဖဘက်မှာက မြေပြင်တိုက်ပွဲဖြစ်နေတယ်၊ စစ်တပ်ဖက်က ထိခိုက်မှုများတဲ့အတွက် တပ်မ - ၃၃ ပါ စစ်ကူ ထပ်ရောက်လာတယ်လို့ စစ်ဖက်သတင်းရပ်ကွက်တွေကို ကိုးကားဖေါ်ပြပါတယ်။

ဒါ့အပြင်...

-  ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၆ ဦးသေ၊ ၂ ဦးဒဏ်ရာရပြီး တပ်ကြပ်ကြီးတဦးကို လက်ရဖမ်းမိ...

- ဖာပွန်ခရိုင်၊ KNU အခေါ် မူတြော်ခရိုင်-တပ်မဟာ ၅ ဒေသမှာ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၀၄ ကြိမ်ဖြစ်ပြီး စစ်တပ်ဖက်က ၁၆ ဦးသေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ...

- ကပဖ ၁၆ ရဲ့ ကာကင်းစခန်း ၆၆၆ ပွိုင့်ကုန်းမှာ ရိက္ခာပြတ်သွားတဲ့အတွက် အောက်ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို AA အာရက္ခတပ်တော်နဲ့မဟာမိတ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး လက်နက်တွေပါ သိမ်းမိ...

- မန္တလေးမြို့လယ် ဈေးချိုတော်အနီး ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီ ဆန့်ကျင်ရေး၊ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုဖြစ်ပွား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“အခု ရွေးကောက်ပွဲအကြိုကာလနဲ့ ၂၀၁၀ အကြိုကာလ နှိုင်းယှဉ်လို့ကို မရဘူး”


“အခု ရွေးကောက်ပွဲအကြိုကာလနဲ့ ၂၀၁၀ အကြိုကာလ နှိုင်းယှဉ်လို့ကို မရဘူး”

- ဦးတင်မောင်သန်း ( နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၄ ဒီဇင်ဘာ ၂၀၂၅)

“အခု ရွေးကောက်ပွဲအကြိုကာလ လျော့ပေါ့ပေးမှုအခြေအနေက ၂၀၁၀၊ ၂၀၁၂ အကြိုကာလနဲ့ နှိုင်းယှဉ်လို့ကို မရဘူး၊ နိုင်ငံရေးအပြောင်းအလဲအတွက် ဦးတည်တာ မဟုတ်ပဲ စစ်တပ်အာဏာတည်မြဲရေးအတွက် ဦးတည်တာသာဖြစ်တယ်” လို့ နိုင်ငံရေး လေ့လာသူ သုံးသပ်သူ ဦးတင်မောင်သန်းက ပြောပါတယ်။

ဒီလကုန် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လျော့ပေါ့ပေးမှုအနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂၅၀ ခန့် လွတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး ဒီနေ့ ရွေးကောက်ပွဲအကြိုကာလ ပြင်ဆင်မှုနဲ့ အရင်စစ်တပ်ခေတ် ရွေးကောက်ပွဲအကြိုကာလ အခြေအနေ ဘယ်လိုကွာသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- နိုင်ငံရေးအကျဉ်းသား ၂၅၀ ခန့်လွှတ်ပေးမှုက ဘယ်လောက် ထူးခြားသလဲ...

- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ဘာကြောင့် မလွတ်ပေးသေးတာလဲ...

- ဒီ ရွေးကောက်ပွဲအတုကနေ ဒီမိုကရေစီရလာမယ်လို့ မျှော်နေသူအချို့ ရှိနေတာ ဘာကြောင့်လဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မြန်မာစစ်ဗိုလ်တွေထဲမှာ အင်ဒိုနီးရှားက စစ်ဗိုလ်တွေလို အပြောင်းအလဲလုပ်ရဲတဲ့ စစ်ဗိုလ်တွေ ရှိလာနိုင်ခြေ ဘယ်လောက် % ရှိနိုင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, December 3, 2025

လွိုင်ကော်တိုက်ပွဲ လက်နက် ၂၀ ကျော်သိမ်းမိ... ထားဝယ်မြို့အနီးက တံတား ၃ စင...


လွိုင်ကော်တိုက်ပွဲ လက်နက် ၂၀ ကျော်သိမ်းမိ... ထားဝယ်မြို့အနီးက တံတား ၃ စင်း စစ်တပ်ဖြိုချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၄ ဒီဇင်ဘာ ၂၀၂၅)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းပေါင်းကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၂၀ ခန့်သေဆုံး၊ သေနတ် ၂၂ လက် သိမ်းမိတယ်လို့  အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် ဗျုဟာက သတင်းထုတ်ပြန်ပါတယ်။
 
နိဝင်ဘာ ၁၀ မှာ အင်အား ၅၀ ပါစစ်ကြောင်းကို ဒရုန်းနဲ့ ချေမှုန်းရေးတပ် ပူးတွဲ တိုက်ခိုက်တာဖြစ်ပြီး စစ်သား ၂၀ သေဆုံး၊ RPG နဲ့ စက်လတ်အပါဝင် လက်နက်ငယ် ၂၂ လက် သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ဆားလင်းကြီး  မြို့မ ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၀ ဦးသေ...

- ဗန်းမောက်မြို့မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီ + SNA ရှမ်းနီပြည်သူ့စစ်တွေကြား  ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က အထိနာနေတဲ့အတွက် လေကြောင်းပစ်ကူနဲ့ အပြင်းအထန် တိုက်ခိုက်နေ...

- ရွှေကုက္ကူ ကျားဖြန့်မြို့ရှိ ၁၂ ထပ် တိုက်တလုံးကို စစ်ကောင်စီတပ်နဲ BGF ကရင်နယ်ခြားစောင့်တပ်တွေက မိုင်းခွဲဖြိုချလိုက်တာကို ထိုင်းဖက်ကမ်းကနေ မြင်နေရ...

-  ထားဝယ်မြို့နဲ့ ၆ မိုင်ခန့်အကွာရှိ ရှင်မုတ္တီးကျေးရွာအနီးက တံတား ၃ စင်းကို စစ်ကောင်စီတပ်က ဖြိုချ ဖျက်ဆီးလိုက်တဲ့အတွက် ကျောင်းသားလေးတွေအပါဝင် ဒေသခံတွေ သွားလာရေး အခက်တွေ့နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

၁၆ နှစ်အောက် မကြည့်ရ...

 ၁၆ နှစ်အောက် မကြည့်ရ...


(၃ ဒီဇင်ဘာ ၂၀၂၅)




(၁) ခေါင်းစဉ်ကို ဖတ်ပြီး တမျိုးမထင်ပါနက်၊ အတွေးမချော်ကြပါနက်...


၁၆ နှစ်အောက် ကလေးတွေ ဆိုရှယ်မီဒီယာ မသုံးရဆိုပြီး သြစတေလျနိုင်ငံက  ဥပဒေထုတ်လိုက်တာကို ဆိုလိုတာပါ။ လာမယ့် ဒီဇင်ဘာ ၁၀ ရက်၊ လူ့အခွင့်အရေးနေ့ကစပြီး သြစီ ၁၀ ကျော်သက်တွေ ဆိုရှယ်မီဒီယာ (Facebook, Instagram, Snapchat, Threads, TikTok, X, YouTube စသဖြင့်) သုံးခွင့်မရှိတော့ပါ။

သုတေသနပြုချက်တွေအရ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်အကြား ကလေး ၁၀ မှာ ၇ ဦးဟာ screens (ဖုန်း ဖန်သားပြင်လို့ပြောရမလား) ကြည့်ချိန်သိပ်များနေတယ်၊ ထိခိုက်လွယ်တာတွေ ကြည့်မိတယ်၊ စိတ် ကျန်းမာရေး၊ လူကျန်းမာရေး ထိခိုက်တယ်... စသဖြင့် ကိစ္စတွေကြောင့် အခုလို တားမြစ်ပိတ်ပင်ရတာလို့ ဆိုပါတယ်။

ဒီ ဥပဒေကိုကြည့်ပြီး လူ့အခွင့်အရေးတွေ၊ လူသားတဦးချင်းအပေါ် တန်ဖိုးထားမှုတွေမှာ သြစီက ဥရောပထက်တောင် ရှေ့ပြေးသွားပြီလို့ ဆိုနိုင်ပါတယ်။ ဥရောပမှာလည်း အလားတူ ဥပဒေထုတ်ဖို့ ဆွေးနွေးသံကြားနေရပေမယ့် အခုထိတော့ ဥပဒေ ထွက်လာတာမတွေ့ရသေးပါဘူး။

ဆိုရှယ်မီဒီယာ ဌာနချုပ်တွေ ရုံးစိုက်တဲ့ အမေရိကန်ပြည်ထောင်စုမှာကော... (TikTok ကတော့ တရုတ်ပိုင်ဟုဆို) အလားတူ ဥပေဒ ထွက်လာနိုင်သလား... ဈေးကွက်ထိခိုက်မယ့်အလုပ်မျိုး အမေရိကန်နိုင်ငံရေးသမားတွေက လုပ်ရဲပါ့မလား...

ဒါတွေက BBC ရုပ်-သံ သတင်းတိုကို ကြည့်မိပြီး အတွေးပွားမိတာပါ...

အဲတော့...မေးခွန်းက ... 

အဲသတင်းက ခင်ဗျားနဲ့ ဘာဆိုင်လဲ...

မြန်မာပြည်သားတွေ- မြန်မာမီဒီယာတွေနဲ့ကော ဘာဆိုင်လို့လဲ...။

---

(၂) အခုလိုအချိန်မှာ VPNs ဖြုတ်ပေးသင့်ပြီလို့ထင်တယ်...


သြစီက ခေတ်မီလှတဲ့၊ ခေတ်ရှေ့ပြေးနေတဲ့ ဆယ်ကျော်သက်တွေ ဆိုရှယ်မီဒီယာ မသုံးသင့်ကြောင်း သတင်းကိုဖတ်လို့ကောင်းတုန်း ရန်ကုန်က မိတ်ဆွေတယောက်ရေးထားတဲ့ ဆိုရှယ်မီဒီယာရဲ့ အခြားတဖက်က ပြသာနာအကြောင်း ပို့စ်ကိုလည်း ဖတ်ရပါတယ်။

"မြန်မာမှာ လူမှုကွန်ရက် သုံးဖို့ဆိုရင် အခုအချိန်ထိ VPN ခံသုံးနေရတုန်းပဲ ... အဲ့တာကို ဖြုတ်ဖို့ အချိန်တန်ပီလို့ထင်တယ် ...” လို့ သူက ရေးထားပါတယ်။

ဒါက မြန်မာပြည်ရဲ့ အရှိတရား...။ သြစီနဲ့ ဘယ်လောက်များ ကွာခြားနေသလဲ...

လွတ်လပ်စွာပြောဆိုခွင့်ရရှိရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရဲ့ သုတေသနပြုချက်အရ မြန်မာလူဦးရေ သန်း ၅၀ မှာ သန်း ၃၀ ကျော်က အင်တာနက်သုံးတယ်လို့ ဆိုပါတယ်။ 

အဲဒီ သန်း ၃၀ ကျော်ဟာ နိုင်ငံတကာက လူသားတွေလို အင်တာနက်ကို တိုက်ရိုက် ချိတ်ဆက်သုံးစွဲခွင့်မရတဲ့အတွက် (စစ်ကောင်စီက ပိတ်ပင်ထားတဲ့အတွက်) VPNs (virtual private network) တဆင့်ခံပြီး သုံးနေရတယ်လို့ ဆိုပါတယ်။

VPNs သုံစွဲတာဟာ တည်ဆဲဥပဒေကို ချိုးဖောက်တာလို့ စစ်ကောင်စီကပြောထားတဲ့အတွက် မြန်မာပြည်သား သန်း ၃၀ ကျော်ဟာ နေရင်းထိုင်ရင်း ရာဇဝတ်သားတွေ ဖြစ်နေတယ်လို့လည်း လေ့လာသူတွေကဆိုပါတယ်။ 

အဲ... ထူးဆန်းတာက အဲဒီထဲမှာ ဥပဒေထုတ်ထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ၊ စစ်ဗိုလ်တွေကိုယ်တိုင်လည်း ပါနေပါတယ်တဲ့...။

ဆိုတော့... ခုနက ရန်ကုန်က ပို့စ် ပိုင်ရှင်ရဲ့ စာထဲမှာပါတဲ့... “VPNs ဖြုတ်ပေးဖို့ အချိန်တန်ပြီ”... ဆိုတာ ဘာကို ဆိုလိုတာလဲ...

စစ်ကောင်စီက ကျင်းပမယ်ပြောထားတဲ့ ရွေးကောက်ပွဲအတုပဲဆိုဆို၊ ကျားဖြန့်ရွေးကောက်ပွဲပဲဆိုဆို ... ရွေးကောက်ပွဲတခု ကျင်းပတော့မယ်ဆိုရင် ဖြေလျော့မှုတွေ လုပ်ပေးလေ့ရှိပါတယ်။ တနေ့ကတောင် သတင်းစာဆရာတွေအပါဝင် (လွတ်ရက်စေ့ခါနီးလူတွေဟုဆိုသော်လည်း) နိုင်ငံရေးအကျဉ်းသား ၂၅၀ ကျော်ကို လွတ်ပေးလိုက်တယ် မဟုတ်ပါလား...

စစ်ပွဲတွေလည်း အချို့နေရာတွေမှာရပ်ပြီး (နေရာအများစုကို ဗုံးကြဲနေသော်လည်း) ဆွေးနွေးပွဲတွေလုပ်မယ်လို့ လေသံတွေကြားနေရတယ်မဟုတ်ပါလား။

နိုင်ငံရေးပါတီတွေလည်း (စစ်လော်ဘီ ပါတီတွေလို့ အများက ခေါ်ဆိုနေသည့်တိုင်) နိုင်ငံပိုင် မီဒီယာတွေကနေ (အများစုက ဆိုရှယ်မီဒီယာကနေ) မဲဆွယ်စည်းရုံးနေကြတယ် မဟုတ်ပါလား...

ဒီလိုအချိန်မှာ VPNs တားမြစ်ချက်ကို ဘာကြောင့် မရုတ်သိမ်း သေးတာလဲ...ဆိုပြီး ပို့စ် ပိုင်ရှင်က မေးခွန်းထုတ်ထားတာပါ။

ကဲ... ဖြေဇမ်း...စကမ ပြောခွင့်ရ ဇမလ...

---

(၃) ကမ္ဘာကြီးသည် ကျောင်းမှာလုံး၍ ... အိမ်မှာပြားသည်...  

ဒီလိုပုံနဲ့ မိုးဆက်ချုပ်ဦးမည်...


အဲတော့...သြစီက ပြဌဏ်းလိုက်တဲ့ ၁၆ နှစ်အောက်လူငယ်တွေ ဆိုရှယ်မီဒီယာ မသုံးရ ဆိုတဲ့ ဥပဒေနဲ့ မြန်မာပြည်သူတွေ၊ မြန်မာ ဆယ်ကျော်သက်တွေ၊ မြန်မာမီဒီယာတွေနဲ့ ဘယ်လို ဆက်စပ်နေသလဲ...

ဆက်တော့ ဆက်စပ်နေတယ်၊ ဒါပေမယ့် ပြောင်းပြန် ဆက်စပ်နေတယ်လို့ ပြောသင့်သလား...

ဟိုမှာက လွတ်လပ်ခွင့်များလွန်းလို့ ကန့်သတ်မှုတွေကို စဉ်းစားလာရတာ...

ဒီမှာက လွတ်လပ်ခွင့်မပေးချင်လို့ ကန့်သတ်ထားတာ...

လကမ္ဘာကို ဂြိုလ်တု လွှတ်ဖို့ကြိုးစားနေသူတွေနဲ့... နေပြည်တော်က တောတောင်တွေထဲမှာ ဂူတူးပြီး ရေနံဆီ မီးခွက်နဲ့ရှင်သန်နိုင်ဖို့ ကြိုးစားနေသူတွေကြားက ကွာခြားချက်မျိုးလား...

သြစီနဲ့ နှိုင်းရတာ နည်းနည်းဝေးပါသေးတယ်။ ...လက်ရှိ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နေပါတယ်ဆိုတဲ့ အာဆီယံ ထဲက အင်ဒိုနီးရှားလောက်ဆိုရင်ကော... မြန်မာ စစ်ဗိုလ်တွေ လိုက်လုပ်နိုင်မလား...

အင်ဒိုနီးရှားက အာဏာသိမ်း (ဖူးတဲ့) စစ်ဗိုလ်ချုပ်တွေက အာဏာသိမ်းပြီးရင် အာဏာကို ဘယ်လိုပြန်လွဲရသလဲ...ဆိုတာကို မြန်မာစစ်ဗိုလ်တွေဆီ သင်ကြားပို့ချပေးနေတယ်လို့ ကြားရတာပါပဲ...

ဟော... ပြောနေရင်း (ရေးနေရင်း)နဲ့... အင်တာနက် ပြတ်သွားပြီ...

VPNs ကျော်နည်း ခွနည်းများလုပ်ကြပါအူး...

ဟာ...ကတောက်... မီးပါ ပြတ်သွားပြီ...။

Tuesday, December 2, 2025

“ကျောက်ဖြူနဲ့ စစ်တွေ သိမ်းပိုက်ရေးအတွက် မဟာမိတ်တွေက AA ကို ကူပေးသင့်တယ်”


“ကျောက်ဖြူနဲ့ စစ်တွေ သိမ်းပိုက်ရေးအတွက် မဟာမိတ်တွေက AA ကို ကူပေးသင့်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃ နိုဝင်ဘာ ၂၀၂၅)

“ကျောက်ဖြူနဲ့ စစ်တွေကို သိမ်းနိုင်ရင် တရုတ်နဲ့ အိန္ဒိယကို စကားပြောနိုင်မှာဖြစ်တဲ့အတွက် ဒီလိုဗျုဟာအရအရေးပါတဲ့ နေရာတွေ သိမ်းပိုက်ရေးအတွက် မဟာမိတ်တွေက AA ကို ကူပေးသင့်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ရခိုင်နဲ့ဆက်စပ်ဒေသ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းအတွင်း AA ရဲ့ ထိုးစစ်တွေ ဘယ်ကို ဦးတည်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- အညာက PDF တွေ ဘာကြောင့် တပ်ပေါင်းစုဖွဲ့ဖို့ အရေးတကြီး လိုအပ်နေသလဲ...

- မကွေး-ပဲခူး-ဧရာဝတီ အစပ်ဒေသရှိ AA ရဲ့ ထိုးစစ်အလားအလာ ဘယ်လိုဖြစ်နေသလဲ...

- ကျောက်ဖြူနဲ့ စစ်တွေသိမ်းပိုက်ရေးက ဘာကြောင့် အရေးကြီးသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

ကျောက်ဖြူက ကာကင်းစခန်း ၂ ခု AA သိမ်းပိုက်... အညာဒေသက PDF တွေ တပ်ပေါင်းစု...


ကျောက်ဖြူက ကာကင်းစခန်း ၂ ခု AA သိမ်းပိုက်... အညာဒေသက PDF တွေ တပ်ပေါင်းစုဖွဲ့စည်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃ နိုဝင်ဘာ ၂၀၂၅)

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြု့ိနယ်က သိုင်းချောင်းဆည်နဲ့ မင်းပြင် မိုးလေဝသ ရေဒါစခန်းရဲ့ ကာကင်းကုန်းတွေကို AA အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေကြောင်း နိရဉ္စရာက ဖေါ်ပြပါတယ်။

သိုင်းချောင်းဆည်ရဲ့  ကာကင်းကုန်းတွေကို ဒီဇင်ဘာ ၁ ရက်နေ့မှာ AA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက်တွေလည်း သိမ်းမိတယ်၊ အလားတူ မင်းပြင် မိုးလေဝသရေဒါစခန်းအနီး တပ်စွဲထားတဲ့ ကာကင်းစခန်းကုန်းတွေကိုလည်း သိမ်းပိုက်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းထဲက စစ်ကောင်စီတပ်စခန်း ၅ ခုနဲ့ ရွာ ၃ ရွာကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး ကပစ တွေဖက် စစ်ဦးလှည့်နေ...

- မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် Local PDF ၇ ဖွဲ့က အညာမြေတပ်ပေါင်းစု အဖြစ် ဖွဲ့စည်းလိုက်ပြီး မန္တလေးတိုင်း မြင်းခြံခရိုင်က PDF ၈ ဖွဲ့ကလည်း တပ်ပေါင်းစုဖွဲ့စည်း...

- မွန်ပြည်တော်လှန်ရေးတပ်ရဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွကို နိုဝင်ဘာ ၃၀ က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, December 1, 2025

“TNLA ရဲ့ နိုင်ငံရေး ရပ်တည်ချက်က MNDAA ထက်တောင် ပိုဆိုးသွားတယ်”


“TNLA ရဲ့ နိုင်ငံရေး ရပ်တည်ချက်က MNDAA ထက်တောင် ပိုဆိုးသွားတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂ ဒီဇင်ဘာ ၂၀၂၅)

“မိုးကုတ်-မိုးမိတ်ဒေသဆီ စစ်ကောင်စီတပ်ကို ကိုယ်တိုင်ခေါ်သွင်းလာတဲ့ TNLA ရဲ့ လုပ်ရပ်ဟာ လားရှိုးကို ပြန်ပေးလိုက်ရတဲ့ MNDAA ရဲ့ ရပ်တည်ချက်လောက်တောင် တောင့်ခံနိုင်မှုမရှိဘူး။ မူမဲ့ ရာကျတယ်။ အညာဒေသက တော်လှန်ရေးတပ်တွေအားလုံး တပ်ပေါင်းစုဖွဲ့ပြီး တော်လှန်စစ်ကို အရှိန်ပြန်မြှင့်မှ ရမယ်” လို့ စစ်ရေး- နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

TNLA က မိုးကုတ်-မိုးမိတ်ကို စစ်ကောင်စီထံ လွဲပေးတဲ့ဖြစ်စဉ်ဟာ MNDAA က လားရှိုးကို စစ်ကောင်စီထံ လွဲပေးတဲ့အဆင့်ထက် နိုင်ငံရေး-စစ်ရေး ရပ်တည်ချက် လျော့ကျသွားသလား... စသဖြင့် BNN သတင်းဌာနာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- TNLA က မိုးကုတ်-မိုးမိတ်ကို စစ်ကောင်စီထံ လွဲပေးတဲ့ဖြစ်စဉ်နဲ့ MNDAA က လားရှိုးကို စစ်ကောင်စီထံ လွဲပေးတဲ့ ဖြစ်စဉ် ဘာတွေတူပြီး ဘာတွေ ကွာသလဲ...

- မိုးကုတ်-မိုးမိတ်ကို စစ်ကောင်စီထံ လွှဲပေးခြင်းက ရှမ်း-မန်း စစ်ဆင်ရေးကို အဆုံးသတ်လိုက်တဲ့သဘောလား...

- စစ်ကိုင်း-မကွေးဒေသက ပြောက်ကျားချေမှုန်းရေးစစ်ပွဲတွေကို အခြေခံပြီး တော်လှန်စစ်ကို အရှိန်ပြန်မြှင့်နိုင်ခြေ ရှိသေးလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(ညီနောင် ၃ ဖေါ်ထဲက အခုထိ အပစ်မရပ်သေးတဲ့ AA ရဲ့ စစ်ရေးအရှိန်အဟုန်တွေ ဘယ်လိုဖြစ်လာနိုင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

ရွှေဘိုတိုက်ပွဲ စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံး... မင်းလက်ပံမှာ တိုက်ပွဲဆက...


ရွှေဘိုတိုက်ပွဲ စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံး... မင်းလက်ပံမှာ တိုက်ပွဲဆက်ပြင်းထန်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂ ဒီဇင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ရွှေဘိုမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်တပ်ဖက်က ၃၀ ကျော်သေဆုံး၊ လက်နက် ၁၁ လက်သိမ်းမိတယ်လို့ ရွှေဘိုမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၇၊ မနက် ၆ နာရီခန့်မှာ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးရွာမှာ တကြိမ်၊ မွန်းခွဲ ၃ နာရီခန့်မှာ ရွှေဘိုမြို့တောင်ဘက် မုဒ်ပေါက်ဖက်မှာတကြိမ်တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ကျော်သေဆုံး၊ RPG အပါဝင် လက်နက်မျိုးစု ၁၁ လက်နဲ့ ခဲယမ်းတွေသိမ်မိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းရွာ လမ်းဆုံရှိ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၅ ဦးသေ၊ သေနတ် ၂ လက်သိမ်းမိ...

- မြဝတီမြိုန့ယ် မင်းလက်ပံရွာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး DKBA ပိုင် ကျားဖြန့်ရုံကို KNLA က သိမ်းပိုက်ပြီးကတည်းက ဒီဒေသကို စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေ...

- မောတောင်တိုက်ပွဲအတွက် ခဲယမ်းပို့တယ်လို့ယူဆရတဲ့ စစ်ကား ၂ စီးကို မြိတ်-တနသာင်္ရီကားလမ်းပေါ် တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်...

- ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF) အခြေခံစစ်ပညာသင်တန်း၊ 
အပါတ်စဉ်(၅) သင်တန်းဆင်းပွဲ အညာဒေသမှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, November 30, 2025

မိုးကုတ်နဲ့ မိုးမိတ်မှာ တိုက်ပွဲဖြစ်... သီတာယုမွန်အဖွဲ့က ၅ ဦးသေဆုံး...



မိုးကုတ်နဲ့ မိုးမိတ်မှာ တိုက်ပွဲဖြစ်... သီတာယုမွန်အဖွဲ့က ၅ ဦးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁ ဒီဇင်ဘာ ၂၀၂၅)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ဦး-မြင်းခြံလမ်းပိုင်းပေါ် တက်လာတဲ့ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန် အဖွဲ့သားတွေရဲ့ ကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၅ ဦးသေ၊ သေနတ် ၃ လက် သိမ်းမိတယ်လို့ ပခုက္ကူမြို့နယ် ပ.က.ဖ က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၉၊ မနက်ပိုင်းမှာ တိုက်ခိုက်တာဖြစ်ပြီး ကားပေါ်ပါလာတဲ့ ပြည်သူ့စစ် ၅ ဦးစလုံး သေဆုံး၊ G4 တလက်၊ ကာဘိုင် ၂ လက်နဲ့ ခဲယမ်းများစွာသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရ့ပါတယ်။

ဒါ့အပြင်...

- ရေစကြိုမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ထန်းဆယ်ပင်ကျေးရွာအနီး တော်လှန်တပ်တွေက တိုက်ခိုက်ရာမှာ စစ်ကြောင်းမှုးအပါဝင် ၃ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ...

- မိုးကုတ်နဲ့ မိုးမိတ်မြို့ဆီ ဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား မနေ့ညနေ ပိုင်းကစပြီး တိုက်ပွဲဖြစ်နေ...

-  စစ်ကောင်စီဖက်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိုင်းနယ်မြေထဲ ကျရောက် ပေါက်ကွဲတဲ့အတွက် ထိုင်း ကလေးငယ် ၂ ဦးအပါဝင် ၃ ဦးဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, November 29, 2025

ကိုလေး(အင်းဝဂုဏ်ရည်) နှင့် အမှောင်ခေတ်မှာ ပြောရဲဆိုရဲရှိသူများအား အောက်မေ့သတိရခြင်း...

 ကိုလေး(အင်းဝဂုဏ်ရည်) နှင့် အမှောင်ခေတ်မှာ ပြောရဲဆိုရဲရှိသူများအား အောက်မေ့သတိရခြင်း...


(၂၉ နိုဝင်ဘာ ၂၀၂၅)







(၁) တခါက သူရဲကောင်းများ...


ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) အသက် (၉၁)နှစ်ဟာ နိုဝင်ဘာ ၂၂ -စနေ မနက်ပိုင်းက ကွယ်လွန်သွားပြီလို့ မန္တလေးက သတင်းသမားတဦး ပို့စ် တင်ထားတာကို မနေ့က တွေ့မိတော့...


အသက် ၉၀ ကျော်တန်း ဝါရင့်ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ သခင်တွေရဲ့ အမှောင်ခေတ်တခေတ်မှာ အလင်းပြခဲ့တာတွေကို ပြန်သတိရမိပါတယ်။


၂၀၀၀-၂၀၀၁ ခုနှစ် ဝန်းကျင်ဖြစ်မယ်။ နိုင်ငံရေးစိတ်ဝင်စားတဲ့ ပြည်သူတွေ DVB ရေဒီယိုကို မကြားတကြား အသဲအသန် ဖမ်းယူနားဆင်နေကြစဉ် ကာလကပေါ့...။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလိုပဲ (အဲတုန်းကတော့ နေအိမ်အကျယ်ချုပ်) ဖမ်းဆီးခံနေရဆဲ... NLD ပါတီလည်း ဘာမှလှုပ်ရှားခွင့်မရအောင် အပိတ်ဆို့ ခံထားရတဲ့ကာလ...။


တဖက်မှာကလည်း မောင်ခင်ညွှန့်နဲ့ အဖွဲ့ လက်ညှိုးညွှန်ရာ ဒုက္ခရောက်နေရတဲ့အချိန်... စစ်ထောက်လှမ်းရေးတွေ သြဇာအကြီးဆုံးအချိန်ပေါ့...။


အဲဒီလို အချိန်ကြီးမှာ ... “ဒီကောင်လေးတွေက အခုမှ စစ်ထဲရောက်တာ ဘာကြာသေးလို့လဲ...၊  အန်ကယ်တို့ တော်လှန်ရေးလုပ်စဉ်က ဒီကောင်လေးတွေ မွေးတောင်မမွေးသေးဘူး”...(စကားလုံးအတိအကျ မဟုတ်ပါ- အဲဒီသဘောဆောင်) ဆိုပြီး DVB ရေဒီယိုကနေ စစ်ထောက်လှမ်းရေးတွကို စတင်စိန်ခေါ်လိုက်သူကတော့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ ပါပဲ။


နောက်စကားစု တခုကတော့...“မင်းသမီးက ကောင်းလွန်းလို့မဟုတ်ဘူး၊ လူကြမ်းက ဆိုးလွန်းတော့ မင်းသမီးကို လူတွေက သနားကြတာပေါ့” (စကားလုံးအတိအကျမဟုတ်ပါ- အဲဒီသဘောဆောင်) တဲ့... စစ်ထောက်လှမ်းတွေ ဆိုးလွန်းတဲ့အကြောင်း သခင်သိန်း သရုပ်ဖေါ်သွားတာဖြစ်ပါတယ်။


အဲဒီနောက်... သခင်ချန်ထွန်း... ဗိုလ်တထောင် အယ်ဒီတာချုပ်ဟောင်း ဦးထိန်လင်း... ဦးအောင်မြင့် စသဖြင့် ဝါရင့်နိုင်ငံသမားရေးတွေက တဦးပြီးတဦး အဲဒီကာလ စစ်ထောက်လှမ်းရေးတွေ ဆိုးသမျှကို အရင် ကိုလိုနီခေတ်၊ ဂျပန်ခေတ် အခြေအနေတွေနဲ့ ယှဉ်ပြီးပြောသွားတာ...


ပြီးတော့ စာရေးဆရာ ကဗျာဆရာတွေထဲက... ဆရာကြီး ဒဂုန်တာရာက အရင်ဆုံး အင်တာဗျုး ပေးတယ်ထင်ပါတယ်။ အဲဒီနောက် မန္တလေးဖက်က အညာသားဆရာတွေဖြစ်တဲ့ ဆရာကြည်အောင်နဲ့ အခု ကွယ်လွန်သွားတဲ့ (အခြားဆရာကြီးတွေက သူ့အရင် ကွယ်လွန်သွားကြပါပြီ) ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) တို့ဟာ အဲဒီခေတ်က စစ်ထောက်လှမ်းရေးနဲ့ စစ်အုပ်ချုပ်ရေးကို ရဲရဲတင်းတင်း ဝေဖန်ထောက်ပြခဲ့သူတွေဖြစ်ပါတယ်။


တင်မိုး - ကြည်အောင် - ကိုလေး ဆိုတာ တခေတ်တခါက မန္တလေးတက္ကသိုလ်က စာပေသူရဲကောင်းတွေပေါ့။ ဆရာတင်မိုးကတော့ DVB ကို အင်တာဗျုးပေးရုံတင် မကဘူး။ DVB နော်ဝေရုံးချုပ်မှာ တာဝန်ထမ်းခဲ့သူ၊ ကဗျာတွေ၊ ဆောင်းပါးတွေများစွာနဲ့ စစ်အုပ်စုကို ထောက်ပြဝေဖန်သွားသူဖြစ်ပါတယ်။


စစ်ထောက်လှမ်းရေးတွေကို ၁၀ နှစ်ကျော်ကြာ ထိုင်ကန်တော့နေရရှာတဲ့ လူထုကြီးလည်း ဒီလို ဝါရင့်နိုင်ငံရေးသမား သခင်တွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ ရဲရဲတောက် စကားသံတွေကို ကြားလိုက်ရတဲ့အချိန်မှာ နည်းနည်းတော့ မျက်စိပွင့်လာ... ဒီလို ပြောရဲဆိုရဲသူတွေ ရှိနေဆဲပါလားဆိုပြီး အားတက်လာပုံရပါတယ်။


ပြည်တွင်းကို တယ်လီဖုန်းခေါ်ရင် (အဲတုန်းက လက်နက်ကိုင်ဖုန်း- အင်တာနက် မပေါ်သေး၊ လိုင်းဖုန်းတောင် တရွာတလုံး မရှိသေးလို့ ဖုန်းရှိတဲ့ မြို့ကအိမ်ဆီ ရွာကလူတွေ စုပြုံလာစောင့်နေရလို့ အော်စလိုအချိန် မနက်အစောကြီး ဖုန်းထခေါ်ရတာ သတိရမိသေး) အရင်ကထက် ပြောရဲသူ ပိုများလာတာ သတိထားမိပါတယ်။

---


(၂) လူချင်းတွေ့ခွင့်မရလိုက်သော သူရဲကောင်းများ...


အခုတော့ ရှေ့မှာဖေါ်ပြခဲ့တဲ့ အမှောင်ခေတ်ထဲမှာ အလင်းပြခဲ့တဲ့ သူရဲကောင်းတွေ အားလုံး ကွယ်လွန်သွားခဲ့ပါပြီ၊ သူတို့တတွေကို တယ်လီဖုန်းထဲကနေ ကျနော် စကားပြောခဲ့ဖူးပေမယ့် လူချင်း တွေ့ခွင့်မရလိုက်ပါဘူး။


ကဗျာဆရာကြီး ဦးတင်မိုးက ကျနော် အော်စလိုကို မရောက်ခင် ရက်ပိုင်းအလိုကမှ နော်ဝေကနေ အမေရိကားဖက် ပြောင်းသွားတာပါ။


ဒီလိုနဲ့ ခေတ်တွေပြောင်းလို့... ၂၀၁၃ ခုနှစ် ဦးသိန်းစိန်ခေတ်မှာ ပထမ အကြိမ် ပြည်တော်ပြန်ခွင့်ရချိန် သခင်သိန်းဖေ၊ ဆရာဒဂုံတာရာအပါဝင် အမှောင်ခေတ်မှာ DVB ကို တလေးတစားနဲ့ အင်တာဗျုးပေးခဲ့သူတွေကို သွားတွေ့မလား စဉ်းစားပေမယ့် အချိန်မရလို့ မတွေ့ဖြစ်လိုက်ပါဘူး။


၂၀၁၄ ခုနှစ် ဒုတိယအကြိမ် အပြန်မှာတော့ ဆရာကြီးတွေ အတော်များများက ဆုံးပါးကုန်ပြီ၊ မန္တလေးဖက်ရောက်တော့ ဦးပိန်တံတားအနီးက တောင်လေးလုံးကျောင်းတိုက်ဆီသွားပြီး ဆရာဒဂုံတာရာနဲ့ ဆရာတင်မိုးတို့ရဲ့ ကျောက်စာတိုင်တွေကို အလေးပြုခဲ့တာ အမှတ်ရနေပါတယ်။


ဆရာကြီးဒဂုံတာရာဆိုရင် လူချင်းသာ မတွေ့ဖူးတာ- သူ့ စာပေသြဇာက သိပ်လွှမ်းမိုးတယ်ပြောရမလား... “အောင်ဆန်း သို့မဟုတ် အရိုင်း” ပါဝင်တဲ့ ရုပ်ပုံလွှာစာအုပ်ထဲက သရုပ်ဖေါ်ရေးဟန်တွေက အခုထိ ကျနော့်ကို လွှမ်းမိုးနေဆဲ။


ပြီးတော့ “ရန်သူမရှိ - မိတ်ဆွေသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဖြစ်တယ်” ဆိုတဲ့ နိုင်ငံရေးအယူအဆ...“ပြည်ထောင်စုဆိုတာ...  ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်ပြည် စသဖြင့် တိုင်းပြည်ငယ်အသီးသီးက စုပေါင်းနေထိုင်ကြတဲ့ စနစ်ပေါ့” တဲ့...။


အဲဒါ...ဖက်ဒရယ်ဆိုတဲ့စကားလုံးကိုတောင် လူအများစုက မပြောရဲသေးတဲ့အချိန်မှာ သူက ပြောသွားတာ၊


အခုတော့ ဆရာတာရာအပါဝင် သခင်တွေ၊ စာရေးဆရာတွေဟာ ငြိမ်းချမ်းရေးကိုလည်း မြင်ခွင့်မရ၊ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း တွေ့ခွင့်မရပဲနဲ့ ကွယ်လွန်ကုန်ကြပါပြီ။


... ဆရာတော် ဦးပညာ ကျောင်းဆောင်နဲ့ မျက်နှာချင်းဆိုင် လမ်းတဘက်မှာတော့ ဆရာကြီးဦးညိုမြ၊ ဆရာမြသန်းတင့်၊ မဟာဆွေ၊ တက္ကသိုလ်မောင်စောလွင်၊ ငွေဥဒေါင်းတို့အတွက် သစ်ပင်၊ ကျောက်စာတိုင်နဲ့ ထိုင်ခုံတွေရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။


ကဗျာဆရာ၊ စာရေးဆရာကြီးတွေကို လေးစားတဲ့အနေနဲ့ အခုလို အမှတ်တရ ကျောက်စာတိုင်တွေ၊ သစ်ပင်တွေ၊ ပြတိုက်တွေ လုပ်ထားနိုင်တာ မဆိုးဘူးပြောရမယ်။ ဒါပေမယ့် ဒါဟာ တာဝန်ရှိ၊ တာဝန်သိ အစိုးရမင်းတွေက လုပ်ပေးထားတာမျိုးမဟုတ်ဘူး။


ဆရာတော် ဦးပညာနဲ့ မန္တလေးဝန်းကျင်က စာပေချစ်သူတွေက သူ့တို့အသိနဲ့ သူတို့ တနိုင်တပိုင် လုပ်ထားကြတာမျိုးပါ။


အဲဒီ တောင်လေးလုံးကျောင်းကနေ ပြန်ထွက်လာတော့ ၂၀၀၂ ခုနှစ်၊ ကားဒစ်တက္ကသိုလ်မှာ သတင်းစာပညာ သင်တန်းတက်စဉ်က ကျနော် ရောက်ခဲ့ဖူးတဲ့ Stratford မြို့ရှိ အင်္ဂလိပ် ပြဇတ်ရေးဆရာကြီး ရှိတ်စဖီးယား Shakespeare ရဲ့ မွေးဖွားရာ နေအိမ်ကို ပြန်မြင်ရောင်မိပါတယ်။


အင်္ဂလိပ်တွေ ဘယ်လိုများ စနစ်စကျ ထိန်းသိမ်းထားသလဲ ဆိုတာ အံ့သြစရာကြီး ။ နှစ်ပေါင်း ၄၅၀ ကြာတဲ့အထိ အရင်ပုံစံအတိုင်း ထိမ်းထားပြီး ပြတိုက်အဖြစ် ပြသထားနိုင်တာ မြန်မာပြည်နဲ့စာရင် မယုံချင်စရာကြီး...။

----


(၃) အမှောင်ခေတ်ခြင်း အတူတူ အခု စကမ ခေတ်မှာ လူကြီးတွေ ဘာကြောင့်မပြောရဲကြတာလဲ...


အဲတော့... အခု ၂၀၂၅ နိုဝင်ဘာဟာ ၂၀၀၅ နိုဝင်ဘာနဲ့ အခြေအနေ ဘာကွာလို့လဲ...။ ၂၀၀၅ တုန်းကလည်း စစ်တပ်က အာဏာသိမ်းထားချိန်၊ စစ်ထောက်လှမ်းရေးတွေ အာဏာပြနေချိန်... ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ဖမ်းဆီးခံထားရချိန်၊ NLD ပါတီ ဘာမှလှုပ်ရှားခွင့်မရတဲ့ အခြေအနေပါပဲ။


အခု ၂၀၂၅ နိုဝင်ဘာမှာလည်း စစ်တပ်က အာဏာသိမ်းထားချိန် (အာဏာသိမ်း စစ်ဗိုလ်အမည်တွေကတော့ ပြောင်းသွားတာပေါ့) စစ်ထောက်လှမ်းရေးတင်မက ရှိသမျှ စစ်သားအကုန် အာဏာပြနေချိန်... ဒေါ်အောင်ဆန်းစုကြည်ကို (အကျယ်ချုပ်မဟုတ်တော့) ထောင်ထဲထည့်ထားချိန်၊ NLD ပါတီ ဘာမှလှုပ်ရှားခွင့်မရတဲ့ အခြေအနေပါပဲ...


ဒီလိုအခြေအနေမျိုးမှာ ဒါတွေဟာ တရားမျှတမှု မရှိဘူး၊ စစ်တပ်က ထင်ရာစိုင်းနေတယ်... .. “ဒီကောင်လေးတွေက အခုမှ စစ်ထဲရောက်တာ ဘာကြာသေးလို့လဲ... အန်ကယ်တို့ တော်လှန်ရေးလုပ်စဉ်က ဒီကောင်လေးတွေ မွေးတောင်မမွေးသေးဘူး”...လို့ ပြောရဲသူ၊ ပြောနိုင်သူ ဘယ်သူရှိသလဲ...


ဘာကြောင့် မပြောရဲကြတာလဲ...


အသက် ၉၀၊ ၁၀၀ တန်း (ဒုတိယကမ္ဘာစစ်ဖြစ်တာ ၁၉၄၅ ဆိုတော့ အဲဒီခေတ်ကို အသက် ၂၀ မှာ မီခဲ့သူဟာ အခု အသက် ၁၀၀ ရှိနေပါပြီ) သခင်တွေ၊ တော်လှန်ရေးသမားဟောင်းတွေ မရှိတော့လို့လား...


မအလ တွေ၊ လဖက်ခြောက်တွေထက် အသက် ၂၀ လောက်ကြီးတဲ့ လူတွေ၊... အသက် ၈၀ တန်းတွေထဲမှာ ပြောရဲဆိုရဲရှိသူတွေ မရှိကြတော့ဘူးလား...


ပြည်ပကလူတွေချည်း ပြောရဲ နေလို့မဖြစ်သေး။ သခင်သိန်းဖေတို့ ခေတ်ကလို ရန်ကုန်-မန္တလေးကလူတွေပါ ထ ပြောရဲဖို့ လိုလာနေပြီဖြစ်ပါတယ်။


လူတွေ အဲလိုပြောရဲဆိုရဲဖြစ်လာပြီး သိပ်မကြာခင်မှာ ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာတတ်တာကိုလည်း သတိထားမိပါတယ်။


ဒါကြောင့် အခုချိန်မှာ ရှေ့မှာ တင်ပြခဲ့တဲ့ သခင်သိန်းဖေကနေ ကိုလေး (အင်းဝဂုဏ်ရည်) အထိ အမှောင်ခေတ်ထဲမှာ လူထုကို လမ်းပြသွားတဲ့ သူရဲကောင်းတွေကို အထူး သတိရအောက်မေ့နေမိပါတယ်။. ။ 


Friday, November 28, 2025

တီးတိန်က စစ်တပ်စခန်း ချင်းညီနောင် သိမ်းပိုက်... တန်ဆည်က ပျု စခန်း PDF သိ...


တီးတိန်က စစ်တပ်စခန်း ချင်းညီနောင် သိမ်းပိုက်... တန်ဆည်က ပျု စခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၉  နိုဝင်ဘာ ၂၀၂၅)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့အဝင်က “ကြိုဆိုပါ၏” ဆိုင်းဘုတ်အနီးရှိ တောင်ကုန်းပေါ်က စစ်ကောင်စီစခန်းကို ချင်းညီနောင်အဖွဲ့တွေက သိမ်းပိုက်လိုက်ပြီ၊ သုံ့ပန်းတွေ လက်နက်တွေ သိမ်းမိတယ်လို့ PDF Zoland က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၇ မနက် ၈ နာရီခန့်မှာ တိုက်ပွဲစဖြစ်ပြီး ခလရ ၂၆၉ က တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့စခန်းကို တိုက်ခိုက် ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- တန့်ဆည်မြို့နယ်မြောက်ခြမ်းရှိ စစ်တပ်နဲ့ ပြူစောထီးတွေ ပူးတွဲ တပ်စခန်းချထားတဲ့ မူးတိမ် ပျုရွာကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး လက်နက်ငယ် ၅ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- နိုဝင်ဘာ ၂၉ မနက်မှာ စစ်ကောင်စီတပ်တွေ ဝင်လာမယ်လို့သတင်းထွက်နေတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ အဝင်အထွက် ဂိတ်အားလုံးကို ၂၈ မနက်ကစပြီး TNLA  က ပိတ်ထား...

- နတ်တလင်းမြို့နယ်ရှိ  စစ်တပ်၊ ရဲ နဲ့ ပျုစောထီး ပူးတွဲစခန်း ဒမငယ်ရဲစခန်းကို တော်လှန်ရေးတပ်တွေက  ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်...

- မင်းလက်ပံကျေးရွာရှိ DKBA ပိုင် ကျားဖြန့်ရုံတွေကို KNU က ဝင်ရောက်စီးနင်းတိုက်ခိုက်တာဟာ ဟန်ပြလုပ်ရပ်သာဖြစ်ပြီး တကယ့်က ကျားဖြန့်လုပ်ငန်း သက်သေအထောက်ထားတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားတာသာဖြစ်တယ်လို့ စစ်ကောင်စီဖက်က စွပ်စွဲ...

- ရေဖြူမြို့အခြေစိုက်  ခမရ ၄ဝ၄ က ပြည်သူ့စစ်မှုထမ်း တပ်သားသစ် (ပစ) ၅ ဦးဟာ MA စီးရီး သေနတ် ၅ လက်နဲ့အတူ Ba Htoo Army - BHA ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“အနိမ့်အမြင့် အတက်အကျတွေရှိပေမယ့် တော်လှန်ရေးက ရှေ့ကိုသွားနေပါတယ်”


“အနိမ့်အမြင့် အတက်အကျတွေရှိပေမယ့် တော်လှန်ရေးက ရှေ့ကိုသွားနေပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - NUG)

(၂၈ နိုဝင်ဘာ ၂၀၂၅)

“၅ နှစ်တာကာလအတွင်း တော်လှန်ရေးရဲ့ အရှိန်အဟုန်တွေဟာ အနိမ့်အမြင့် အတက်အကျတွေရှိပေမယ့် ရှေ့ကိုသွားနေပါတယ်၊ ယုံကြည်ချက်ခိုင်မာစွာနဲ့ အခက်ခဲတွေကို ကျော်ဖြတ်နိုင်ဖို့ပဲ လိုတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

စစ်ကောင်စီဖက်လုပ်လာနေတဲ့ ရွေးကောက်ပွဲတိုက်ကွက်၊ တရုတ်ဖိအားကိုသုံးပြီး လုပ်လာနေတဲ့ စစ်ရေးတိုက်ကွက်တွေအပေါ် တော်လှန်ရေးအင်အားစုတွေက ဘယ်လို တုန့်ပြန်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဝန်ကြီးက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ခက်လိမ့်မယ်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံကထုတ်ပြောလာမှုဟာ ဘယ်လောက်အထိအရေးကြီးသလဲ...

- အမေရိကန်ရဲ့ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ မူဒါဝဒက တော်လှန်ရေးအင်အားစုတွေကို ထောက်ခံနေဆဲလား...

- ဘိုင်လာရု သမ္မတ နေပြည်တော်ရောက်နေခြင်းက မြန်မာလူထုအတွက် ဘာထူးမှာလဲ...

- မိုးကုတ်-မိုးမိတ်ကိစ္စကို NUG က ဘယ်လို ကိုင်တွယ်နေသလဲ...

- ၅ နှစ်တာအတွင်း ရင်ဆိုင်နေရတဲ့ အခက်ခဲမျိုးစုံကို တော်လှန်ရေးအင်အားစုတွေ ဘယ်လိုကျော်ဖြတ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, November 27, 2025

ကစပ ၁၆ အနီး တိုက်ပွဲထပ်ဖြစ်... မိုးကုတ်မြို့ထဲ စစ်တပ်ဝင်လာဟုဆို...


ကစပ ၁၆ အနီး တိုက်ပွဲထပ်ဖြစ်... မိုးကုတ်မြို့ထဲ စစ်တပ်ဝင်လာဟုဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၈ နိုဝင်ဘာ ၂၀၂၅)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆင်လန်စခန်းနဲ့ ပွိုင့် ၆၆၆ စခန်းကုန်းဖက် စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ကို AA အာရက္ခတပ်တော်နဲ့ မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

ကပစ ၁၆  အနီးရှိ ကာကင်းစခန်း ပွိုင့် ၆၆၆ ဆီ စစ်ကူပို့ရေး အင်အား ၂၀၀ ခန့်ပါတဲ့စစ်ကြောင်းတခု ညောင်ခြေထောက်ဖက်ကနေ တက်လာစဉ် အခုလို တိုက်ခိုက်တာဖြစ်တယ်၊ စစ်တပ်ဖက်က ထိခိုက်မှုများတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင်...

- တီးတိန်မြို့အဝင်နားရှိ တောင်ကုန်ပေါ်က စစ်ကောင်စီစခန်းကို PDF-Zoland  က ဝင်တိုက်ပြီးနောက် ရိဒ်ခေါဒါလမ်းခွဲကနေ မြို့တွင်းလမ်းအားလုံးကို စစ်တပ်က ပိတ်ဆို့ထား...

- ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က လက်နက်ကြီးပစ်ကူအပြင် လေကြောင်းပစ်ကူပါ သုံးနေ...

- ဒီလကုန်ရင် စစ်ကောင်စီထံ ပြန်လွဲပေးရမယ်လို့ သတင်းတွေထွက်နေတဲ့ မိုးကုတ်မြို့ကနေ PDF-  ပြည်သူ့ကာကွယ်ရေးတပ်တွေ စတင်ဆုတ်ခွာနေ... စစ်တပ်ဝင်လာနေပြီဟု သတင်းထွက်...

- အခုလို အခြေအနေတွေအောက်မှာ အားလုံးပါဝင်ပြီး လိုအပ်တဲ့ ဆွေးနွေးပွဲ မပြုလုပ်နိုင်သေးဘဲ ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆိုရင် ASEAN အနေနဲ့ မြန်မာကို ပြန်လည်ချိတ်ဆက်ရတာ ခက်ခဲသွားနိုင်တယ်၊ အခုချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အချိန်တန်ပြီ- လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်းကတ်ကယောက်က ပြောကြား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“စစ်ကောင်စီရွေးကောက်ပွဲအပေါ် ထိုင်းဖက်က ထုတ်ပြောလာတာကို လေးစားအသိအမှတ်ပြ...


“စစ်ကောင်စီရွေးကောက်ပွဲအပေါ် ထိုင်းဖက်က ထုတ်ပြောလာတာကို လေးစားအသိအမှတ်ပြုပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - NUG)

(၂၇ နိုဝင်ဘာ ၂၀၂၅)

“စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ထိုင်းဖက်က ရပ်တည်ချက် ထုတ်ပြောလာတာကို လေးစားအသိအမှတ်ပြုပါတယ်၊ အာဆီယံအပါဝင် နိုင်ငံတကာအစိုးရတွေက ဒီရွေးကောက်ပွဲအပေါ် လက်မခံရေး ကျမတို့ကြိုးစားဆောင်ရွက်နေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှုရှိတယ်လို့ ပြောဖို့အလွန်ခက်မယ့်အခြေအနေရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြောလာတာ အပါဝင် လက်ရှိ နိုင်ငံတကာအစိုးရတွေရဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအပေါ် သဘောထားတွေ ဘယ်လိုရှိသလဲ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- သြစတေလျနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးမှု ဘာတွေ ထူးခြားသလဲ...

- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတမှုမရှိဘူးလို့ နယူးဇီလန်နိုင်ငံက ပြောဆိုမှုအကြောင်း...

- အာဆီယံ အဖွဲ့ဝင်ဖြစ်သွားတဲ့ အရှေ့တီမောနိုင်ငံရဲ့ NUG အပေါ် သဘောထား...

- အိမ်နီးချင်း ထိုင်းကတောင် ထုတ်ဖေါ်ပြောဆိုလာရတယ်ဆိုတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအခြေအနေ ဘယ်လောက်အထိ ဆိုးနေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထာားပါတယ်။

(အမေရိကန်အစိုးရရဲ့ သဘောထားပြောင်းလဲမှု၊ မိုးကုတ်-မိုးမိတ်ဒေသ PDF တွေရဲ့ အခြေနေအကြောင်း ဆွေးနွေးချက်တွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, November 26, 2025

၀က်လက်တိုက်ပွဲ စစ်ကောင်စီတပ် စစ်ကြောင်းအလိုက် ထပ်ပြုတ်... လေးမျက်နှာဖက်မ...


၀က်လက်တိုက်ပွဲ စစ်ကောင်စီတပ် စစ်ကြောင်းအလိုက် ထပ်ပြုတ်... လေးမျက်နှာဖက်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၇ နိုဝင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ရွာကနေ  ပုဏ္ဏားကျေးရွာဖက်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၄၀ နီးပါးသေဆုံး၊ လက်နက် ၃၀ ကျော်သိမ်းမိတယ်လို့ ပြည့်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့- ဝက်လက်က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၃၊ မနက် ၈ နာရီခွဲကနေ ညနေ ၆ နာရီခွဲအထိ တနေကုန် တိုက်ပွဲဖြစ်ပြီး ဗိုလ်ကြီး ဆန်းညွန့်ထွန်း- ဦးစီးတဲ့ တပ်မ ၃၃ လက်အောက်ခံ (ခမရ-၁၁)/(ခလရ-၄၂)/ပျူစောထီး ပူးပေါင်းအင်အား ၁၂၀ ခန့်ထဲက ၃၅ ဦးသေဆုံး၊ အများအပြားဒဏ်ရာရကာ စစ်ကြောင်းပျက်ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

သိမ်းမိလက်နက်တွေထဲမှာတော့ ၆၀ မမ ပြောင်းရှည် ၁ လက်၊ ပြောင်းတို ၃ လက်၊ RPG- ၁ လက်၊ ငါးကြင်းမှီး-စက်လတ် ၂ လက်၊ MA1- ၁၁ လက်၊ MA2- ၃ လက်၊ MA3- ၁၀ လက်၊ စနိုက်ဘာ -၁ လက်၊ ဂျန်ဘာ-၁ လုံးအပါဝင် ခဲယမ်းများစွာ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။

ဒါ့အပြင်...

- ဖားကန့်မြို့နယ်၊ ကုဋေမှော်နဲ့ ဆန်းကြွယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က အနည်းဆုံး ၄ ဦးသေ...

- ဖယ်ခုံ - ပင်လောင်းဖက်ကို စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ် ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးဝင်လာတဲ့အတွက် ကရင်နီတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

- နတ်တလင်းမြို့နယ်၊ ရှားဖြူကုန်းကျေးရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေ၊ ကျန်လူတွေထွက်ပြေး၊ ဆိုင်ကယ်တွေနဲ့ စစ်သုံးပစ္စည်းအချို့ သိမ်းမိ...

- တနင်္သာရီမြို့နယ်၊ သစ်ပင်ခြောက်ရွာအနီး စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၄ ဦးသေဆုံး...

- လေးမျက်နှာမြို့နယ်၊ သဲနုကုန်းရွာ ဝန်းကျင်ရှိ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတချို့ကို AA အာရက္ခတပ်တော် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“မိုးကုတ်-မိုးမိတ်ကို ကာကွယ်ဖို့ PDF တွေမှာ အခက်အခဲရှိနိုင်ပါတယ်”


“မိုးကုတ်-မိုးမိတ်ကို ကာကွယ်ဖို့ PDF တွေမှာ အခက်အခဲရှိနိုင်ပါတယ်”

- လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၂၆ နိုဝင်ဘာ ၂၀၂၅)

“ERO တွေမပါပဲ PDF တွေချည်း မိုးကုတ်-မိုးမိတ်ကို ကာကွယ်ဖို့ဆိုတာ အခက်အခဲရှိနိုင်ပါတယ်။ စစ်တပ်ဖက် နေရာယူစစ်မှာအားသာပြီး PDF တွေဖက်က လှုပ်ရှားစစ်မှာ အားသာတာတွေ့ရတယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

မိုးကုတ်-မိုးမိတ် ကာကွယ်ရေးအခြေအနေ၊ စစ်ကိုင်း-မကွေး ဖက်မှာ စစ်ကောင်စီ စစ်ကြောင်းလိုက်ပြုတ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- တနသာၤရီတိုင်းက မောတောင်မြို့သိမ်းတိုက်ပွဲ စစ်ရေးအရ ဘယ်လိုထူးခြားသလဲ...

- AA တပ်တွေ ရှေ့မတိုးပဲ နယ်စပ်မှာပဲ ကာကွယ်ရေးလုပ်နေတာ ဘာကြောင့်လဲ...

- မိုးကုတ်-မိုးမိတ် ကာကွယ်ရေးအတွက် PDF တွေ အဆင့်သင့်ဖြစ်ပုံမရသေးဘူးလို့ ဘာကြောင့်ပြောတာလဲ...

- ခံစစ်သေအစား လှုပ်ရှားစစ်ကိုဦးစားပေးလို့ စစ်ကိုင်း-မကွေးဖက်မှာ စစ်ကောင်စီ စစ်ကြောင်းအလိုက် ပြုတ်နေတာလား...

- လက်ရှိအခြေအနေကနေ တော်လှန်စစ် အရှိန်မြင့်လာအောင် ဘယ်လို ဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မိုးကုတ်-မိုးမိတ်အကြောင်းပြောနေစဉ် အင်တာနက်လိုင်း- Zoom လိုင်းကျသွားပြီး အသံနဲ့ရုပ် ပါမလာတဲ့အတွက် အရံဖမ်းယူထားတဲ့ အသံနဲ့ အစားထိုးရတဲ့အပေါ် တောင်းပန်အပ်ပါတယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, November 25, 2025

ကြို့ပင်ကောက်တိုက်ပွဲ စစ်ကောင်စီ အထိနာ... ကျားဖြန့်နှိမ်နှင်းရေး KNU ဆော...


ကြို့ပင်ကောက်တိုက်ပွဲ စစ်ကောင်စီ အထိနာ... ကျားဖြန့်နှိမ်နှင်းရေး KNU ဆောင်ရွက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၆ နိုဝင်ဘာ ၂၀၂၅)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က ၅ ဦးသေဆုံး၊ လက်နက် ၃ လက် သိမ်းမိတယ်လို့ PDF အမှတ်(၂)စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ (၂၃)၊ မနက်ပိုင်းမှာ ဝင်တိုက်တာဖြစ်ပြီး ဒုရဲအုပ်ကျော်ဇင်ထွန်းနဲ့ ၅ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ၊ G4 တလက်၊ G3 တလက်၊ အူဇီ တလက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- နတ်မောက်မြို့နယ်၊ ကျောက်တန်းရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံး...

- ချောက်မြို့နယ်က စစ်ကောင်စီတပ်သား ၄ ဦး သေနတ်တလက်နဲ့အတူ ချောက်မြို့နယ် (ပကဖ) ထံ ခိုလှုံ...

- ခလရ (၄၁၈) က စစ်မှုထမ်းတပ်သား (ပစ)တဦးဟာလည်း MA 1 တလက်နဲ့အတူ နိုဝင်ဘာ ၂၃ က  အညာမြေတပ်ပေါင်းစုထံ ခိုလှုံ...

- မောတောင်ကို ပြန်တိုက်ခိုက်ဖို့ တနသာင်္ရီဖက်ကနေ စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား သိန်ခွန်းရွာဝန်းကျင်မှာ ၁၀ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က ထိခိုက်မှုများ...

- ကျားဖြန့်နှိမ်နင်းရေးဆောင်ရွက်ဖို့ နိုင်ငံတကာဖက်က ဝိုင်းကူပေးရန် KNU တိုက်တွန်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“သမ္မတထရမ့် အစိုးရရဲ့ မူဝါဒက နည်းနည်းတော့ ပြောင်းလာတယ်”


“သမ္မတထရမ့် အစိုးရရဲ့ မူဝါဒက နည်းနည်းတော့ ပြောင်းလာတယ်”

- ဦးရင်အေး (Save Myanmar - USA)

(၂၅ နိုဝင်ဘာ ၂၀၂၅)

“သမ္မတထရမ့် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒက နည်းနည်းတော့ပြောင်းလာတယ်၊ ကျားဖြန့်ကိစ္စက အမေရိကန်လူထုကို တိုက်ရိုက်ထိခိုက်တာကြောင့် အခုလို ပြောင်းလာတာလို့ ယူဆပါတယ်။ ဒါပေမယ့် သူက တော်ကြာနေ တမျိုးပြောင်းရင် ပြောင်းတတ်တယ်” လို့ ဝါရှင်တန်အခြေစိုက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ Save Myanmar - USA အဖွဲ့က ဦးရင်အေးက ပြောပါတယ်။

ကျားဖြန့်နှိမ်နှင်းရေး အထူးတပ်ဖွဲ့တာ၊ ရွေးကောက်ပွဲဟာ စစ်မှန်မှုမရှိဘူးလို့ လွှတ်တော်အမတ်တချို့ဖက်က ထုတ်ပြောလာတာတွေဟာ ထရမ့်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလဲလာမှုလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- အိမ်ဖြူတော်ရှေ့ဆန္ဒပြပွဲတွေက ဘယ်လောက် ထိရောက်မှုရှိနိုင်သလဲ...

- အမေရိကန်လွှတ်တော်အတွင်း မြန်မာ့အရေး စတင်ပြောဆိုလာတာဟာ အမေရိကန်ဖက်က သဘောထား ပြောင်းလဲလာမှုလား...

- ကျားဖြန့် နှိမ်နင်းရေး အထူးတပ်ဖွဲ့ ဖွဲ့ခြင်းက မြန်မာအပေါ် အမေရိကန်မူဝါဒ ပြောင်းလဲလာခြင်းလား...

- အမေရိကန် မူဝါဆိုင်ရာစဉ်းစားသူတွေဆီ သတင်းမှန်တွေရောက်ရှိရေးအတွက် ဒီမိုကေရစီအင်အားစုတွေ ဘာဆက်လုပ်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီမေးမြန်းချက်ဟာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီနေထိုင်ခွင့် TPS (Temporary Protected Status) ဖျက်သိမ်းမယ်လို့ မကြေညာခင် တနင်္ဂနွေညပိုင်းက ပြုလုပ်ထားတာဖြစ်ပါတယ်။)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, November 24, 2025

ခင်ဦးတိုက်ပွဲ စစ်ကောင်စီ စစ်ကြောင်းအလိုက်ပြုတ်... ရွှေသောင်ယံဘက်မှာ တိုက...


ခင်ဦးတိုက်ပွဲ စစ်ကောင်စီ စစ်ကြောင်းအလိုက်ပြုတ်... ရွှေသောင်ယံဘက်မှာ တိုက်ပွဲပြန်ဖြစ်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၅ နိုဝင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က စစ်ကြောင်းအလိုက်ပြုတ်ပြီး ၇၀ ခန့်အထိ သေဆုံး၊ လက်နက်မျိုးစုံ ၃၀ နီးပါး သိမ်းမိတယ်လို့  ခင်ဦးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။ 

နိုဝင်ဘာ ၂၃ မွန်းတည့် ၁၂ နာရီခန့်မှာ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကနေ ထွက်လာတဲ့ ကန့်ဘလူ နည်းဗျူဟာ (၃၃၂)နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၈၀) ခန့်ကို ပျဉ်ထောင် (ပျူရွာ)သို့ အသွား လမ်းပိုင်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ဝက်လက်မြို့နယ်  ပုဏ္ဏားရွာတိုက်ပွဲမှာလည်း စစ်ကောင်စီဖက်က စစ်ကြောင်းအလိုက်ထပ်ပြုတ်ပြန်တယ်လို့ဆို...

- ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာဘက် ထွက်လာတဲ့ ပျူစောထီးကာ ၂ စီးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၅ ဦးသေ၊ ၂ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ စိန်ပြောင်းတလက်အပါဝင် လက်နက်ခဲယမ်းတွေ သိမ်းမိ...

- သာပေါင်းနဲ့ ရွှေသောင်ယံမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ AA အာရက္ခတပ်တော် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲပြန် ပြင်းထန်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, November 23, 2025

ကျားဖြန့်လုံခြုံရေး တပ်သား ၂၀ ကျော်နဲ့ လက်နက် ၂၀၀ နီးပါး ဖမ်းမိ... ခင်ဦး...


ကျားဖြန့်လုံခြုံရေး တပ်သား ၂၀ ကျော်နဲ့ လက်နက် ၂၀၀ နီးပါး ဖမ်းမိ... ခင်ဦးဖက်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၄ နိုဝင်ဘာ ၂၀၂၅)

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ မင်းလက်ပံရွာနဲ့ အင်ကြင်းမြိုင်ရွာဘက်မှဖြစ်ပွားတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲအတွင်း DKBA တပ်ဖွဲ့ဝင် ၂၀ေ ကျာ်ကို လက်နက် ၁၀၀ ကျော်နဲ့အတူ ဖမ်းဆီးမိတယ်လို့ Karen Information Center က ဖေါ်ပြပါတယ်။

နိုဝင်ဘာ ၂၁ မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေစဉ် အင်ကြင်းမြိုင်ရွာ အဝင်လမ်းမဘေးရှိ DKBA - ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က လုံခြုံရေးယူပေးထားတဲ့ (ကျားဖျန့်) ခြံဝင်းဘက်က သေနတ်ပစ်ခတ်မှုလုပ်ဆောင်တဲ့အတွက် အဲဒီနေရာကို KNLA နဲ့ မဟာမိတ်တွေက ဝင်ရောက်စီးနင်း ဖမ်းဆီး သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

သိမ်းမိတဲ့ လက်နက်တွေ၊ ဖမ်းထားတဲ့လူတွေရဲ့ မှတ်တမ်းပုံတွေကို ထိုင်းမီဒီယာတွေမှာလည်း ဖေါ်ပြထားတာတွေ့ရပြီး လက်နက်မျိုးစုံ ၁၇၀ အထိရှိတယ်လို့ မီဒီယာတွေက ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ဇီကုန်းမြို့ပေါ်ရှိ KTV မှာ လာရောက် ပျော်ပါးနေတဲ့ စစ်သားနဲ့ ရဲ ၇ ဦးကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ၇ ဦးစလုံးသေဆုံးပြီး သေနတ် တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်ကားလမ်းပေါ်ရှိ မင်းဒပ်ရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှိ့နေပြီး နေအိမ်အတော်များများ မီးလောင်နေ...

- ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဝါသဝ‌ ဦးဆောင်တဲ့ ပျုစောထီးတပ် ပူးတွဲစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်ကြောင်းအလိုက် ပြုတ်သွားတဲ့သဘောရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေ...

- ပေါက်မြို့နယ်မှာ စက်တပ်လေထီး ပျက်ကျလို့ လာရှာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေ၊ ၃ ဦးက လက်နက်ချ...

- ယင်းမာပင်မြို့နယ် စစ်ကြောင်း ( YMB Column ) စစ်ရေးပြ အခမ်းအနားကို နိုဝင်ဘာ ၂၁ က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, November 22, 2025

စစ်ကောင်စီရဲ့ စက်တပ်လေထီး PDF ပစ်ချ... ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင...


စစ်ကောင်စီရဲ့ စက်တပ်လေထီး PDF ပစ်ချ... ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအိမ် မီးလောင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၃ နိုဝင်ဘာ ၂၀၂၅)

မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းက ကျေးရွာတွေကို ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ စက်တပ်လေထီး ၂ စီးကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ရာမှာ တစီးထိမှန် ပျက်ကျလာတယ်လို့ ပေါက်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၂၊ ညနေ ၄ နာရီခွဲခန့်မှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ တက်လာတဲ့ စက်တပ်လေထီး ၂ စီးက မြေပြင်မှာရှိနေတဲ့ စစ်ကောင်စီတပ်ကို ပစ်ကူပေးပြီးအပြန် ပေါက်မြို့နယ် တောင်ပိုင်းတနေရာမှာ ပစ်ချလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- မြဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေစဉ် စစ်တပ်ရဲ့ လက်နက်ကြီးတွေ ထိုင်းနယ်မြေထဲ ကျရောက်ပေါက်ကွဲတဲ့အတွက် ထိုင်းဖက်က သတိပေးပစ်ခတ်မှု ပြုလုပ်...

- ပုလောမြို့ရှိ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း နေအိမ်နဲ့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နိုဝင်ဘာ ၂၁ ညက မီးရှို့ဖျက်ဆီးခံရ...

- လားရှိုးအနီးရှိ နမ့်ပေါင် ကနေ MNDAA - တပ်စခန်းအချို့ ပြန်ဆုတ်နေပြီလို့ ၀ သတင်းဌာနက ဖေါ်ပြ...

- ဖရိူဆိုအခြေစိုက် ခမရ ၅၃၁ က တပ်သားတဦး MA 1 (၁)လက်နဲ့တူ တော်လှန်ရေး တပ်တွေထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, November 21, 2025

ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီ အထိနာ... နိုင်-ကျဉ်းတဦးကို PDF တွေ ကယ်တင်...


ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီ အထိနာ... နိုင်-ကျဉ်းတဦးကို PDF တွေ ကယ်တင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၂ နိုဝင်ဘာ ၂၀၂၅)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများပြီး တပ်ပြန်ဆုတ်သွားတယ်လို့ Karen Information Center က ဖေါ်ပြပါတယ်။

နိုဝင်ဘာ ၁၉ မှာ ကော့ကရိတ်-ကျိုက်ဒုံလမ်းပိုင်းရှိ ရေကျော်ကြီးရွာဘက်ကနေ ထိုးဝင်လာတဲ့ စစ်ကြောင်းကို မောင်းမရွာမှာ တိုက်ခိုက်တာဖြစ်ပြီး စစ်တပ်ဖက်က တပ်ရင်းမှုးအပါဝင် သေဆုံးသူများတယ်၊ တော်လှန်ရေးဖက်ကလည်း ရဲဘော် ၂ ဦးကျဆုံးတယ်၊ အဲဒီနောက် စစ်တပ်ဘက်က နောက်ပြန်ဆုတ်သွားတယ်လို့ ရှေ့တန်း သတင်းရပ်ကွက်တခုက ပြောပါတယ်။

ဒါ့အပြင်...

- ချောက်မြို့နယ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ သယ်လာတဲ့ ကား ၂ စီးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၂ ဦးသေဆုံးပြီး နိုင်ငံရေးအကျဉ်းသား PDF ရဲဘော် တဦးကို ကယ်ထုတ်နိုင်...

- ပေါက်မြို့နယ်တောင်ပိုင်း၊ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာအခြေချ ပျုစောထီးနဲ့ စစ်တပ်ပူးတွဲစခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး ၃ ဦးကို လက်ရဖမ်းမိ၊ သေနတ် ၂ လက် သိမ်းမိ...

- လားရှိုး–သီပေါ လမ်းပိုင်းပေါ်ရှိ MNDAA ကိုးကန့်တပ်တွေကို အမြန်ဆုံးဆုတ်ခွာပေးဖို့ စစ်ကောင်စီက ဖိအားပေးပေမယ့် MNDAA ဖက်က အခုထိ မဆုတ်သေးတဲ့အတွက် စစ်ကောင်စီနဲ့ ကိုးကန့်တပ်အကြား အခြေနေ ဆက်လက် တင်းမာနေဟုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, November 20, 2025

မောတောင်ဖက် စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်...


မောတောင်ဖက် စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်... 

နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၁ နိုဝင်ဘာ ၂၀၂၅)

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ မောတောင်မြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ တနသာၤရီ-ဘုတ်ပြင်း လမ်းပိုင်းကနေ မောတောင်ဖက် ဦးတည်ပြီး ထပ်ထိုးလာနေတဲ့အတွက် ကားလမ်းမကြီးဘေးနားရှိ သိန်ခွန်းရွာဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ Dawei Watch က ဖေါ်ပြပါတယ်။

နိုဝင်ဘာ ၁၄ မှာ မောတောင်ကို သိမ်းပြီးနောက် ၁၅ ရက်နေ့ကတည်းက စစ်ကောင်စီရဲ့ စစ်ကူတပ်တွေ တနသာင်္ရီဖက်ကနေ သိန်းခွန်းဖက် တက်လာနေတယ်၊ လေကြောင်းကရော၊ ကားတွေနဲ့ပါ စစ်ကူတွေ ပို့နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သိန်ခွန်းဝန်းကျင်မှာ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး ၂ ဖက် ထိခိုက်မှုရှိနိုင်တယ်လို့ စစ်ဖက် သတင်းရပ်ကွက်တွေက ပြောပါတယ်။

ဒါ့အပြင်...

- သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တွေအတွင်း စစ်ကောင်စီတပ်နဲ့ AA အာရက္ခတပ်တော် ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဖက်က သေဆုံး ဒဏ်ရာရသူများနေ...

- TNLA က ဒီလကုန်ရင် မိုးကုတ်မြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် မိုးကုတ်မြို့ခံ အတော်များများ မြို့ကနေ ထွက်ပြေးနေ...

- မြဝတီမြို့နယ်တွင်းရှိ Vegas မြို့က ကျားဖြန့် စင်တာတွေကို စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ ဝင်ရောက်စီးနင်းရာမှာ နိုင်ငံခြားသား ၉၀၀ ကျော်ဖမ်းမိ၊ လက်ကိုင်ဖုန်း ၂ သောင်းကျော် သိမ်းမိ...

- အရပ်သား ကာကွယ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးအပါဝင် မြန်မာ့နိုင်ငံရေးအခြေအနေတွေကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သြစတေလျ နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“စစ်တပ် ခိုင်းတာ မလုပ်ချင်ရင် စစ်တပ်အောက်မှာ မနေနဲ့ပေါ့”


“စစ်တပ် ခိုင်းတာ မလုပ်ချင်ရင် စစ်တပ်အောက်မှာ မနေနဲ့ပေါ့”

-ချမ်းချမ်း (တော်လှန်သော တေးသံရှင်)

(၂၀ နိုဝင်ဘာ ၂၀၂၅)

“စစ်တပ် ခိုင်းတာ မလုပ်ချင်ရင် စစ်တပ်အောက်မှာ မနေနဲ့ပေါ့၊ စစ်တပ်အောက်မှာပဲ ဆက်နေနေပြီး မလုပ်ချင်ပဲနဲ့ လုပ်နေရလို့ ဆင်ခြေပေးနေလို့ မရဘူး” လို့ အဆိုတော် ချမ်းချမ်းက ပြောပါတယ်။ 

ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေကို စစ်ကောင်စီက အတင်းအကျပ်ဖိအားပေးပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲအတုအတွက် မဲဆွယ်သီချင်း ဆိုခိုင်းနေတဲ့အပေါ်...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် အခုလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ချမ်းချမ်းရဲ့ နော်ဝေခရီးစဉ်အတွင်း ဘယ်သီချင်းတွေ သီဆိုဖို့ရှိမလဲ...

- ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေရဲ့ ရန်ပုံငွေရှာပွဲတွေက တော်လှန်ရေးကို ဘယ်လောက်ခွန်အားဖြစ်စေသလဲ...

- စစ်ကောင်စီအောက်မှာ ကျန်နေဆဲဖြစ်တဲ့ အနုပညာရှင်တွေက မတော်လှန်ရဲတာလား... မလွန်ဆန်ရဲတာလား...

- အချင်းချင်းဝေဖန်ရေးကနေ အချင်းချင်းလက်တွဲဆောင်ရွက်ရေး ပိုအားကောင်းလာအောင် ဘယ်လိုဆောင်ရွက်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, November 19, 2025

မိုးညှင်းမြို့နယ် ရဲစခန်း KIA တိုက်ခိုက်... ကနေဒီတောင်ကို PDF-Zoland ပြန...


မိုးညှင်းမြို့နယ် ရဲစခန်း KIA တိုက်ခိုက်... ကနေဒီတောင်ကို PDF-Zoland ပြန် သိမ်းပိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၀ နိုဝင်ဘာ ၂၀၂၅)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့မ ရဲစခန်းကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုများတယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။

နိုဝင်ဘာ ၁၉၊ မနက် ၇ နာရီခန့်မှာ KIA နဲ့ ပူးပေါင်းတပ်တွေက ကားကြီး ၃ စီးနဲ့ ရောက်လာပြီး ဒရုန်းနဲ့အရင်ပစ်၊ ပြီးတော့မြေပြင်ကနေ ဝင်တိုက်တာ မိနစ် ၃၀ ခန့်ကြာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်...

- စစ်ရေး ဗျုဟာလိုအပ်ချက်အရ ခေတ္တရှောင်ပေးခဲ့တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကနေဒီတောင်ကုန်းကို နိုဝင်ဘာ ၁၈ မှာ PDF – Zoland က ပြန်သိမ်းပိုက်...

- မြိုင်မြို့နယ်၊ စက်မှု ၂ ရပ်ကွက်ဆီ ထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၂ ဦးကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ရာမှာ တဦးသေဆုံး၊ တဦးဒဏ်ရာရ၊ သေနတ် တလက် သိမ်းမိ...

- ရေစကြိုမြို့နယ်ကနေ ပုခုက္ကူမြို့နယ်ဖက် ထွက်လာတဲ့ စစ်ကောင်စီယာဥတန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၈ ဦးသေဆုံး...

- မြင်းခြံမြို့နယ်၊ ဂေါင်းကွဲကျေးရွှာနဲ့ ကန်ရွှာ ကြားရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က ၅ ဦးသေဆုံး...

- ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNDO တပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး သေနတ် ၆ လက် သိမ်းမိ...

- ခမရ ၁၀၇ က ပြည်သူ့စစ်မှုထမ်းတပ်သားသစ် (ပစ) ၄ ဦးဟာ MA-1 ၊ MA-3 သေနတ် ၂ လက်နဲ့အတူ Yenanthar Column ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More