မိုးကုတ် တိုက်ပွဲမှာ TNLA က လက်နက်အချို့ သိမ်းမိ... ပခုက္ကူမြို့နယ်က ပျု စခန်း PDF သိမ်းပိုက် ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ
(၁၈- ၇- ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၃ ရက်မြောက်နေ့ မိုးကုတ်နဲ့ ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်ပြီး လက်နက် ခဲယမ်းတွ သိမ်းမိတယ်လို့ PSLF/ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတာ်) က သတင်းထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့နယ် အရှေ့ပိုင်း ခလရ ၇၁ နဲ့ ၈၈ တပ်ဖွဲ့ဝင်တွေက ထိုးစစ်ဆင်လာတဲ့အတွက် ပန်းမထိပ် ရွာအနီးမှာ TNLA နဲ့ တိုက်ပွဲဖြစ်တယ် … ကမ္ဘာလုံးစေတီ အနီးမှာ TNLA နဲ့ PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်နဲ့
တိုက်ပွဲဖြစ်တယ် … ကြက်ခြံနဲ့ အမှိုက်ပုံ နေရာ အနီးမှာလည်း တိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။
ကျောက်မဲမြို့နယ် နောင်ပိန်လေး ရွာမှာလည်း မနက် ၆ နာရီခန့်မှာ TNLA နဲ့
တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက Jet Fighter၊ Y12 တို့နဲ့ ဗုံးအလုံး ၅၀
နီးပါး ကြဲတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျောက်မဲမြို့ ခိုမုန်း
သစ်စက်ဝန်းအတွင်း အရပ်သား ၃ ဦး သေဆုံးပြီး နေအိမ်တွေ
မီးလောင်ပျက်စီးတယ်လို့လည်း ဖော်ပြပါတယ်။
တိုက်ပွဲကာလ ၂၃ ရက်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၇၆ ဦး
သေဆုံးပြီး ၁၁၂ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- လားရှိုး အနောက်ဘက် မြို့အဝင်ရှိ မယ်ဟန် စစ်ဆေးရေးဂိတ်ကို MNDAA
(မြန်မာအမျိုးသားမဟာမိတ်တပ်မတော်) နဲ့ မဟာမိတ်တပ်တွေက
သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့
ခုခံနေ...
- စဉ့်ကူးမြို့ကို PDF တွေက သိမ်းပိုက်လိုက်ပြီလို့
သတင်းတွေထွက်နေပေမယ့် PDF-MDY ကတော့ တရားဝင် သတင်းမထုတ်ပြန်သေးပါ...
- ပခုက္ကူမြို့နယ်၊ ဘဲကြီး အုပ်စုရှိ အောင်သာ ပျုုစောထီး စခန်းကို
တော်လှန်ရေးတပ်တွေက ဝင်ရောက်သိမ်းပိုက်ပြီး လက်နက် ၁၀ လက်နဲ့ စစ်သုံ့ပန်း
၁၀ ဦး ဖမ်းမိ...
- တောင်သာမြို့နယ်မှာ စစ်ကောင်စီ ထောက်ပို့ကား တစီးကို
တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်စဉ် ဒု-အရာခံဗိုလ်အပါအဝင်
စစ်သုံ့ပန်း ၁၄ ဦးကို လက်နက်ငယ် ၁၀ ခန့်နဲ့အတူ လက်ရဖမ်းမိ...
- (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲ၊ အပတ်စဉ် (၁/၂၀၂၄)
အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ...
... စတဲ့ သတင်းတွကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment