ထွက်ပြေး စစ်သားတွေဆီက လက်နက်တွေ TNLA သိမ်းမိ... မတ္တရာမှာ PDF က စခန်းတွေ ထပ်သိမ်း... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
(၁၃- ၇- ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၁၈) ရက်မြောက်နေ့မှာ နောင်ချို ဒုံးတပ်ရင်း ၆၀၆ ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းပြီး လက်နက်မျိုးစုံ ၁၀ ကျော် ထပ်မံသိမ်းမိတယ်လို့ PSLF/TNLA ပြောခွင့်ရက BNN ကိုပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်သားတွေနဲ့ ဂုတ်တွင်းစခန်းမှာ မနေ့မနက် ၅ နာရီခန့်က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီအလောင်းတွေနဲ့အတူ ၆၀ မမ မော်တာ၊ RPG လောင်ချာအပါဝင ်လက်နက် ၁၅ လက်သိမ်းမိတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပြပါတယ်။
တိုက်ပွဲဖြစ်တဲ့ ဂုတ်တွင်းစခန်းကို စစ်ကောင်စီတပ်က Jet Fighter ၊ Mi35၊ Y12 တို့နဲ့ ဗုံးအလုံးရေ ၁၀၀ နီးပါး ကြဲချခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။
တချိန်တည်းမှာပဲ နောင်ချိုမြို့နယ် နောင်အောရွာအနီးမှာ တိုက်ပွဲဖြစ်တယ်။ မိုးမိတ်မြို့အတွင်း ခလရ-၂၂၃ နဲ့ TNLA + PLA + PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီရဲ့ (၅)မိုင်တပ်စခန်းကနေ 60 မမ (၁) လက်၊ RPG7 (၂)လက်နဲ့ လက်နက်(၇)လက် သိမ်းဆည်းရမိတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်...
- MNDAA (မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်) ကိုးကန့်တပ်နဲ့ မဟာမိတ်တွေ အင်အားအများအပြားနဲ့ လားရှိုးမြို့အနီးအထိ မနေ့ကရောက်လာတဲ့အတွက် စစ်ကောင်စီတပ်က မြို့ပတ်လည်ကို လက်နက်ကြီးနဲ့ ပစ်နေ...
- မတ္တရာမြို့နယ်ရှိ မြောက်တံငါ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး Alpha ဘိလပ်မြေစက်ရုံက ကာကင်းစခန်းကုန်းတွေကို ရှင်းလင်းနိုင်ခဲ့တယ်၊ လက်နက်မျိုးစုံ ၁၀ ကျော်နဲ့ ခဲယမ်းများစွာသိမ်းမိတယ်လို့ PDF-MDY က သတင်းထုတ်ပြန်...
- ကရင်နီပြည်၊ ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေ...
- ၂၀၂၄ ခုနှစ်ရဲ့ ပထမ (၆) လတာအတွင်း တိုက်ပွဲပေါင်း ၂၀၀၀ နီးပါးဖြစ်ပွားပြီး စစ်ကောင်စီဖက်က ၂၀၀၀ နီးပါးသေဆုံး၊ ၁၀၀၀ ကျော်ဒဏ်ရာရတယ်လို့ KNU ကရင့်အမျိုးသားအစည်းအရုံး ဗဟိုက သတင်းထုတ်ပြန်...
- သံတွဲနဲ့ ငပလီရှိ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတို့ကို AA အာရိက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် ငပလီကမ်းခြေရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၆၅ လုံးအရေးကို အများက စိတ်ဝင်စားနေ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment