Monday, July 29, 2024

သံချပ်ကာ တပ်ရင်းအပါဝင် စစ်တပ်စခန်းတွေကို MNDAA က ဆက်လက် သိမ်းပိုက်... ကျ...

သံချပ်ကာ တပ်ရင်းအပါဝင် စစ်တပ်စခန်းတွေကို MNDAA က ဆက်လက် သိမ်းပိုက်... ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်ဘက်မှာ လက်နက်တွေနဲ့ သုံ့ပန်းတွေ ထပ်ဖမ်းမိ... ၁၀၂၇ ဒုတိယ လှိုင်း နောက်ဆုံးရသတင်းများ

(၃၀- ၇- ၂၀၂၄)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စတင်တာဝန်ထမ်းနေပြီလို့ ကိုးကန့်ရဲအဖွဲ့ဝင်တွေ လားရှိုးမြို့အတွင်း ကင်းလှည့်နေတဲ့ပုံတွေကို MNDAA-
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အစောပိုင်းထုတ်ပြန်ချက်မှာတော့ လားရှိုးဘူတာနဲ့ မီးရထားလုပ်ငန်းတွေကိုလည်း စစ်ကောင်စီအောက်ကနေ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီလို့ ဓာတ်ပုံမှတ်တမ်း ဖေါ်ပြပါတယ်။

ညနေပိုင်း ဝင်လာတဲ့သတင်းတွေမှာတော့ MNDAA-နဲ့ BPLA- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်တို့ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုက ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၇၀၀၅) သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂) စစ်လက်နက်တပ်ခွဲနဲ့ စစ်တပ်ဂေါက်ကွင်းတို့ကို ဇူလိုင်လ ၂၈ နဲ့ ၂၉ မှာ အပြီးသိမ်းပိုက်လိုက်ပြီလို့ BPLA က သတင်းထုတ်ပြန်ပါတယ်။

နောက် လားရှိုးထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာပြီး NLD ပါတီ ထိပ်တန်းခေါင်းဆောင်နဲ့ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်-ကျဉ်း ၂၀၀ ကျော်ကို လားရှိုးခရိုင် ပကဖ နဲ့
တော်လှန်ရေးအင်အားစုတွေက ကောင်းမွန်စွာစောင့်ရှောက် ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ဆိုရှယ်မီဒီယာမှာ ရေးသားဖေါ်ပြထားတာလည်းတွေ့ရပါတယ်။

ဒါ့အပြင်...

- ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်ဘက်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ၈၁ မမ
မော်တာအပါဝင် လက်နက်မျိုးစုံ (၇၀)ကျော်နဲ့ စစ်သုံ့ပန်း (၂၀) ဦး
ဖမ်းဆီးရမိ...

- စဉ့်ကူးမြို့သိမ်းတိုက်ပွဲ မှတ်တမ်း ရုပ်သံကို
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်...

- ရှမ်းပြည်တောင်ပိုင်းဒေသတည်ငြိမ်ရေးအတွက် ဆောင်ရွက်မယ်လို့ RCSS-
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ က ကြေညာ...

- တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို
ဒေသခံတော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်တဲ့အတွက် စစ်သား ၁၀ ခန့်အထိ
သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More