Tuesday, July 30, 2024

“ရက် ၂၀ ကျော်လောက်အတွင်း စစ်တိုင်းဌာနချုပ်တခုကို သိမ်းနိုင်တယ်ဆိုတာ တကယ့...


“ရက် ၂၀ ကျော်လောက်အတွင်း စစ်တိုင်းဌာနချုပ်တခုကို သိမ်းနိုင်တယ်ဆိုတာ တကယ့်တိုးတက်မှုပါ”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဘက်ပြောင်းရေးအစီအမံကော်မီတီ - IEC)

(၃၁- ၇- ၂၀၂၄)

“ရက် ၂၀ ကျော်လောက်အတွင်း စစ်တိုင်းဌာနချုပ်တခုကို သိမ်းနိုင်တယ်ဆိုတာ တော်လှန်ရေးရဲ့ တကယ့်တိုးတက်မှုပါ၊ ဒီလိုအချိန်မှာ စစ်ရှုံးစစ်ကောင်စီကို ဆက်ပြီး ဖက်တွယ်နေမလား၊ ပြည်သူနဲ့ အမြန်ပူးပေါင်းမလား ဆိုတာ ဒီနေ့ တပ်မတော်သားတွေ ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေပြီဖြစ်တယ်” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံကော်မီတီ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

လားရှိုးတိုက်ပွဲ နောက်ဆုံးအခြေအနေ၊ ဒီနေ့ကျင်းပမယ့် ကာလုံ အစည်းအဝေးမှာ ဘာတွေထူးခြားနိုင်သလဲ၊ တရုတ်ဖိအား ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မသိမ်းခင် အရင်ကြေညာပြီးတိုက်တဲ့ လားရှိုးတိုက်ပွဲရဲ့ ထူခြားချက်များ...

- စစ်ကောင်စီဖက်က တကယ် တပ်ပျက်နေပြီလား...

- ကာလုံ အစည်းအဝေးက မင်းအောင်လှိုင် သမ္မတဆက်လုပ်ရေးကို အတည်ပြုပေးမှာလား...

- တပ်မတော်သားတွေ ပြည်သူနဲ့ပူးပေါင်းဖို့ ဘာတွေ အခက်အခဲဖြစ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More