လားရှိုးမြို့သိမ်း ဓာတ်ပုံမှတ်တမ်း MNDAA ထုတ်ပြန်... မိုးမောက်နဲ့ မံစီကို KIA က ထိုးစစ်ဆင်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ
(၂၇- ၇- ၂၀၂၄)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တပ်စခန်းတွေကို MNDAA- မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က သိမ်းပိုက်တဲ့ မှတ်တမ်း ဓာတ်ပုံတွေကို မြောက်ပိုင်းညီနောင် ၃ ဖွဲ့က မနေ့ည ၁၁ နာရီခန့်မှာ သတင်းထုတ်ပြန်ပါတယ်။
လားရှိုး မြို့တော်ခန်းမ၊ ရခမ ဌာနချုပ်၊ တပ်ရင်းဌာနချုပ်တွေနဲ့ လားရှိုး မြို့တွင်းက အချက်ချာကျတဲ့ နေရာတွေမှာ ရိုက်ထားတဲ့ ပုံတွေကို တွေ့ရပြီး … “လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တပ်စခန်းတွေကို သိမ်းပိုက်ပြီးနောက် အဆိုပါ စခန်းများရှေ့၌ MNDAA တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၂၆) ရက်နေ့တွင် တွေ့ရစဉ်” လို့ ခေါင်းစဉ်ပေးထားပါတယ်။
အစောပိုင်း ထုတ်ပြန်ချက်ထဲမှာတော့ လားရှိုး မြို့တွင်းရှိ စစ်ကောင်စီ တပ်တွေကို မောင်းထုတ်လိုက်ပြီး လက်ကျန်တွေကို ရှင်းလင်းနေကြောင်း … လားရှိုး အုပ်ချုပ်ရေးကို အထူးဒေသ (၁) အုပ်ချုပ်ရေး ကော်မီတီက တာဝန်ယူလိုက်ပြီဖြစ်ကြောင်း … ပြောထားပါတယ်။
လားရှိုး ဧရိယာ အုပ်ချုပ်ရေး ကော်မီတီကို ဖွဲ့စည်း ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အစိုးရဝန်ထမ်း၊ ပညာရေးဝန်ထမ်းနဲ့ ဆရာဝန်တွေ တာဝန်ဆက်ထမ်းကြဖို့ နှိုးဆော်ပါတယ်။
စစ်ကောင်စီ ပြောခွင့်ရကတော့ လားရှိုးကို MNDAA က သိမ်းတယ်ဆိုတာဟာ သတင်းအမှားသာဖြစ်ပြီး စစ်တပ်က ထိန်းချုပ်ထားဆဲပါလို့ မနေ့ညက ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ထပ်ပြောသွားကြောင်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- မိုးမိတ်ဗျုဟာကုန်းနဲ့ ကျောက်မဲက တပ်ရင်း ၂ ခုကို TNLA က ဆက်လက်ထိုးစစ်ဆင်...
- မိုးမောက်နဲ့ မံစီရှိ စစ်ကောင်စီတပ်ရင်းတွေကို KIA က ဆက်တိုက် ထိုးစစ်ဆင်...
- စစ်ကောင်စီရဲ့ လေကြောင်းရန်ကို သတိထားကြားဖို့ PDF-MDY က မန္တလေးတိုင်းအတွင်း ပြည်သူတွေကို အသိပေးနိုးဆော်...
- သံတောင် ခမရ ၆၀၄ ကထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကို သံတောင် PDF က ဖမ်းမိ...
- အမှတ် ၄၇ ဗျုဟာရုံးဖွင့်ပွဲ ယင်းမာပင်ခရိုင်မှာ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment