နောင်ချိုမြို့ကို TNLA သိမ်းပိုက်... ရေးမြိုနယ်က စစ်ကောင်စီတပ်ကို KNLA, NMSP-AD တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
(၁၁- ၇-၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်း ၁၆ ရက်မြောက်နေ့မှာ နောင်ချိုက ဒုံးတပ်ရင်း (၆၀၆)ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ PSLF/ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကို ပြောပါတယ်။
တိုက်ပွဲစတင်တဲ့ ဇွန် ၂၅ ကတည်းက ဒီတပ်ရင်းကို စတိုက်တာဖြစ်တဲ့အတွက် ၁၅ ရက်တိတိ
တိုက်ရတာဖြစ်တယ်။ တနည်းအားဖြင့် ဒီတပ်ရင်းကိုသိမ်းနိုင်ခြင်းဟာ နောင်ချိုမြို့ကို TNLA နဲ့ မဟာမိတ်တွေက လုံး၀ သိမ်းပိုက်နိုင်လိုက်တာဖြစ်တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက
ပြောပြပါတယ်။
စစ်ကောင်စီဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက်တွေကိုတော့ စာရင်းအသေးစိပ် မရသေး ဘူးလို့ပြောပါတယ်။ မီဒီယာအချို့မှာတော့ သိမ်းမိတဲ့ အတွဲလိုက်ပစ် ဒုံးတွေကို ဖေါ်ပြထားတာတွေရပါတယ်။
နောင်ချိုမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ပထမ ဆုံးသိမ်းနိုင်တဲ့မြို့ဖြစ်ပြီး စစ်တက္ကသိုလ်တွေတည်ရှိရင် ပြင်ဦးလွင်နဲ့ အနီးဆုံးမြို့လည်းဖြစ်ပါတယ်။
မနေ့က တိုက်ပွဲဟာ နောင်ချိုမြို့သိမ်းတိုက်ပွဲအပြင် မိုးမိတ်၊ လားရှိုး၊ တန်းယန်းဖက်မှာလည်းဖြစ်နေပြီး တန်းယန်းအနီးက နားဆောင်ရွာမှာ တိုက်ပွဲပြင်းထန်တယ်လို့ဖေါ်ပြပါတယ်။ ဒါဟာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါအပြင် တန်းယန်းဖက်ကိုပါ တိုက်ပွဲက ပြင်းထန်လာနေတဲ့သဘောတွေ့ရပါတယ်။
စစ်ကောင်စီဖက်ကတော့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေသုံးနေတဲ့အတွက် ၁၅
ရက်တာ တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးသူ ၅၄ ဦး၊ ဒဏ်ရာရသူ ၉၀ ကျော်နေပြီ လို့ လည်း TNLA ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်...
- လားရှိုးမှာ စစ်ကော်စီလက်နက်ကြီးကြောင့် ကလေးတွေအပါဝင် အရပ်သား ၃ ဦးသေ၊
နေအိမ်တွေပျက်စီး...
- ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်တဲ့အတွက် စစ်သား ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရတယ်လို့ တောင်ညိုစစ်ကြောင်းက သတင်းထုတ်ပြန်...
- ဂန့်ဂေါမြို့နယ်က ရဲသားတဦး မြစ်ဆိပ်သို့ ရေဆင်းချိုးစဉ် လက်နက်နဲ့အတူ တော်လှန်ရေးတပ်တွေက လက်ရဖမ်းမိ...
- PDF၊ တနင်္သာရီတိုင်းစစ်ဌာန၊ ဗျုဟာ (၃၄) နယ်မြေ၊ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment