၄ ရက်တာ အပစ်ရပ်ကြောင်း MNDAA ကြေညာ... ဆားတောင်မြို့ ရဲစခန်းကို PDF
တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
(၁၅- ၇- ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၀ ရက်မြောက်နေ့မှာ မိုးကုတ်၊ မိုးမိတ်ဖက်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး ထူးခြားတာကတော့ မိုးကုတ်ဖက်မှာ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့စစ်သားတွေဟာ အနီးဝန်းကျင်ရှိ နေအိမ်တွေထဲ ဝင်ရောက်ခုံလှုံပြီး အရပ်ဝတ်တွေနဲ့ ပြန်လည်ခုခံနေတဲ့ အတွက် အဲဒီလိုနေရာတွေကို အလေးထားပြီး ရှင်းလင်းနေရတယ်လို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကိုပြောပါတယ်။
နောက်ထပ် ထူးခြားချက်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်က SSPP - ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ ဖြစ်ပွားခဲ့တဲ့ ပြသာနာတွေကို UWSA -ဝ- တပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမှာ ၂ ဖက် ကိုယ်စားလှယ်တွေ ဆွေးနွေးကြပြီး
ပြေလည်မှုရသွားပြီလို့ လွေးယေဦးက ဆက်ပြောပါတယ်။
ဒေသတွင်း မီဒီယာတွေရဲ့ ဖေါ်ပြချက်အရ ပန်ဆန်းဆွေးနွေးပွဲကို TNLA ဥက္ကဋ္ဌ
ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဦးဆောင်ပြီး SSPP/SSA ဘက်က ဒုဥက္ကဋ္ဌ
ဒုဗိုလ်ချုပ်ကြီး စပ်ခွန်စိုင်း ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။
TNLA နဲ့ SSPP တို့ဟာ UWSA ဝ-အဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စု
နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) ရဲ့ အဖွဲ့ဝင်တွေဖြစ်တာကြောင့်
အခုလို ပန်ဆန်းမှာ ဆွေးနွေးကြတာဖြစ်ပါတယ်။
ဒါ့အပြင်...
- တရုတ်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပဖို့ရှိနေတဲ့အတွက်
ဇူလိုင် ၁၄ ရက်နေ့ ညကနေ ၁၈ ရက်နေ့အထိ အပစ်ရပ်တယ်လို့ MNDAA - ကြေညာ...
- ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာ စစ်ကောင်စီစခန်းကနေ ထွက်လာတဲ့ PNO
ပအိုဝ်ပြည်သူ့စစ် ၂ ဦးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက်
လက်နက်ငယ် ၂ လက်ရရှိ...
- စဉ့်ကူးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ
သုံးနေတဲ့အတွက် အရပ်သား ထိခိုက်မှုရှိနိုင်...
- ဆားတောင်မြို့ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက
ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်တပ်ဖက်က ၁၀ ကျော်အထိ သေဆုံးနိုင်တယ်လို့
Zero - ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ က သတင်းထုတ်ပြန်...
- (PDF)၊ အလယ်ပိုင်းတိုင်း၊ ကယား(ကရင်နီ)စစ်ဒေသခွဲ အပတ်စဉ် (၂ / ၂၀၂၄)
သင်တန်းဆင်းပွဲကို ဇူလိုင် ၁၁ ရက်က ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment