စစ်ကောင်စီစခန်း ၃၂ ခု၊ လက်နက်မျိးစုံ ၅၀၀ ကျော်ကို TNLA သိမ်းပိုက်... မတူပီမြို့သိမ်းတိုက်ပွဲမှာ သိမ်းမိတဲ့ ရာနဲ့ချီတဲ့ လက်နက်တွေ ချင်းညီနောင် ထုတ်ပြန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ
(၂- ၇- ၂၀၂၄)
၁၀/၂၇ စစ်ဆင်ရေး အပိုင်း ၂၊ ၇ ရက်မြောက်နေ့မှာ မိုးကုတ်မြို့ အနောက်ပိုင်းမှာ လက်နက် ၄၀ ကျော်နဲ့အတူ စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိတယ်လို့ PSLF/ TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) ပြောခွင့်ရက BNN ကို ပြောပါတယ်။
နောင်ချိုက ၆၀၆ တပ်ရင်း၊ ကျောက်မဲက ၅၀၁၊ ၅၀၂ တပ်ရင်းနဲ့ မိုးမိတ်က စခန်းတွေကို သိမ်းနိုင်ဖို့ ဆက်လုပ်နေပြီး တိုက်ပွဲကာလ ၇ ရက်အတွင်း စစ်ကောင်စီစခန်း ၃၂ ခု၊ လက်နက်မျိးစုံ ၅၀၀ ကျော်ကို သိမ်းထားနိုင်ပြီလို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။
၁၀၂၇ အပိုင်း ၂ မှာ မဟာမိတ် တပ်တွဖြစ်တဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)၊ MDY-PDF, DPLA (ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) တို့ ပါဝင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူ သုံးနေပြီး အရပ်သား ပစ်မှတ်တွေကို ဦးတည် တိုက်ခိုက်နေတယ်။ ကျောက်မဲမြို့မှာဆိုရင် ပေါင် ၅၀၀ ဗုံး ကြဲချတဲ့အတွက် ဟိုတယ် အပါအဝင် လူနေအိမ် ၂၀ ခန့် ပျက်စီးပြီး အရပ်သား ၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ လွေးယေဦးက ဆက်ပြောပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့၊ ရပ်ကွက် ၉ ရှိ ဆီဆိုင်ပေါ် ဗုံးကျတဲ့အတွက် ဓတ်ဆီဆိုင် မီးလောင်နေတဲ့ ဓာတ်ပုံတွေကိုလည်း တွေ့ရပါတယ်။ နောင်ချိုမြို့ မီးသတ်ရုံး အနီးမှာလည်း ပေါင် ၅၀၀ ဗုံး ထိတဲ့အတွက် အိမ် ၈ လုံးထက် မနည်း ပျက်စီးတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒ့ါအပြင်...
- အောင်လံမြို့အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်သား ၁၀ ဦးခန့် သေဆုံး...
- ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ ရဲ့ ၆ လတာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ၂၇၃ ဦး သေဆုံးပြီး ၁၅၁ ဦး ထိခိုက် ဒဏ်ရာရတယ်လို့ KNU (ကရင်အမျိုးသားအစည်းအရုံး - ဗဟို) က သတင်းထုတ်ပြန်...
- တရုတ် စီးပွားရေးလုပ်ငန်းတွေရှိတဲ့ ကျောက်ဖြူမြို့ကို စစ်ကောင်စီက စစ်အင်အား ဖြည့်တင်းနေ...
- မတူပီ မြို့သိမ်းတိုက်ပွဲက ရှရိတဲ့ လေယာဉ်ပစ် လက်နက်အပါဝင် ရာနဲ့ချီတဲ့ သိမ်းမိလက်နက် မှတ်တမ်းဓာတ်ပုံကို ချင်းညီနောင် စစ်ဆင်ရေး (Operation CB) က ထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment