Sunday, July 7, 2024

“ထွက်ပေါက်ရလိုရငြား တရားအားထုတ်ပြီး တရုတ်ဆီပြေးကပ်တဲ့သဘောပါပဲ”


“ထွက်ပေါက်ရလိုရငြား တရားအားထုတ်ပြီး တရုတ်ဆီပြေးကပ်တဲ့သဘောပါပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၇- ၇- ၂၀၂၄)

“စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဖက်ဖက်မှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့
စစ်ကောင်စီဟာ ထွက်ပေါက်ရလိုရငြား တရုတ်ဆီပြေးကပ်ရတဲ့သဘောဖြစ်တယ်။
နယ်စပ်ဒေသကို တရုတ်က ဖိအားပေးမှုလုပ်ကောင်းလုပ်နိုင်မှာဖြစ်ပေမယ့်
အညာဒေသကို ဖိအားပေးနိုင်မယ်မထင်ဘူး” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ
ဦးစိန်ဌေးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်းစတင်ချိန်မှာ သမ္မတဟောင်း ဦးသိန်းစိန်
တရုတ်နိုင်ငံကိုသွားတဲ့သတင်းနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်
မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- စစ်ဗိုလ်ချုပ်တွေက ပညာရှင်တွေ၊ ပညာတတ်တွေကို ဘာကြောင့် မလိုလားတာလဲ...

- သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်က ဘာတွေထူးခြားလာနိုင်သလဲ...

- နိုင်ငံတကာ အကူအညီထင်သလောက်မရတာ တရုတ်က စစ်ကောင်စီနောက်မှာ
ရပ်တည်ပေးတဲ့သဘောမျိုး လုပ်နေတာကြောင့်လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More