Friday, July 5, 2024

မိုးကုတ်က ဆုတ်ခွာစဉ် ဘဏ်ကငွေတွေ စစ်ကောင်စီခိုးယူ... ပျုစောထီးတွေ လက်နက်ခ...


မိုးကုတ်က ဆုတ်ခွာစဉ် ဘဏ်ကငွေတွေ စစ်ကောင်စီခိုးယူ... ပျုစောထီးတွေ လက်နက်ချဖို့ PDF သတိပေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၆- ၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၊ ၁၁ ရက် မြောက်နေ့မှာ နောင်ချို ၆၀၆ ဒုံးတပ်ရင်းနဲ့ မိုးမိတ်က လယ်ကြီး၊ လက်ခုပ်ပင်နဲ့ လက်ခုပ်သာရွာ အနီးရှိ စစ်ကောင်စီ တပ်ရင်း ၃ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် ပြောခွင့်ရက BNN ကိုပြောပါတယ်။

နောင်ချိုက ၆၀၆ ဒုံးတပ်ရင်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ဖို့ ပြင်နေစဉ် ဇွန် ၄ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီ လေတပ်က အဆိပ်ငွေ့ဗုံး ကြဲချတဲ့အတွက် ရဲဘော်အချို့ ဆေးကုသမှုခံယူနေရတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်တဲ့နေ့ကတည်းက ဒီ ၆၀၆ ဒုံးတပ်ရင်းကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဖက်ကလည်း အပြင်းအထန် ခုခံနေတဲ့အတွက် ဒီနေ့အထိ မသိမ်းနိုင်သေးပဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းအခြေအနေ ဓာတ်ပုံ-ဗီဒီယို မှတ်တမ်းကို TNLA က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ 

အဲဒီ မိုးကုတ်အနောက်ပိုင်း သိမ်းပိုက်နယ်မြေ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်တွေဟာ ဘဏ်ငွေရှိတဲ့နေရာမှာ ခိုလှုံခဲ့ပြီးနောက် KBZ ဘဏ်နဲ့ CB ဘဏ်က ငွေသားနဲ့ ကျောက်မျက်ရတနာ ခန့်မှန်း တန်ဖို့း ကျပ်သိန်းပေါင်း ၂ သောင်းခန့် ဖောက်ထွင်းခိုးယူသွားတဲ့ အထောက်အထား တွေ့ရတယ်လို့လည်း လွေးယေဦးက ဆက်ပြောပြပါတယ်။

ဒါ့အပြင်...

- လားရှိုးမြို့မှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး မြို့ခံ အတော်များများ မြို့ကို စွန့်ခွာ ထွက်ပြေးနေ...

- မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ရှိ ပျူစောထီးတွေ အားလုံး အမြန်ဆုံး လက်နက်ချ အလင်းဝင်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ PDF-MDY ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးက သတိပေး...

-  ရွာငံမြို့နယ်၊ ရေချမ်းရွာဖက် ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၁၀ ဦးကျော် သေဆုံးပြီး လက်နက်ငယ် ၆ လက် သိမ်းမိ...

- ကော့ကရိတ်ကနေ မြဝတီကို  စစ်ကူတက်ဖို့ ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျစစ်ကြောင်းရဲ့ နောက်တန်းနေရာကို ဇွန် ၅ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNLA -ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ရုံးချုပ်က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More