Wednesday, July 3, 2024

“ကိုယ့်ဒေသ လွတ်မြောက်ရေးအဆင့်ကနေ စစ်ကောင်စီပြုတ်ကျမှဖြစ်မယ်ဆိုတဲ့အဆင့်ထိ...


“ကိုယ့်ဒေသ လွတ်မြောက်ရေးအဆင့်ကနေ စစ်ကောင်စီပြုတ်ကျမှဖြစ်မယ်ဆိုတဲ့အဆင့်ထိ ERO တွေဘက်က မျှော်လင့်ရဲလာတဲ့သဘောဖြစ်တယ်”

- ဆလိုင်းယောမာန် - (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၃- ၇- ၂၀၂၄)

“၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ကို ပြန်လည်စတင်နိုင်ခြင်းဟာ ERO (တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ) တွေဘက်က ကိုယ့်ဒေသတခုတည်း လွတ်မြောက်ရေး စဉ်းစားချက်အဆင့်ကနေ စစ်ကောင်စီပြုတ်ကျမှ မြန်မာပြည်အနာဂတ်အဆင်ပြေမယ်ဆိုတဲ့ အဆင့်အထိ မျှော်လင့်ရဲလာတဲ့သဘောဖြစ်တယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ရဲ့ မတူပီမြို့သိမ်းတိုက်ပွဲအခြေအနေ၊ အရှေ့မြောက်ဒေသမှာ ပြန်အားကောင်းလာတဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အခြေအနေ၊ အလယ်ပိုင်းဒေသက PDF တွေရဲ့ စွမ်းရည်မြင့်မားလာမှု အခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမန်းချက် ဒုတိယ ပိုင်းမှာ...

- ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပြန်လည် စတင်ခြင်းက စစ်ရေး- နိုင်ငံရေးအရ ဘယ်လိုအရေးပါသလဲ...

- ERO တွေနဲ့  PDF တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိ အားကောင်းလာနေပြီလဲ...

- အခုချိန်ဟာ စစ်ကောင်စီအလွန်ခေတ်ကို ရဲရဲကြီး မျှော်လင့်လို့ရနေတဲ့ အနေအထား ရောက်လာပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More