စဉ့်ကူးမြို့ကို PDF-MDY သိမ်းပိုက်... ဇူလိုင်လကုန်အထိ အပစ်ရပ်မယ်လို့ MNDAA ကြေညာ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ
(၂၁- ၇- ၂၀၂၄)
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း အားလုံးနဲ့ စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ မှာ အပြီးသတ် သိမ်းပိုက်ရရှိပြီလို့ PDF- MDY ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် စဉ့်ကူးမြို့နယ်ဟာ စစ်ကောင်စီ ကင်းစင်တဲ့ မြို့နယ်တခုဖြစ်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပထမဆုံး သိမ်းယူတဲ့ မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ပြီလို့ ဆိုပါတယ်။
စဉ့်ကူး စစ်ဆင်ရေးမှာ သုံ့ပန်း အများအပြား ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်ရမိတယ်လို့လည်း ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်...
- တရုတ်အစိုးရရဲ့ တောင်းဆိုချက်အရ ဇူလိုင် ၁၉ ရက်ကနေ ၃၁ ရက်နေ့အထိ ယာယီ အပစ်ရပ်မယ်လို့ MNDAA- ကြေညာ...
- တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး လက်နက်ငယ်တလက် သိမ်းမိ...
- ဟားခါး မြို့မရဲစခန်းကို CDF-Hakha ချင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်တွေ ဒါဇင်နဲ့ချီ ရရှိ...
- သံတွဲမြို့နဲ့ ငပလီမြို့ကို AA- အာရက္ခတပ်တော်က ထိန်းချုပ်ပြီးနောက် ပြန်လည်သိမ်းနိုင်ရေး စစ်ကောင်စီက ကြိုးပန်းနေဟုဆို...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment