Sunday, July 7, 2024

သံတွဲ-ငပလီ လေဆိပ်ကို AA သိမ်းပိုက်... လားရှိုးက တပ်ရင်းနှစ်ခု MNDAA သိမ်...


သံတွဲ-ငပလီ လေဆိပ်ကို AA သိမ်းပိုက်... လားရှိုးက တပ်ရင်းနှစ်ခု MNDAA သိမ်းပိုက် ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ … 

(၈- ၇ -၂၀၂၄)

ရခိုင်ပြည်နယ်၊ အမ်းမြို့က တောဟိန်းတောင် ဗျူဟာနဲ့ သံတွဲမြို့က မဇင် လေဆိပ် အပါအဝင် အရေးကြီးနေရာ အတော်များများကို သိမ်းပိုက်ထားပြီလို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၃ မှာ တောဟိန်းတောင် ဗျူဟာကို သိမ်းမိပြီး ၂ လကျော် ထိုးစစ်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ပြီး ထိုးစစ်ဆင်နေတယ်လို့ ဖော်ပြပါတယ်။

သံတွဲက ငပလီ မဇင် လေဆိပ်ကို ဇူလိုင် ၅ ရက်မှာ ထိန်းချုပ်နိုင်ခဲ့ပြီး လေဆိပ်အနီးက ခမရ  ၅၆၆ တပ်ရင်းကို ဇွန် ၂၇ မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သံတွဲဒေသ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား အလောင်း ၄၀၀ ကျော်၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိတယ်လို့လည်း ဖော်ပြပါတယ်။

မောင်တောဒေသ နခခ ၂ (အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ) စခန်းကို ဇူလိုင် ၆ ရက်မှာ သိမ်းပိုက်ပြီး စစ်ကောင်စီဘက်က အလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်း အများအပြားသိမ်းမိတယ်လို့လည်း ဖော်ပြပါတယ်။

သံတွဲ တိုက်ပွဲဟာ အပြင်းထန်ဆုံး ဖြစ်နေပြီး ရခိုင်ပြည်အတွင်းက လက်နက်မချဘဲ ခုခံနေတဲ့ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့ အားလုံးကို ချေမှုန်းသွားမယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- လားရှိုးမြို့ ရှိ ခမရ ၅၀၇ နဲ့ ခလရ ၂၉၁ တပ်ရင်းတို့ကို MNDAA နဲ့ မဟာမိတ် ပူးပေါင်းတပ်က သိမ်းပိုက်...

-  မိုးမိတ်၊ နောင်ချိုနဲ့ ကျောက်မဲမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ PSLF/ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) က သတင်းထုတ်ပြန်...

- မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်းပေါင်း ၂၅ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၂၀ မမ စိန်ပြောင်းအပါအဝင် လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းမိတဲ့အပြင် စစ်သုံ့ပန်းတွေလည်း ဖမ်းမိထားတယ်လို့ PDF -MDY (ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး) က သတင်းထုတ်ပြန်...

- ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး)၊  ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်ကို  ခမရ ၅၉၉ တပ်ရင်းကနေ  လက်နက်ချ အလင်းဝင်လာတဲ့ စစ်သား ၂ ဦးကို ဂုဏ်ပြုငွေ ပေးအပ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More