မိုးကုတ်မြို့ကို TNLA သိမ်းပိုက်... မိုးမောက်မြို့က စစ်တပ်စခန်းကို KIA တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ
(၂၅- ၇- ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၃၀ ရက်မြောက်နေ့မှာ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးရှင်းလင်းနိုင်ခဲ့ပြီး ညနေ ၅ နာရီမှာ မိုးကုတ်တမြို့လုံးကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ပြောခွင့်ရ လွေးယေဦးက BNN ကို ပြောပါတယ်။
စစ်ကောင်စီဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက် စတဲ့အသေးစိပ် အစီရင်ခံစာတော့ တက်မလာသေးဘူးလို့ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအစပိုင်းမှာကတည်းက မိုးကုတ် အနောက်ခြမ်းကို သိမ်းထားနိုင်ပြီးဖြစ်ပေမယ့် အရှေ့ခြမ်းကိုတော့ အခုမှ သိမ်းနိုင်တာဖြစ်ပါတယ်။
ဓာတ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုတွေထဲမှာတော့ မိုးကုတ်မြို့အတွင်း ဝင်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံ လူထုက သပြေပန်းတွေနဲ့ကြိုဆိုတာ၊ ကခုန် ပျော်ရွင်နေတာ တွေရပါတယ်။
၁၀၂၇ ဒုတိယလှိုင်း တလတိတိ ပြည့်တဲ့နေ့မှာ မိုးကုတ်ကို သိမ်းနိုင်ခဲ့တာပါ။ အခုဆိုရင် နောင်ချိုနဲ့ မိုးကုတ်မြို့ ၂ မြို့အပါဝင် စစ်စခန်း ၅၀ ကျာ်ကို တလကြာ စစ်ဆင်ရေးအတွင်း သိမ်းထားနိုင်ပြီဖြစ်တယ်လို့လည်း လွေးယေဦးက ဆက်ပြောပြပါတယ်။
TNLA နဲ့ မဟာမိတ်တွေသိမ်းတဲ့ မိုးကုတ်နဲ့ နောင်ချိုုအပြင် မန္တလေးတိုင်း PDF တွေက သိမ်းပိုက်လိုက်တဲ့ စဉ့်ကူးမြို့ပါ ပေါင်းရင် ၁၀၂၇ ဒုတိယလှိုင်း တလတာအတွင်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်တဲမြို့ ၃ မြို့ရှိနေပြီဖြစ်ပါတယ်။
ဒါ့အပြင်...
- လားရှိုးက- ခလရ ၄၁ နဲ့ ခမရ ၅၀၇ တို့ကို MNDAA က သိမ်းပြီးဖြစ်ပေမယ့် ခလရ ၆၈ မှာ တိုက်ပွဲပြင်းထန်နေ...
- မိုးမောက်မြို့အနီးရှိ ခ.မ.ရ (၄၃၇) ကို KIA -ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက မနေ့က မနက်ပိုင်းမှာ စတင် ထိုးစစ်ဆင် ...
- ထားဝယ်ခရိုင်၊ ရေဖြူမြို့မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကားကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သား ၄ ဦး သေဆုံးပြီး လက်နက်ငယ် ၄ လက်ရရှိ...
- ပခုက္ကူမြို့မှာ KTV ကနေ ပြန်လာတဲ့ စစ်ဗိုလ်တဦးကို လက်ရဖမ်းဆီးမိတယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment