လားရှိုး ရမခ ကို MNDAA သိမ်းပိုက်... ကန့်ဘလူက တပ်စခန်း PDF သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
(၂၆- ၇- ၂၀၂၄)
၂၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် လားရှိုးမြို့ ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ဇူလိုင် ၂၅ ရက် မနက် ၄ နာရီမှာ လုံးဝ သိမ်းပိုက်နိုင်ခဲ့ပြီ၊ လားရှိုးမြို့ လုံး၀ လွတ်မြောက်ကြောင်း ကြေညာတယ်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန် လှုပ်ရှားမှုဟာ သမိုင်းဝင်အောင်ပွဲတခု ဖြစ်တယ်လို့ MNDAA - မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် က မနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
PLA (ပြည်သူ့လွတ်မြောက်ရေး တပ်မတော်) ကလည်း ၁၀၂၇ ဒုတိယလှိုင်း စတင်ကတည်းက MNDAA နဲ့အတူ ပူးတွဲ တိုက်ပွဲဝင်နေပြီး လားရှိုးကို တပ်ပေါင်းစုက သိမ်းပိုက်ပြီလို့ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် MNDAA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ BPLA- ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် ကွပ်ကဲရေးမှူး မောင်ဆောင်းခ ကလည်း “လက်ကျန်နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိက ကျန်ပါတယ်” လို့ ရေးသားပြီး လားရှိုးမြို့ ဆိုင်းဘုတ်ရှေ့မှာ နေရာယူထားတဲ့ BPLA တပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံကို တင်ပြထားတာလည်း တွေ့ရပါတယ်။
ဒါပေမယ့် ဒေသတွင်းမီဒီယာ ရွှေဖီမြေကတော့ ဇူလိုင် ၂၅၊ ညနေပိုင်းအထိ လားရှိုးမြို့ရပ်ကွက်တွေထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ ဖေါ်ပြပါတယ်။ စစ်တပ်ဖက်က ရမခ ဌာနချုပ်ကျသွားတဲ့အတွက် အမိန့်ပေးစနစ်မရှိတော့ပဲ စစ်သားတွေ ဟိုတစုဒီတစု ဖြစ်နေတယ်။ MNDAA ဖက်က မြို့ထဲအထိ လှုပ်ရှားနေပြီး တိုက်ပွဲဖြစ်နေဆဲလို့ ဒေသခံတွေကို ကိုးကားဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၃၁)ရက်မြောက်နေ့ နောင်ချိုမြို့နဲ့ မိုးမိတ်မြို့နယ်တွေမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ PSLF/ TNLA က သတင်းထုတ်ပြန်...
- မိုးကုတ်မြို့သိမ်းတိုက်ပွဲက ရရှိတဲ့ အတွဲလိုက် ဒုံးတွေ၊ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ အပါဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်နဲ့ ခဲယမ်းများစွာသိမ်းမိတဲ့ ဓာတ်ပုံမှတ်တမ်းကိုလည်း ထုတ်ပြန်...
- မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ TNLA- နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) လည်း ပါဝင်တယ်လို့ PDF-MDY က သတင်းထုတ်ပြန်...
- သပိတ်ကျင်းမြို့နယ်က တွင်းငယ်ရဲစခန်းကို KIA - KPDF- ABSDF - ပူးပေါင်းတပ်တွေက သိမ်းပိုက်...
- ကန့်ဘလူမြို့နယ်က ကျီကုန်းရွာ တံတားဂိတ်ကို ပကဖ တွေက ဝင်တိုက်ပြီး လက်နက် ၁၆ လက်ရရှိ...
- ထန်တလန်မြို့က စစ်သားတဦးနဲ့ ရဲသားတဦး လက်နက်ငယ် ၂ လက်နဲ့အတူ Chinland Defense Force-Thantlang ထံ လာရောက် ပူးပေါင်း...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment