Wednesday, July 3, 2024

လားရှိုးက စစ်ကောင်စီစခန်း MNDAA တိုက်ခိုက်... စဉ့်ကူးမြို့နယ်က စစ်တပ်စခန...


လားရှိုးမြို့က စစ်ကောင်စီစခန်းကို MNDAA တိုက်ခိုက်... စဉ့်ကူးမြို့နယ်က စစ်တပ်စခန်းတွေကို PDF သိမ်းပိုက် ...နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၄- ၇ - ၂၀၂၄)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း ၆ ခုကိုသိမ်းပိုက်ပြီး လက်နက်မျိုးစုံ (၄၀)ကျော်နဲ့ စစ်သုံ့ပန်း ၁၀ ကျော် ဖမ်းမိထားတယ်လို့ PDF-MDY ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)” မှာ PDF-MDY က ဟန်ချက်ညီပါဝင်နေပြီး သိမ်းမိစခန်း ၆ ခုကတော့ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်းနဲ့  နွယ်ရုံ ရဲစခန်းတို့ဖြစ်ပါတယ်။

သိမ်းမိလက်နက်တွေထဲမှာတော့ ၆၀ မမ အပါဝင် လက်မျီုးစုံ ၄၀ ခန့်ကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။ စစ်သုံ့ပန်း ၁၃ ဦး ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။ ဒီစစ်ဆင်ရေးမှာ PDF-MDY ကို စဉ့်ကူးမြို့နယ် ပကဖ က ထောက်ပို့ဆိုင်ရာကိစ္စရပ်တွေမှာ ကူညီနေတယ်လို့ ဖေါ်ပြပါတယ်။

မတ္တရာမြို့နယ်တွင်းက စစ်ကောင်စီစခန်းတွေ၊ လက်နက်တွေကို ရာနဲ့ချီသိမ်းမိကြောင်း တနေ့ ကြေညာပြီးနောက် အခု ဆက်တိုက် စဉ့်ကူးမြို့နယ်က စခန်းသိမ်းပွဲတွေအကြောင်း PDF-MDY က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- စစ်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီဖက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ
အသုံးများလာတဲ့အတွက် စစ်ဆင်ရေး ၈ ရက်တာအတွင်း စစ်ကောင်းစီရဲ့ ဗုံးထိလို့ သေဆုံးတဲ့အရပ်သား ၂၅ ဦးကျော်လာ...

- လားရှိုးမြို့မှာ ဇူလိုင် ၃ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA တို့ကြား တိုက်ပွဲဖြစ်နေတာကြောင့် မြို့အဝင်-အထွက်လမ်းတွေ၊ လေယာဉ်နဲ့ ဘတ်စ်ကား လိုင်းတွေကိုပါ ပိတ်ထား...

- ထားဝယ် -သရက်ချောင်း လမ်းပိုင်းမှာ ပျူစောထီးတွေ လိုက်ပါလာတဲ့ယဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- စစ်ကောင်စီဖက်က ဗိုလ်မှူး (၁) ဦးအပါအဝင် တပ်သားနဲ့ ရဲသား (၄၃) ဦး ဇွန်လ အတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG က ထုတ်ပြန်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More