Sunday, July 21, 2024

မိုးကုတ်မှာ တိုက်ပွဲပြင်းထန်... တနသာၤရီက စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်...


မိုးကုတ်မှာ တိုက်ပွဲပြင်းထန်... တနသာၤရီက စစ်ကောင်စီတပ်ကို PDF တိုက်ခိုက် ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၂၂- ၇ - ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၇ ရက်မြောက်နေ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ PSLF/ TNLA  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

တရုတ်ရဲ့ဖိအားပေးမှုကြောင့် ဇူလိုင်လကုန်တဲ့အထိ အပစ်ရပ်မယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ထပ်မေးတဲ့အခါမှာတော့ PSLF/ TNLA ပြောခွင့်ရ လွေးယေဦးက အခုချိန်အထိတော့ ဗဟိုက ညွှန်ကြားချက်မရှိသေးဘူး။ မြေပြင်မှာတော့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဖြေကြားပါတယ်။

မိုးကုတ်၊ ကျောက်မဲဖက်မှာ တိုက်ပွဲပြင်းထန်နေပေမယ့် တိုက်ပွဲသတင်းအစီရင်ခံစာတော့ တက်မလာသေးဘူးလို့ပြောပါတယ်။

ဒါ့အပြင်...

- တရုတ်အစိုးရရဲ့ တောင်းဆိုချက်အရ ဇူလိုင်လကုန်အထိ အပစ်ရပ်တယ်လို့ MNDAA - က
ကြေညာထားပေမယ့် လားရှိးမှာ တိုက်ပွဲတွေပြင်းထန်နေဆဲ...

- စဉ့်ကူးမြို့ကို စစ်တပ်က ပြန်သိမ်းလိုက်ပြီလို့ ၂၀ ရက်နေ့ညမှာ စစ်ကောင်စီက ကြေညာချက်ထုတ်ပေမယ့် အဲဒီကြေညာချက်ဟာ မြေပြင်အခြေအနေနဲ့ကင်းကွာနေပြီး မြေပြင်မှာ PDF တွေက အားလုံးကို ထိန်းချုပ်ထားတယ်လို့ PDF-MDY ပြောခွင့်ရ ကိုအော်စမွန်ကပြောကြား...

- သပိတ်ကျဉ်းမြို့နယ်၊ အင်းနက်ရွာက တာဝါတိုင်- စစ်ကောင်စီစခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၈ ဦးကို လက်ရဖမ်းမိ၊ လက်နက် ၂၀ ကျော်သိမ်းမိ...

- ကျွန်းစုမြို့နယ်နဲ့ တနင်္သာရီမြို့နယ်အစပ်က လယ်သစ်ရွာဘက်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ PDF တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More