Saturday, July 27, 2024

လားရှိုးမြို့မှာ MNDAA ကင်းလှည့်... လွိုင်ကော်က စစ်ကောင်စီတပ်ကို KNDF တိ...


လားရှိုးမြို့မှာ MNDAA ကင်းလှည့်... လွိုင်ကော်က စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက် ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၂၈- ၇- ၂၀၂၄)

ရှမ်းမြောက်ဒေသ၊ လားရှိုးမြို့လုံခြုံရေးအတွက် တော်လှန်ရေးတပ်တွေက ကင်းလှည့်ပြီးလုံခြုံရေး ယူပေးနေတယ်လို့ MNDAA - မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က ဗီဒီယို သတင်း ထုတ်ပြန်ပါတယ်။ 

အစောပိုင်းထုတ်ပြန်ချက်ထဲမှာတာ့ ခလရ ၄၁ နဲ့ စစ်အင်ဂျင်နီယာတပ် ၉၁၂ ကို သိမ်းပိုက်တဲ့ ဗီဒီယိုတွေ ထုတ်ပြန်ထားပြီး မြို့တွင်းလူထုကို ကူညီပေးနေတဲ့ပုံတွေကိုလည်း ဖေါ်ပြထားပါတယ်။

ခလရ ၄၁ ကို သိမ်းပိုက်စဉ် မော်တာတွေ၊ လောင်ချာတွေနဲ့ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေ ရာနဲ့ချီရရှိတဲ့ ဗီဒီယို မှတ်တမ်းကိုလည်းတွေ့ရပါတယ်။

ဒါ့အပြင် ဟိုပိတ် တိုးဂိတ်ကို ၂၆ ရက်နေ့ ညနေ ၆ နာရီမှာ ထိုးစစ်ဆင်ပြီး ၇ နာရီမှာ သိမ်းပိုက်လိုက်တယ်၊ စစ်ကောင်စီ စစ်သား အလောင်းတွေကို ရှင်းထုတ်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဖက်ကတော့ လားရှိုးက ရမခ ကို MNDAA က သိမ်းပိုက်တယ်ဆိုတဲ့သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ၂ ရက်ဆက်တိုက် ငြင်းဆိုပြီးနောက် ဇူလိုင် ၂၇ မှာတော့ ထပ်မံ ငြင်းဆိုတဲ့သတင်း မကြားရသေးပါဘူး။

ဒါ့အပြင်...

- ကျောက်မဲနဲ့ မိုးမိတ်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး မိုးကုတ်မှာ ထွက်ပြေးနေတဲ့ စစ်သားတွေဆီက လက်နက် ၄ လက်က သိမ်းမိ...

- မိုးကုတ်မြို့သိမ်းတိုက်ပွဲအကြောင်း မှတ်တမ်းဓာတ်ပုံတွေ PDF မိုးကုတ်ဗျုုဟာက ထုတ်ပြန်...

- မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း သပိတ်ကျဉ်းနဲ့ မိုးကုတ်မြို့အကြား စစ်ကောင်စီ လမ်းကြောင်း ဖြတ်တောက်ရေးကို တာဝန်ယူပေးခဲ့တယ်လို့ PLA - ပြည်သူလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်...

-  လွိုင်ကော်မြို့မှာ တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီတပ်က လူနေအိမ်တွေထဲဝင်၊ ပစ္စည်းတွေယူပြီးနောက် နေအိမ်တွေကို မီးတင်ရှိ့နေတာ အိမ်ခြေ ၆၀ ကျော်ရှိနေပြီလို့ KNDF- သတိပေး...

- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF  အပတ်စဉ် (၆) သင်တန်းဆင်းပွဲနဲ့ SOF တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနား ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More